အိန္ဒိယ ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်လာပြီ ..(၁) ရက်အတွင်း ကူးစက်သူ (၁၇၀၀၀) ကျော်ကာ စုစုပေါင်း ကူးစက်သူ (၅) သိန်းကျော်လာ

အိန္ဒိယ ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပျံ့နှံ့မှု မှာ ကမ္ဘာ့ စတုတ္ထအ များဆုံးနိုင်ငံ ဖြစ်ပြီး သူ့အထက် မှာ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားတို့ပဲ ရှိတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထား ပါ တယ် ။

အိန္ဒိယနိုင်ငံ မှာ ပြီး ခဲ့ တဲ့ ၂၄ နာရီ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၇၀၀၀ ကျော် ထပ်တိုးလာပြီး ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၅သိန်းကျော်အထိ မြင့်တက်ရောက်ရှိ လာတယ် လို့ ကျန်းမာရေး ၀န်ကြီးဌာနမှ စနေနေ့ ( ဇွန်လ ၂၇ ရက်) ဖော်ပြထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။ သေဆုံးသူကလည်း ဒီနေ့ ၁ ရက်တည်း ၂၃ ဦးအထိ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူက ၁၅၀၀၀ ကျော်သွားပြီလို့ သိ ရ ပါ တယ် ။

စုစုပေါင်း ကူးစက်သူ (၅) သိန်းကျော်လာ

အိန္ဒိယနိုင်ငံ ဟာ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ စတုတ္တမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနမှ ဖော်ပြထားချက် အရ သိ ရပါတယ် ။ အိန္ဒိယ မှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ ဆက်လက်မြင့်မားနေဦးမယ် လို့ မျှော်လင့် ရတာကြောင့် အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုထက် ဗိုင်းရပ်စ်ကူးစက်သေဆုံးမှု လျော့ကျသွားစေဖို့ ဦးစားပေးသင့်ကြောင်း ကျွမ်းကျင်သူတွေက ဆို ပါ တယ် ။

စုစုပေါင်း ကူးစက်သူ (၅) သိန်းကျော်လာ

“ကျွန်တော်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေ ကို ကာကွယ်ဖို့ ဦးစားပေး သင့်တယ် ၊ ဘာကြောင့်လဲ ဆိုတော့ ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက်ဟာ ဆက်တိုးနေဦးမှာ ဖြစ်တယ်”လို့ အိန္ဒိယနိုင်ငံ ကူးစက်ရောဂါ ဆိုင်ရာ အင်စတီကျူ့မှ ဒါရိုက်တာ Dr Manoj Murhekar က ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံဟာ လာမယ့်ဇူလိုင် ၁၅ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၇၇၀၀၀၀၀ နဲ့ သေဆုံးသူ ၉၂၅၀၀၀ ထိရှိလာ လိမ့်မယ်လို့ မီချီဂန် တက္ကသိုလ် ဇီဝဗေဒဆိုင်ရာ ပါမောက္ခ Bhramar Mukherjee ဦးဆောင်တဲ့ Covid-19 လေ့လာရေး အဖွဲ့က ခန့်မှန်းထား ပါ တယ် ။ ဗိုင်းရပ်စ်ကူးစက်လူနာ အရေ အတွက်တွေ မြင့်တက်လာတာ နဲ့ အမျှ နယူးဒေလီလို မြို့ကြီးအချို့မှာ Covid-19 လူနာ ထားရှိဖို့ နဲ့ ကုသဖို့အတွက် ကုတင်ထောင်ပေါင်းများစွာ နဲ့ ယာယီအဆောက် အဦးတွေ ဆောက်လုပ်ဖို့နေရာ ရှာဖွေနေကြ ပါ တယ် ။

စုစုပေါင်း ကူးစက်သူ (၅) သိန်းကျော်လာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံတွင်း ရှိ ဆေးရုံတွေမှာ ဗိုင်းရပ်စ်ကူးစက် လူနာတွေ နဲ့ ပြည့်နေပြီး ယာယီဆေးရုံတွေ ဖွင့်လှစ် ထား ရတာကြောင့် ဆေးဘက်ဆိုင်ရာ ၀န်ထမ်းမလုံလောက်မှု အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နေ ပါတယ် ။ အိန္ဒိယနိုင်ငံ မှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၅၁၀၆၇၂ ဦး ၊ သေဆုံးသူ ၁၅၇၁၂ ဦး ရှိနေပြီ ဖြစ်တယ်လို့ တရား ၀င်ဖော်ပြထားတဲ့ အချက် အလက်တွေ အရ သိရ ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *