တိုင်းပြည် အပေါ် တာဝန်ကျေ ခဲ့တဲ့ စစ်သား တစ်ဦးရဲ့ ရင်နာစရာ အပြည့် နဲ့ ဘဝ သံဝေဂ

ဘဝ မှာ စစ်‌သားဘဝ ပြန်‌စဉ်းစာ လိုက်‌‌တော့ ဝမ်းနည်းစရာ ရင်‌နာစရာ အပြည့်‌နဲ့ ပါဘဲ ။ ရာထူး တစ်‌ဆင့်‌ရဘို့ ကြိုးစား ရတာလည်း ပင်‌ပန်းလှတယ်‌ ။ ဒုဗိုလ်‌ဘဝ စစ်‌တိုက်‌ရဲ မှ တပ်‌ရင်းမှူးကြိုက်‌ မှာ မို့ အသက်‌စွန့်‌ပြီး အကြိမ်‌ကြိမ်‌ တိုက်‌ခဲ့တယ်‌။ အမှု မဖြစ်‌‌အောင်‌လည်း‌နေ ခဲ့ရတယ်‌။ သက်‌စွန့်‌ဆံဖျား တိုက်‌လိုက်‌ ရတာ။ စွမ်းရည်‌ဘွဲ့အတွက်‌ကြ‌တော့ လူကြီးနား‌နေ ‌သေနတ်‌‌တောင်‌ မ‌ဖောက်‌လိုက်‌ ရဘဲ ရတဲ့သူ ရသွားတ ယ်‌ ။‌ သေ‌လောက်‌‌အောင်‌ လုပ်‌ခဲ့သူက မရဘူး။ ဒီထဲက သိပါတယ်‌ ဖားနိုင်‌ မှလူကြီးသိမှ‌ မြောက်‌စားခံ ရတာ ။ ဗိုလ်‌ကြီးဘဝ ဗိုလ်‌မှူးဘဝ တိုက်‌ ရတာ တဘက်‌နိုင်‌ငံထဲ‌ကျော်‌ သွားမိ လို့ အ‌ရေးယူခံရ ဘို့လည်း အကြိမ်‌ကြိမ်‌ကြုံ ရ ပါ တယ်‌ ။ ထမင်းငတ်‌တဲ့ ဘဝ အကြိမ်‌ကြိမ်‌ပါဘဲ။

တိုင်းပြည် အပေါ် တာဝန်ကျေ ခဲ့တဲ့ စစ်သား တစ်ဦးရဲ့ ရင်နာစရာ အပြည့် နဲ့ ဘဝ သံဝေဂ

တပ်‌ရင်းမှူးဖြစ်‌‌တော့‌ လည်း တပ်‌ရင်းမှူး တုံး‌ကျော်‌ ဘို့မလွယ်‌ဘူး။ တိုက်‌ပွဲ‌ပေါင်း ၂၀‌ ကျော်‌ ကိုယ်‌တိုင်‌ ပါဝင်‌ပြီး တိုက်‌ခဲ့ရတယ်‌။‌ သေနတ်‌ အလက်‌‌ပေါင်း ၆၀‌ ကျော်‌ရခဲ့တယ်‌။ တစ်‌ဦးချင်းချီး ကျူးဂုဏ်‌ပြုမရဘူး။ တစ်‌ရင်းလုံးနာမည်‌နဲ့ချီး ကျူးဂုဏ်‌ပြုရ ခဲ့တယ်‌။‌ တော်‌တဲ့ တပ်‌ရင်‌မှူး‌ပေါ့ ။‌

နောက်‌ တပ်‌မမှူး‌ရောက်‌ လာတယ်‌ တပ်‌စုမှူး‌လေး တိုက်‌ပွဲဖြစ်‌ပြီး MA2 တစ်‌‌လက်‌ ရန်‌သူ့‌နောက်‌ ပါဆုံးရှူံးတယ်‌ ။ တပ်‌ရင်းမှူးက သတိ‌ပေး ဆုံးမခံရတယ်‌။ ကာကွယ်‌‌ရေးဦးစီး ချုပ်‌လက်‌မှတ်‌ရ တာ‌တောင်‌ တပ်‌မမှူး သတိ‌ပေးဆုံးမရှိလို့ စစ်‌မှုထမ်း‌ကောင်းမရဘူး။ ကာကွယ်‌‌ရေးဦးစီးချုပ်‌‌ ပေးတဲ့လက်‌မှတ်‌ဟာ တပ်‌မမှူးသတိ‌ပေးဆုံးမကို မ‌ကျော်‌နိုင်‌ခဲ့ဘူး။

၂၀၀၁ မှာ ဗိုလ်‌မှူးကြီး ဗျူဟာမှူးဖြစ်‌ခဲ့ တယ်‌ လစာက ၂၂၀၀၀ိ ရတယ်‌။ သမီးကြီးက ပဲခူး‌ကောလိပ်‌၊ သားကြီးကကျိုင်း တုံ‌ကောလိပ်‌သားငယ်‌‌လေးက မိထ္ထီလာ ၉ တန်း တက်‌‌နေတယ်‌။ လစာနဲ့ မ‌လောက်‌ဘူး ။ ယခင်‌က သံလွင်‌အ‌ရှေ့ခြမ်းတပ်‌‌တွေ ယူနစ်‌ ရိက္ခာရတယ်‌ ။ မိသားစု ရိက္ခာ‌ပေါ့ ။ ၂၀၀၂ မှာဦးခင်‌ညွန့်‌ဝန်‌ကြီးချုပ်‌ဖြစ်‌‌တော့ ဖြတ်‌လိုက်‌တယ်‌။ အရာရှိမိသားစု‌တွေကအစ မိဘရပ်‌ထံပြန်‌ခွင့်‌‌တောင်းလာတယ်‌။ သူတို့လစာဘတ်‌‌ငွေနဲ့လည်း ဝယ်‌ခြမ်းစား လို့ မ‌လောက်‌ငှ‌တော့ဘူး ။ သိပ်‌ဒုက္ခ‌ရောက်‌ခဲ့တယ်‌။

ဗျူဟာမှူး ဗိုလ်‌မှူးကြီးဘဝ သမီးကြီး ကို စား‌ရေး‌သောက်‌‌ရေး အဆင်‌မ‌ပြေလို ‌ကောလိပ်‌ဆက်‌မတက်‌‌စေ‌တော့ဘဲ စာ‌ပေးစာယူဆက်‌တက်‌‌စေပြီး အလုပ်‌ဝင်‌လုပ်‌ ခိုင်းရတယ်‌။ ကုန်‌သွယ်‌လယ်‌ယာ ကွန်‌ပြူတာ စာ‌ရေးဘဝ‌ပေါ့ ။ ကုန်‌သွယ်‌ လယ်‌ယာဖျက်‌ပြန်‌‌တော့ စက်‌မှု ၁‌ ရောက်‌တယ်‌။ ယက်‌ကန်း မယက်‌နိုင်‌လို့ အလုပ်‌ထွက်‌ပြီး ပြည်‌တွင်းအခွန်‌ဦးစီးမှာ စာ‌ရေးမ ပြန်‌ဝင်‌လု ပ်‌ရတယ်‌။

တိုင်းပြည် အပေါ် တာဝန်ကျေ ခဲ့တဲ့ စစ်သား တစ်ဦးရဲ့ ရင်နာစရာ အပြည့် နဲ့ ဘဝ သံဝေဂ

ဗိုလ်‌မှူးကြီး ဘဝ ၅ နှစ်‌ ရ‌တော့ ပြည်‌တွင်း တပ်‌မ ၈၈ ပြန်‌‌ပြောင်း‌ပေးတယ်‌။ လစာနှုန်းပြင်‌‌တော ၂၀၀၀၀၀ိ ရတယ်‌။ အသက်‌ရူ‌ ချောင်‌သွားတယ်‌။ ဒါ‌ပေမဲ့ ၁၀ တန်း (ခ)‌အောင်‌နဲ့ ဗိုလ်‌ဖြစ်‌တဲ့သူ အ‌ခြေခံဘွဲ့မရှိလို့ NDC တက်‌ခွင့်‌ မရ‌တော့ ဗိုလ်‌ချုပ်‌ မဖြစ်‌ဘူး ကိုယ်‌လက်‌‌အောက်‌ကလူ‌တွေ ဗိုလ်‌ချုပ်‌ဖြစ်‌‌တော့ သူတို့‌အောက်‌မှာ တာဝန်‌ထမ်း ရတယ်‌ ။‌

ရှေ့ အတွက်‌ ရာထူး‌မျှော်‌စရာ မရှိတဲ ဘဝမိုလမ်း‌ကြောင်းသစ်‌ထွင်‌ပြီးနိုင်‌ငံ‌ရေး လမ်း‌ကြောင်း‌ပြောင်းပြီး လွှတ်‌‌တော်‌အ‌ရွေးခံခဲ့တယ်။ ကရင်‌ပြည်‌နယ်‌မဲဆန္ဒနယ်‌ ၂ အမျိုးသား လွှတ်‌‌တော်‌ အတွက်‌ ခက်‌ခက်‌ခဲခဲ အနိုင်‌ရခဲ့တယ်‌။ လွှတ်‌‌တော်‌မှာမှ ပိုပြီးခွဲခြားမှု‌တွေ‌တွေ့လာရတယ်‌။ ၅ နှစ်‌ပြည့်‌‌တော့နားလိုက်‌တယ်‌။

အခု အရပ်‌ထဲ မှာ ဂျုံ‌ခေါက်‌ဆွဲစက်‌‌လေးတစ်‌လုံး‌ထောင်‌ပြီး‌ အေးချမ်းစွာလုပ်‌ကိုင်‌စား‌သောက်‌‌နေတယ်‌။ စား‌ရေး‌ သောက်‌‌ရေး မိသားစုအ‌ရေး အဆင်‌‌ပြေတယ်‌။ စိတ်‌ပူပန်‌စရာမရှိဘူး ။ အခုမှ နားလည်‌လာတယ်‌ ။ စစ်‌သားဖြစ်‌ပြီး လွတ်‌လပ်‌‌ရေး မဆုံးရှူံး‌အော င်‌ထိန်းရတဲ့ဘဝ မှာ ကိုယ်‌ နဲ့ ကိုယ်‌လက်‌‌အောက်‌ အရာရှိ စစ်‌သည်‌‌တွေဆင်းရဲ ပင်‌ပန်းဒုက္ခ‌ရောက်‌သ‌လောက်‌ အထက်‌လူကြီး မိသားစု‌တွေက‌တော့ ချမ်းသာစီး ပွားဖြစ်‌‌နေကြတ ယ်‌။‌ သြော်‌ သံ‌ဝေ ဂရပါတယ်‌။ ဘဝဆက်‌တိုင်း စစ်‌သားမဖြစ်‌ပါရ‌စေနဲ့။ ပြည်‌သူဘဝနဲ့ မိသားစုကို ရိုးသားကျိုးစားလုပ်‌ကိုင်‌‌‌ကျွေး‌ မွေးလှူဒါန်းနိုင်‌ ဘာသာသာသနာ အကျိုးသယ်‌ပိုး နိုင်‌သူဖြစ်‌ ရပါ‌စေလို့ ။

ဗိုလ်‌မှူးကြီးကံညွန့် (ငြိမ်း)
(၂၄.၆.၂၀၂၀) – ပဲခူး

Add a Comment

Your email address will not be published. Required fields are marked *