ပေကျင်းမြို့ ကိုဗစ် ထပ်တိုးကူးစက်မှု ကို ကာကွယ်ရန် အမေရိကန် ထိပ်တန်းကုမ္ပဏီ မှ အစားအစာ တင်သွင်းမှုများ တရုတ် ပိတ်သိမ်း

တရုတ်နိုင်ငံဟာ အစုလိုက် ကိုရိုနာဗိုင်းရပ်စ် ထပ်တိုးကူးစက်မှုတွေကြောင့် အမေရိကန် ထိပ်တန်း ကြက်မွေးမြူရေး ကုမ္ပဏီ က တင်သွင်း တဲ့ ကြက်သားနဲ့ ပေကျင်းရှိ Pepsi စက်ရုံကို တနင်္ဂနွေနေ့ ( ဇွန်လ ၂၁ ရက်နေ့ ) မှာ ပိတ်သိမ်းလိုက် တယ် လို့ သိရ ပါ တယ်။

ပေကျင်းမြို့ အစုလိုက် ကိုဗစ် ထပ်တိုးကူးစက်မှုကို ကာကွယ်ရန် အမေရိကန် ထိပ်တန်းကုမ္ပဏီမှ အစားအစာ တင်သွင်းမှု ကို တရုတ် ပိတ်သိမ်း

ကျန်းမာရေး အာဏာပိုင်တွေ မှ ပြောကြားချက်အရ ပေကျင်းမြို့ ရှိ အစားအစာ လက်ကားဈေးကွက် နဲ့ ဆက်စပ်တဲ့ ဗိုင်းရပ်စ် ကူးစက်မှုတွေ ကို ထိန်းချုပ်နိုင် ဖို့ ယင်းဒေသရှိ လူပေါင်း ၂ သန်းကို ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဗိုင်းရပ်စ်ကူးစက်လူနာ နောက်ထပ် ၂၂ ဦး ထပ်တွေ့ခဲ့တယ်လို့ သိရပါတယ်။

ပေကျင်းမြို့ အစုလိုက် ကိုဗစ် ထပ်တိုးကူးစက်မှုကို ကာကွယ်ရန် အမေရိကန် ထိပ်တန်းကုမ္ပဏီမှ အစားအစာ တင်သွင်းမှု ကို တရုတ် ပိတ်သိမ်း

အမေရိကန်နိုင်ငံ ရှိ Tyson Foods ကုမ္ပဏီမှ စက်ရုံတစ်ခု မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီမှ အေးခဲထား တဲ့ ကြက်သားတင် သွင်းမှုကို တရုတ်နိုင်ငံက ယာယီရပ်နား လိုက်ပြီး တရုတ်နိုင်ငံ မှာ ရောက်ရှိနေပြီးဖြစ်တဲ့ ၄င်းကုမ္ပဏီရဲ့ ကုန်ပစ္စည်းတွေ ကိုလည်း လိုက်လံ သိမ်းဆည်းသွားမှာဖြစ်တယ် လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ ပါတယ်။

ပေကျင်းမြို့ အစုလိုက် ကိုဗစ် ထပ်တိုးကူးစက်မှုကို ကာကွယ်ရန် အမေရိကန် ထိပ်တန်းကုမ္ပဏီမှ အစားအစာ တင်သွင်းမှု ကို တရုတ် ပိတ်သိမ်း

အမေရိကန် အစားအစာ နဲ့ အချိုရည် ကုမ္ပဏီကြီး PepsiCo မှ ၀န်ထမ်းများစွာ မှာလည်း ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေတာကြောင့် ပေကျင်း အခြေဆိုက် Pepsi ကုမ္ပဏီကိုလည်း ပိတ်သိမ်းလိုက်ကာ ဗိုင်းရပ်စ်ကူးစက်လူနာ နဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၈၇ ဦးကို သီးခြားခွဲထား လိုက်တယ်လို့ သိ ရပါတယ် ။

ပေကျင်းမြို့ အစုလိုက် ကိုဗစ် ထပ်တိုးကူးစက်မှုကို ကာကွယ်ရန် အမေရိကန် ထိပ်တန်းကုမ္ပဏီမှ အစားအစာ တင်သွင်းမှု ကို တရုတ် ပိတ်သိမ်း

အာဏာပိုင်တွေက နိုင်ငံတစ်ဝန်း ရှိ နေထိုင်သူတွေ ကို အိမ်မှာရှိနေတဲ့ အေးခဲထားတဲ့ အသားတွေကို စွန့်ပစ်လိုက် ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က သတိပေး ကြေညာခဲ့ ပါတယ် ။ အာဏာပိုင်တွေဟာ စားသောက်ဆိုင်များ၊ စူပါမားကတ်များ၊ ဈေးကွက်များ နဲ့ အစားအစာ သယ်ယူပို့ဆောင်ရေးမှ ၀န်ထမ်းတွေ ကို အဓိက ပစ်မှတ်ထားကာ ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပေကျင်းကျန်းမာရေး ကော်မစ်ရှင်က ပြောကြားခဲ့ပါတယ် ။ cna.com

Add a Comment

Your email address will not be published. Required fields are marked *