တောင်ကိုရီးယားကို ဝင်တိုက်မယ့်ကိစ္စကို ကင်ဂျုံအန် ရပ်ဆိုင်း ( နှစ်နိုင်ငံတင်းမာမှု နောက်ဆုံးရ သတင်း )

တောင် ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူမယ့် အစီအစဉ်တွေ ကို မြောက်ကိုရီးယားက ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ် လိုက် တယ် လို့ ကေစီအန်အေ သတင်း ဌာန က ဇွန် ၂၄ ရက် မှာ ထုတ်ပြန်လိုက် ပါ တယ်။

နှစ်နိုင်ငံနယ်စပ် မှာ မကြာခင် က ပြန်တပ်ဆင်ထား တဲ့ အသံချဲ့စက်တွေ ကိုလည်း မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ပြန်ဖြုတ်နေတယ် လို့ သတင်းက ဖော်ြ ပပါတယ်။

တောင်မြောက်ကိုရီးယား

ဇွန် ၂၃ ရက်က ဗဟိုစစ်ကော်မရှင် ဗွီဒီယိုကွန်ဖရင့်အစည်းဝေးကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ဦးစီးကျင်းပရာမှာ လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ပြီးနောက် စစ်ရေး အစီအမံတွေ ကို ယာယီ ရပ်ဆိုင်း လိုက်တယ် လို့ ကေစီအန်အေ က သတင်း ထုတ်ပြန်တာပါ ။ အဲဒီနောက် စစ်ပွဲရှောင်လွှဲနိုင်မယ့် အစီအမံတွေကို ဆွေးနွေးခဲ့တယ် လို့လည်း ကေစီအန်အေ က အစီရင် ခံပါတယ်။

တောင်ကိုရီးယားကို ဝင်တိုက်မယ့်ကိစ္စ ကို ကင်ဂျုံအန် ရပ်ဆိုင်း

တောင်ကိုရီးယားမှာ ရှိနေတဲ့ မြောက်ကိုရီးယား ပြည်ပြေး အုပ်စုတွေက ဝါဒဖြန့်စာရွက်တွေ မြောက်ကိုရီးယားဆီ ပေးပို့တာကို အကြောင်းပြုပြီး တောင် နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြား နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *