သတင်းကောင်းပါ..ထိုင်းရောက် မြန်မာ ကျွမ်းကျင်လုပ်သား (၁၀,၀၀၀,၀၀၀) ကျော် နေရပ်ကို ပြန်လာစရာ မလိုတော့ဘူးတဲ့ ဗျာ..

လိုအပ်တဲ့ အချက်အလက်တွေ ကို ထိုင်းဖက် မှာ လိုက်ပါ ဆောင်ရွက်ပေးဖို့ ထိုင်းနဲ့မြန်မာ အစိုးရ အဖွဲ့တွေက သဘော တူညီခဲ့တာပါ ။

ကိုဗစ် ကာလ အတွင်း ထိုင်းနိုင်ငံရောက် ကျွမ်းကျင် မြန်မာ လုပ်သား တစ်သန်းကျော် အတွက် ပတ်စ်ပို့ သက်တမ်းတိုးဖို့ ကိစ္စတွေ ကို ထိုင်းနိုင်ငံမှာပဲ လုပ်ပေးသွားတော့မယ် လို့ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောလိုက် ပါ တယ် ။

ထိုင်းရောက် မြန်မာ ကျွမ်းကျင်လုပ်သား (၁၀,၀၀၀,၀၀၀) ကျော် နေရပ်ကို ပြန်လာစရာ မလိုတော့ဘူးတဲ့ ဗျာ..

“ ထိုင်းနိုင်ငံ မှာ လုပ်ငန်း ကျွမ်းကျင် တဲ့ မြန်မာလုပ်သား တစ်သန်း နဲ့ တစ်သိန်းကျော် ကျန်နေတယ် ။ ပတ်စ်ပို့ နဲ့ CI နဲ့ အလုပ်သွား လုပ်ကြတာ။ သူတို့က လေးနှစ်ပြည့်ရင် သက်တမ်းတိုး ဖို့ ဒီကိုပြန် လာ ရမယ် ။ ဒါပေမယ့် ထိုင်း အစိုးရက ပြန်မလွှတ်တော့ ဘူး ။

သက်တမ်း တိုးမယ့် ကိစ္စတွေ ကို ထိုင်း မှာပဲ လုပ်ပေးဖို့ ထိုင်းနိုင်ငံ အလုပ်သမား ဝန် ကြီး ဌာနဘက်က ညှိနှိုင်းတဲ့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနဘက်ကလည်း သဘောတူ ထား ပါတယ် ။ ဒါကြောင့် ဒီတစ်သန်းကျော် က ပြန်လာစရာ မလိုတော့ ပါဘူး ။ ဟိုမှာပဲ အလုပ်ဆက် လုပ်ရ မှာပါ ။ ”လို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောသွား တာပါ ။

ထိုင်းရောက် မြန်မာ ကျွမ်းကျင်လုပ်သား (၁၀,၀၀၀,၀၀၀) ကျော် နေရပ်ကို ပြန်လာစရာ မလိုတော့ဘူးတဲ့ ဗျာ..

လက်ရှိ အချိန် မှာ ထိုင်းနိုင်ငံကနေ ပြန်လာ ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇ သောင်းကျော် ရှိနေပြီး သူတို့ရဲ့ ကျွမ်းကျင်မှု အပေါ်မူတည်ကာ အလုပ်အကိုင် ပြပွဲတွေမှာ အလုပ်ပြန်လည် ရရှိရေး ကို ဝန်ကြီးဌာနဘက် က ဆောင်ရွက်ပေးနေတယ် လို့ဆို ပါတယ် ။

ထိုင်းရောက် မြန်မာ ကျွမ်းကျင်လုပ်သား (၁၀,၀၀၀,၀၀၀) ကျော် နေရပ်ကို ပြန်လာစရာ မလိုတော့ဘူးတဲ့ ဗျာ..

ဒါ့အပြင် ပြည်ပ မှာ ပြန်လည် သွားရောက် လုပ်ကိုင်လိုသူတွေကိုလည်း လေကြောင်းလိုင်း အခြေအနေပေါ်မူတည်ကာ အလုပ်ပြန်လည် သွားရောက် လုပ်ကိုင်နိုင်ရေး ကြိုးစားပေးနေ တယ် လို့ ဒုတိယဝန်ကြီးကဆက်လက်ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံလိုမျိုး မြန်မာလုပ်သားများစွာရှိတဲ့ အခြား နိုင်ငံတွေ မှာလည်း မြန်မာလုပ်သားတွေ ကို ပြန်မလွှတ်ဘဲ ဗီဇာသက် တမ်းတိုးပေး ဖို့ကိစ္စတွေ လုပ်ပေးဖို့ တင်ပြ လာရင်လည်း မြန်မာ အစိုးရအနေ နဲ့ တစ်ဖက်နိုင်ငံ မှာပဲ ဗီဇာသက်တမ်း တိုးပေးတာတွေ လုပ်ဆောင်ပေးဖို့ ရှိနေတယ်လို့လည်း သိရ ပါတ ယ်။

Kyaw Ko Ko Sint

Add a Comment

Your email address will not be published. Required fields are marked *