တောင်တရုတ်ပင်လယ် ကို အခြေပြုပြီး ထင်သလောက် ခြယ်လှယ်ခွင့်မရမှုကြောင့် ပဋိပက္ခဖြစ်ဖို့များနေ တဲ့ တရုတ် နဲ့ အမေရိကန်

တရုတ် – အိန္ဒိယ စစ်ဖြစ်နိုင်မယ့် အလားအလာ အများဆုံး ပဋိပက္ခကြီးကတော့ စာရွက်ပေါ် မှာ ပြီးဆုံးသွားခဲ့ပါပြီ။ တရုတ် နဲ့ အိန္ဒိယ ထိပ်သီး တပ်မတော် အရာရှိတွေ ရက်တော်တော်ကြာကြာ ညှိနှိုင်းပြီးနောက် အငြင်းပွားမှု ဖြစ်လာ ခဲ့ရင် နှုတ်အားဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ၊ လက်ရှိ တင်းမာနေ တဲ့ အခြေအနေ ကို နှစ်ဖက်စလုံး ဖြေလျှော့ရေး စတဲ့ အချက်တွေ ပါဝင်ခဲ့ ပါ တယ် ။

တောင်တရုတ်ပင်လယ် ကို အခြေပြုပြီး ထင်သလောက် ခြယ်လှယ်ခွင့်မရမှုကြောင့် ပဋိပက္ခဖြစ်ဖို့များနေ တဲ့ တရုတ် နဲ့ အမေရိကန်

အာရှရဲ့ သြဇာတိက္ကမ ကို လွှဲယူဖို့ အတွက် တရုတ်ကြီးဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ် ကတည်း က ခြေလှမ်း သွက်သွက် နဲ့ လှုပ်ရှား ခဲ့ပေမယ့် ၊ ထင်သလောက် ခရီးမပေါက် ပါဘူး။ ကုန်းတွင်းပိုင်း နယ်မြေတွေကို စစ်ရေးအရ ဖိအားပေးမှုတွေ အပါအဝင်၊ တာင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ် ၊ ပစိဖိတ် အစပ်ထိ ရေပိုင်နက် အငြင်းပွားမှုတွေ ဆက်တိုက် ဖန်တီးနေ ပါ တယ် ။

စောစောကပြော သလို တရုတ်တို့ ထင်သလောက် ခရီးမပေါက်ပါဘူး။ သို့သော်လည်း နွမ်းပါးတဲ့နိုင်ငံတော်တော်များများဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးသြဇာခံတွေ တဖြည်းဖြည်း ဖြစ်လာခဲ့ရာ အာဖရိက နဲ့ အာရှနိုင်ငံတော်တော် များများ တရုတ်ဘက် ပါလာ ခဲ့ပါတယ် ။ အမေရိကန်နဲ့ ဥရောပက ဒီခြေဒီလက်ကို မြင်လို့ တရုတ်ရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ နဲ့ တခြား ရုပ်ပိုင်းဆိုင်ရာ စီးပွားရေးတချို့ ကို ပိတ်ပင်ခဲ့ ပါတယ်။

တောင်တရုတ်ပင်လယ် ကို အခြေပြုပြီး ထင်သလောက် ခြယ်လှယ်ခွင့်မရမှုကြောင့် ပဋိပက္ခဖြစ်ဖို့များနေ တဲ့ တရုတ် နဲ့ အမေရိကန်

အာရှမှာလည်း အမေရိကန်နဲ့ ဥရောပတို့နဲ့ သံခင်းတမန်ခင်း ပြေလည်တဲ့နိုင်ငံတွေ ဟာ တရုတ် အလိုမကျစရာ ဖြစ်နေ ပါတယ် ။ ဒါကြောင့် တရုတ်ရဲ့ခြေလှမ်းဟာ ထင်သလောက် ခရီးမပေါက်ဖူး ဖြစ်နေ တာ ပါ ။ အခုလည်း တောင်တရုတ် ပင်လယ် မှာ သူတို့ ခြယ်လှယ်ဖို့ ကြိုးစားနေပေ မယ့် အမေရိကန် ရဲ့ ကြားဝင်ပတ်သက်မှုက စိတ်ဆိုးဒေါသ ထွက်စရာ ဖြစ်စေခဲ့ ပါတယ် ။ ယူကေကလည်း ကန်နဲ့ အတူတူ ကပ်ပါလာ တတ်လို့ပါ ။

တောင်တရုတ်ပင်လယ် ကို အခြေပြုပြီး ထင်သလောက် ခြယ်လှယ်ခွင့်မရမှုကြောင့် ပဋိပက္ခဖြစ်ဖို့များနေ တဲ့ တရုတ် နဲ့ အမေရိကန်

(၂၀၁၈)ခုနှစ် စက်တင်ဘာ ကတည်းက တရုတ်-အမေရိကန် ရေတပ်သင်္ဘောတွေဟာ တဖြည်းဖြည်း ရှေ့တိုးပြီး မျက်နှာချင်းဆိုင် အနေအထားနဲ့ ရင်ဆိုင်ခဲ့ကြပါတယ်။ ယမန်နှစ် စက်တင်ဘာက အမေရိကန်ရဲ့ နယ်စည်းမခြား လေ့ကျင့်ရေး စစ်သင်္ဘောဖြ စ်တဲ့ USS Decatur ဟာ တရုတ် စစ်သင်္ဘော Lanzhou ကို (၄၁)မီတာ အကွာအဝေးကနေ နောက်က ထပ်ကြပ်မကွာ လိုက်ခဲ့တဲ့ဖြစ်စဉ် က အလွန် စိုးရိမ်ဖို့ ကောင်း ပါ တယ် ။

တောင်တရုတ်ပင်လယ်အရေး လေ့လာနေတဲ့ National Institute for South China Sea Studies မှ ဥက္ကဌဖြစ်သူ Wu Shicun က ဒီအနေအထားဟာ အမြန်ဆုံး လက်နတ်နဲ့ဖြေရှင်းတဲ့ ပဋိပက္ခအဖြစ် အမြန်ဆုံးအသွင်ပြောင်းစေနိုင်တယ်လို့ သတိပေးခဲ့ ပါတယ် ။ သူက South China Morning Post သတင်းစာနဲ့တွေ့ဆုံစဉ်မှာ ဒီအကြောင်းကို ထောက်ပြခဲ့ တာပါ။

တောင်တရုတ်ပင်လယ် ကို အခြေပြုပြီး ထင်သလောက် ခြယ်လှယ်ခွင့်မရမှုကြောင့် ပဋိပက္ခဖြစ်ဖို့များနေ တဲ့ တရုတ် နဲ့ အမေရိကန်

Wu က ” တောင်တရုတ် ပင်လယ် မှာ အမေရိကန် ပဲ့ထိန်းဒုံး ဖျက်သင်္ဘော USS Decatur နဲ့ တရုတ်စစ်သင်္ဘော Lanzhou တို့ တိုက်မိလုခမန်း ဖြစ်စဉ်က … စစ်ရေးအရ တင်းမာမှုအရှိန်တွေ ပိုပြီးမြင့်တက်လာခဲ့တာလို့ ကျနော်ကတော့ မြင် ပါတယ် … ဒီအခြေအနေ က ထိန်းမရ သိမ်းမရ ဖြစ်သွားရင် နှစ်နိုင်ငံ ဆက်ဆံရေး ပြိုကွဲတော့ မှာပါ … ဒါက ဒီအတိုင်း ငြိမ်နေတာထက် အပြန်အလှန် ဆွေးနွေးရမယ့် ကိစ္စပါ “လို့ ပြောခဲ့ ပါတယ်။

တောင်တရုတ်ပင်လယ် ကို အခြေပြုပြီး ထင်သလောက် ခြယ်လှယ်ခွင့်မရမှုကြောင့် ပဋိပက္ခဖြစ်ဖို့များနေ တဲ့ တရုတ် နဲ့ အမေရိကန်

လွန်ခဲ့တဲ့ (၂)နှစ်က အမေရိကန်ဟာ တောင်တရုတ် ပင်လယ် အတွင်း မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ သူနဲ့ ပလဲပနံသင့်တဲ့ နိုင်ငံပေါင်းများစွာကို ဒီစစ်ရေးလေ့ကျင်မှုမှာ ပူးတွဲပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ ပါတယ်။ တရုတ်ကြီးက အပြင်းအထန် ကန့်ကွက်ခဲ့သလို၊ ရုရှားကလည်း ဒီကိစ္စဟာ မလိုအပ်ဘဲ ထိခိုက်ပျက်စီးမှုတွေကို ဦးတည်စေလိမ့်မယ်လို့ သတိပေးခဲ့ ပါတယ်။

နောက်တော့ အမေရိကန်က ဒီ အစီ အစဉ် ကို ရုပ်သိမ်းခဲ့လို့သာ တင်းမာနေတဲ့ အခြေအနေက ပြန်မြုံသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပဋိပက္ခက တကယ် ချုပ်ငြိမ်းသွားခဲ့တာမဟုတ်ဘဲ၊ တောင်တရုတ် ပင်လယ် နဲ့ နီးစပ်တဲ့ရေပိုင်နက်တွေကို အပိုင်စီးချင်နေတဲ့ တရုတ်ရဲ့အကြံက မပျက်သေးသလို၊ အမေရိကန်ကလည်း စစ်သင်္ဘောတွေကို ပြန်မခေါ်သေးပါဘူး။ ယူကေကလည်း ဒီအထဲ မှာ ပါနေလို့ အခြေအနေ က တင်းမာနေ ဆဲပါ။

လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *