တရုတ်စစ်တပ် နဲ့ ကွန်မြူနစ်ပါတီ အတွက် သူလျှိုလုပ်နေတဲ့ တရုတ် ကုမ္ပဏီ စာရင်းကို အမေရိကန်ဖော်ထုတ်လိုက်

အ စ ထွက် လာပြီဖြ စ် တဲ့ စာရင်း

ထရမ့် အစိုးရ က တရုတ် ထိပ်တန်း ကုမ္ပဏီတွေဖြစ် တဲ့ Huawei နည်းပညာ နဲ့ Hikvision ခေါ်တဲ့ ရုပ်သံစောင့်ကြပ် ကြည့်ရှုရေး ကုမ္ပဏီစတာတွေဟာ တရုတ်စစ်တပ်အပိုင် သို့မဟုတ် ထိန်းချုပ်ထား တဲ့ ကုမ္ပဏီတွေ ဖြစ်နေတယ် လို့ ခိုင်ခိုင်မာမာ ပြောလိုက် ပါတယ်။ ဒါဟာ တရုတ်အပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့ အမေရိကန်တို့ အစပြု အုတ်မြစ်ချ လာ တာ ဖြစ် ပါ တယ် ။

ဝါရှင်တန်ဟာ Huawei နဲ့ Hikvision ကို မနှစ်ကတည်းက အမျိုးသား လုံခြုံရေးအတွက် စိတ်မချရမှုနဲ့ နာမည်ပျက်စာရင်း သွင်းခဲ့ပြီးသားဖြစ်တဲ့အပြင် သူ့ရဲ့မဟာမိတ်တွေ အနေနဲ့ ဟွာဝေးရဲ့ 5G ကွန်ရက် စနစ် စီမံကိန်း နဲ့ ကင်းအောင်နေဖို့ ဦးဆောင် ဆော်ဩနေခဲ့ ပါတယ် ။ ဝါရှင်တန် အစိုးရ က တရုတ် စစ်တပ် ကျောထောက်နောက်ခံ ပြုပေးထားတယ် လို့ စွပ်စွဲထားတဲ့ တရုတ်ကုမ္ပဏီ၂၀ စာရင်းကို ရိုက်တာသတင်းဌာနက စတင် ထုတ်ဖော် ရေးသားလိုက် ပါတယ် ။ ဒီစာရင်းကို ရိုက်တာဟာ ကာကွယ်ရေးဌာန တစ်ခုဆီကနေ ရရှိခဲ့တာပါ ။

အ စ ထွက် လာပြီဖြ စ် တဲ့ စာရင်း

အမေရိကန် ရဲ့ သတ်မှတ်ချက် စာရင်း

ကာကွယ်ရေးဌာနရဲ့ စာရင်းထဲမှာ -China Mobile Communications Group, China Telecommunications Corp, လေယဉ် ထုတ်လုပ်တဲ့ Aviation Industry Corp of China စတာတွေ ပါဝင်နေ ပါတယ် ။ ဒီစာရင်းသတ်မှတ်ချက်တွေကို ကာကွယ်ရေးဌာနက ရေးဆွဲ ခဲ့ တာပါ ။ တရုတ်စစ်တပ် PLA ပိုင် သို့မဟုတ် PLA ထိန်းချုပ် ထားတဲ့ ကုန်သွယ်စီးပွားလုပ်ငန်း၊ ကုန်ထုတ်လု ပ်ငန်း၊ ပို့ကုန်လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး စာရင်းပြုစုဖို့ ၁၉၉၉ ခုနှစ်က တာဝန်ပေးအပ်ထား ခဲ့တဲ့ ဥပဒေအရ ရေးဆွဲခဲ့တာဖြစ် ပါတယ်။

ပင်တာဂွန်ရဲ့ သတ်မှတ်ချက် စာရင်းဟာ ဒဏ်ချမှတ်ဖို့ တိုက်ရိုက် လုပ်နိုင် တာ မဟုတ်ပေမယ့် သမ္မတအနေနဲ့ စီးပွားရေး ဒဏ်ခတ်မှု၊ ပိတ်ဆို့မှုတွေကိုတော့ လုပ်မယ်ဆိုရင် လုပ်နိုင်ပါတယ်။ သမ္မတဟာ စာရင်းထဲမှာ ပါနေတဲ့ ကုမ္ပဏီတွေ ရဲ့ အလုံးစုံသော ထုတ်ကုန်၊ ထွက်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပိတ်ဆို့နိုင်ပါတယ်။ Huawei, China Mobile, China Telecom, AVIC နဲ့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးဟာ ဒီစာရင်း ပေါ်ထွက်လာ တဲ့ အပေါ် မှာ တိတ်ဆိတ်နေကြ ပါတယ်။ ရိုက်တာ ကို မှတ်ချက် တစုံတရာ မပေးခဲ့ကြပါဘူး။ Hikvision ကတော့ ဒါဟာ “အခြေအမြစ် မရှိတဲ့ မှတ်ချက်” လို့ပြော ပါတယ်။ သူတို့ဟာ တရုတ် စစ်တပ်ရဲ့ ကုမ္ပဏီ မဟုတ်သလို စစ်ဘက်ဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) တွေကိုတောင် လုပ်မပေးဖူး ပါဘူး။ ဒါပေမဲ့ ဒီလိုမှတ်ချက် ဖြစ်လာရတဲ့ ကိစ္စအပေါ် အမေရိကန် အစိုးရနဲ့အတူ ဖြေရှင်းဖို့ လုပ်ဆောင်ပါ့မယ်လို့ ပြော ပါတယ် ။

ဝါရှင်တန်ဟာ ဘေဂျင်းအစိုးရ နဲ့ နည်းပညာဆိုင်ရာရယ် ၊ ကုန်သွယ်ရေး ကိစ္စတွေရယ် နိုင်ငံခြားရေး မူဝါဒတွေရယ် နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ များပြားနေချိန် ဖြစ်နေပါတယ်။ ဒီလိုအချိန်မှာ ပင်တာဂွန်အနေ နဲ့ ဒီစာရင်းတွေကို ထုတ်ပြန်ပေးဖို့ နိုင်ငံရေး နှစ်ပါတီစလုံး ရဲ့ အမတ်တွေက တစ်ဆင့် ဖိအားပေးလာတာကို ခံနေရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော် အမတ် Chuck Schumerနဲ့ ရီပါတ်ဘလစ်ကန်က အထက်လွှတ်တော် အမတ် Tom Cotton ရယ်၊ ရီပါတ်ဘလစ်ကန် ကိုယ်စားလှယ် Mike Gallagher ရယ်တို့ဟာ ကာကွယ်ရေးဝန်ကြီး Mark Esper ဆီကို စာရေးသားခဲ့ကြပါတယ်။ အရပ်ဘက်ဆိုင်ရာ နည်းပညာတွေကို စစ်ရေးကိစ္စတွေအတွက် အသုံးပြုနိုင်ဖို့အရေး တရုတ်အစိုးရဟာ တရုတ် ကုမ္ပဏီတွေကို ဖွဲ့စည်းစာရင်းသွင်းပြီး နောက်ကွယ်ကနေ ကြိုးကိုင်ဖို့ လုပ်လာတဲ့အပေါ်မှာ သူတို့အနေနဲ့ သောကမကင်း ဖြစ်နေတဲ့ အကြောင်းကို ရေးသားခဲ့တာပါ။

အ စ ထွက် လာပြီဖြ စ် တဲ့ စာရင်း

အဲ့ဒီ စာထဲမှာ ဒီစာရင်းတွေကို နောက်ဆုံးအခြေအနေ နဲ့ကိုက်ညီအောင်ပြုစုပြီး အများ သိအောင် ထုတ်ပြန်ပေးဖို့ အရေးကို ဆောလျင်စွာ လုပ်ဆောင်ပေးဖို့ပါ တောင်းဆိုထားကြပါတယ်။ ဇွန် ၂၄ ရက် (ဗုဒ္ဓဟူးနေ့) မှာတော့ Cotton နဲ့Gallagher ဟာ စာရင်းတွေ ထုတ်ပြန်ပေးတဲ့ အပေါ် ကာကွယ်ရေးဌာနကို ချီးကျူးပြောဆို လိုက်ပြီး ဒီစာရင်းတွေနဲ့အတူ ကုမ္ပဏီတွေအပေါ် သမ္မတက စီးပွားရေးဒဏ်ခတ်မှုတွေ ချမှတ်ဖို့ တိုက်တွန်းလိုက်ကြပါတယ်။

အိမ်ဖြူတော်အနေနဲ့ ဒီကုမ္ပဏီတွေကို ပိတ်ဆို့ဒဏ်ခတ် ဖို့ မှတ်ချက်မပြုသေး ပါဘူး ။ ဒါပေမဲ့ ဒီစာရင်းမှာပါတဲ့ ကုမ္ပဏီတွေ နဲ့ ဆက်ဆံရာမှာ အစိုးရအပါအဝင် ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အင်စတီကျူးရှင်းတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ သတိဝီရိယရှိကြဖို့ ဒီစာရင်းက သတိပေးနေတာဖြ စ်သလို အသုံးလည်း ဝင်လာပါလိမ့်မယ်လို့ အဆင့်မြင့် အရာရှိကြီး တစ်ယောက်က ပြောလိုက် တာတော့ ရှိပါ တယ် ။

ဒီစာရင်း ထွက်လာတာဟာ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး အုပ်စု နှစ်ခုအကြား မှာ ဆက်ဆံရေး ပိုမိုပြီး တင်းမာလာစေဖို့ ရှိနိုင် ပါတယ် ။ ဒီနှစ်ထဲမှာ ပွတ်တိုက်မှုတွေ များလွန်းပြီး ကပ်ရောဂါ ကိစ္စနဲ့ ဟောင်ကောင်အရေး တို့မှာ တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေကြတဲ့ အမေရိကန် နဲ့ တရုတ်တို့ကို ပိုလို့ တင်းမာလာစေဖို့ တွန်းပို့ပေးနေ ပါတယ် ။ ဝီဂါမွတ်စလင်မ်တွေကို တရုတ်အစိုးရက ဖိနှိပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ပိတ်ဆို့မှုဥပဒေ ပြဌာန်းဖို့ တင်လာတဲ့အပေါ် သမ္မတထရမ့်က အတည်ပြု လက်မှတ် ထိုးလိုက်တာ ကို တရုတ်ကပြန်ပြီး လက်တုံ့ပြန်ရလိမ့်မယ် ဆိုပြီး ပြီးခဲ့တဲ့အပတ်က ခြိမ်းခြောက်ခဲ့ ပါသေးတယ် ။ အခုထွက်ပေါ်လာတဲ့ စာရင်းဟာ အစပဲရှိပါသေးတယ် ။ အမေရိကန်ပြည်ထောင်စု ရဲ့ အမျိုးသား လုံခြုံရေးနဲ့ စီးပွားရေးကို ခြိမ်းခြောက်လာနေတဲ့ တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီကို အထောက်အပံ့ပေးနေတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီနဲ့ အစိုးရထိန်းချုပ်တဲ့ ကုမ္ပဏီတွေပါလို့ ပြည်သူကို သတိပေးရလောက်အောင် အချက်အလက် မပြည့်စုံသေးပါဘူး ဆိုပြီး ရီပါတ်ဘလစ်ကန် ဆီးနိတ်အမတ် Marco Rubio က ထည့်ပြောထား ပါတယ်။ သူက ဝီဂါ ဥပဒေကို တင်တဲ့သူဖြစ်ပြီး သူ့တင်ပြ ချက်ထဲမှာ ဖော်ပြပြောဆိုထားတာပါ။ ဆိုလိုတာကတော့ အပိုင်သေချာအောင် ပြောစေချင်နေပုံ ရပါတယ်။

မီးမောင်းထိုးပြခြင်း

ဒီစာရင်းဟာ အမေရိကန်နိုင်ငံထဲ မှာ ရောက်နေတဲ့ တရုတ်ကုမ္ပဏီတွေ နဲ့ ပူးပေါင်း လုပ်ဆောင်နေကြတဲ့ အမေရိကန် ကုမ္ပဏီတွေကို မီးမောင်းထိုးပြလိုက်တာ ပါပဲ။ ၂၀၁၂ မှာ အမေရိကန် အခြေစိုက် General Electric Co ဟာ တရုတ်တို့ရဲ့ AVIC ဆိုတဲ့ ကုမ္ပဏီနဲ့ ၅၀/၅၀ စီ ပူးပေါင်းခဲ့ပါတယ်။ တရုတ်တို့ရဲ့ C919 ခရီးသည်တင် ဂျက်လေယာဉ် တည်ဆောက်ရေး စီမံကိန်း အတွက် စက်ပစ္စည်းတွေ တင်သွင်းပေးဖို့ ပူးပေါင်းခဲ့ပါတယ်။ CRCC လို့ခေါ်တဲ့ China Railway Construction Corp, China Aerospace Science and Industry Corp (CASIC) ဟာလည်း စာရင်းမှာ ပါနေပါတယ်။ ဒီကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ရထားထုတ် လုပ်တဲ့ ကုမ္ပဏီပါပဲ ။ CRCC ဟာ ဘော့စတွန်၊ ဖီလာဒဲဖီးယား၊ ချီကာဂိုနဲ့ လော့စ်အင်ဂျလိတို့မှာ ရထားကိစ္စ ၊ ကန်ထရိုက်တွေ ကို ထဲထဲ ဝင်ဝင် ပါဝင်ပတ်သက်နေပြီး အောက်ဈေးနဲ့ ပြိုင်ဘက်တွေကို အလဲထိုးနေတဲ့ ကုမ္ပဏီ ဖြစ်နေပါတယ်။ ဒီကုမ္ပဏီကတော့ မေးမြန်းထားတဲ့ အပေါ် ချက်ချင်း မပြန်ကြားသေး ပါဘူး။

စာရင်းမှာ ပါနေတဲ့ ကုမ္ပဏီ အများစုဟာ အမေရိကန် လုပ်ငန်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့တွေရဲ့ ပစ်မှတ်ထဲမှာ ရောက်နေပြီးသားပါ။ Huawei နဲ့ Hikvisionကို နာမည်ပျက်စာရင်းထဲ ထည့်ထားတာဟာ အမေရိကန် လုပ်ငန်းရှင်တွေ ကို လိုင်စင် ကြိုယူခိုင်းထားတဲ့ အနေအထား ဖြစ်နေပါတယ်။ Huawei နဲ့ Hikvision ကို ပြန်ရောင်းရတော့မယ် ဆိုရင် ဝယ်ဖို့ရာ အသင့်ဖြစ်နေအောင် အချက်ပေးထားတာ ပါပဲတဲ့ ။ အမေရိကန်မှာရှိတဲ့ China Telecom (America)ရဲ့ နိုင်ငံတကာ တယ်လီကွန်း ဆက်သွယ်ရေး လုပ်ပိုင်ခွင့် ရရှိ ထားတာနဲ့ ပတ်သက်ပြီး လိုင်စင်ပြန်သိမ်းဖို့ ပြည်ထောင်စု ဆက်သွယ်ရေးမင်းကြီးရုံး (Federal Communications Commission)ကို အမေရိကန် တရားရေးဌာန နဲ့ အခြားအေဂျင်စီတွေက ပြီးခဲ့တဲ့ ဧပြီလတုန်းက ပန်ကြားထားပြီး ဖြစ် ပါတယ် ။ တယ်လီကွန်း ဆက်သွယ်ရေး ထိန်းသိမ်းကွပ်ကဲမှု အာဏာပိုင်ကတော့ အလားတူ တောင်းဆိုမှုမျိုးကို အရင်တုန်းက ပယ်ချထားခဲ့ဖူး ပါတယ် ။

အ စ ထွက် လာပြီဖြ စ် တဲ့ စာရင်း

သုံးသပ်ချက်

အမေရိကန် ရဲ့ အရေးကြီး တဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေဟာ တရုတ်တွေ နဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေဆီကနေ ထွက်သွားနိုင် ပါတယ်။ ဒါကို ရီပါတ်ဘလစ်ကန်တွေရော ဒီမိုကရက်တွေကပါ စိုးရိမ်နေကြ ပါတယ်။ စီးပွားဆက်ဆံရေး ဌာနတွေဟာ ပို့ကုန်ထိန်းချုပ်မှုကို ပြန်သုံးသပ်ပြီး အပြီးသပ် ဥပဒေရေးဆွဲဖို့ ဘာလို့ ကြာနေရသလဲလို့လည်း မေးလာကြ ပါတယ်။ တရုတ်စစ်တပ် နဲ့ ကွန်မြူနစ်ပါတီဟာ အမေရိကန်မြေပေါ်က တရုတ်ကုမ္ပဏီတွေ ကို ကြိုးကိုင်ရ င်းနဲ့ နည်းပညာ ခိုးထုတ်ဖို့ လုပ်နေကြတယ် လို့ အမတ်တွေက ပြောလာကြ ပါတယ်။ အမေရိကန်မှာ ကာကွယ်ရေးဌာနဟာ အမေရိကန် နိုင်ငံထဲမှာ ရှိတဲ့ တရုတ် ကုမ္ပဏီတွေဟာ တရုတ်စစ်တပ်နဲ့ ပတ်သက်နေခြင်း ရှိမရှိ ၊ ပြီးတော့ သူတို့ပိုင် ကုမ္ပဏီတွေ ဟုတ်မဟုတ် သို့မဟုတ် သူတို့ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေ ဟုတ်မဟုတ် ဆိုတာကို ခြေရာခံရမယ်လို့ ဥပဒေထုတ်ထား ပါတယ်။

အခု ထွက်ပေါ်လာတဲ့ စာရင်းဟာ ကာကွယ်ရေး ဝန်ကြီးဌာနက ပြုစုထားပြီး အခုမှ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ BBC ကတော့ ဒီစာရင်းဟာ ပိုကြီးထွား အရေးပါလာလိ မ့်မယ်လို့ ပြောထားပါတယ်။ ဒီစာရင်းဟာ မီးမောင်းထိုးတာ ဖြစ်သလို တပ်လှန့်သံလည်း ဖြစ်လာ ပါတယ်။ အမေရိကန်နဲ့ တရုတ် ရဲ့ တင်းမာမှုတွေဟာ လျော့ပါးဖို့ဆိုတာထက် တရိပ်ရိပ် တက်လာနေတယ်လို့သာ ပြောရ ပါမယ်။ တရုတ်ဟာ နေရာ အနှံ့အပြားမှာ အကျပ်အတည်းတွေ၊ စွပ်စွဲမှုတွေ များစွာနဲ့ ဘေးကျပ်နံကျပ် ပိုပိုဖြစ်လာနေပါတယ်။ ခုတလောမှာ China Exit လို့ခေါ်တဲ့ တရုတ် နဲ့ လက်တွဲဖြုတ်သူတွေဟာ များသည်ထက်များလာ နေပါတယ် ။ ကင်ညာက ၃ ဒသမ ၂ ဘီလီယံတန် ရထားလမ်း စီမံကိန်းဟာလည်း ကင်ညာပြည်သူတွေ ကန့်ကွက်လို့ ပျက်သွား တယ်ဆိုတာ သိရ ပါတယ် ။ အမေရိကန် ဆီးနိတ်အမတ် မာကိုရူဘီယိုကတော့ ခုပေါ်လာတဲ့ စာရင်းဟာ အစပဲ ရှိပါသေးတယ်လို့ ဆိုတဲ့ အတွက် ဘာစာရင်းတွေ ထပ်ထွက်လာဦးမလဲ ၊ ဘယ်လောက်အထိ အရေးယူ ဆောင်ရွက်မလဲ ဆိုတာ ကို ဆက်လက်စောင့်မျှော် ကြည့်ရှုရမှာ ဖြစ် ပါတယ် ။

PiLon

Add a Comment

Your email address will not be published. Required fields are marked *