ကမ္ဘာကြီး လန့်နိုး သွား တယ်….တရုတ် ကနှိုးတာလား အမေရိကန် ကနှိုးတာလား…..

ကပ်ရောဂါကြီး နဲ့ အတူ ကပ်ရက်ပါလာ တဲ့ ဟောင်ကောင် ဥပဒေသစ်ပြုရေး အိန္ဒိယ နဲ့နယ်စပ်ပြဿနာမှာ အပြန်အလှန် တိုက်ခိုက်ကြမှု တွေ အပြင် ဘေဂျင်း ရဲ့ ဖုံးကွယ်ထား တာ နိုင်ထက် စီးနင်းလုပ် တာတွေ ကမ္ဘာကို လွှမ်းမိုးလာချင်နေတာတွေ ကြောင့် ကမ္ဘာသား တွေဟာ အိပ်ရာက လန့်နိုး လာကြပါပြီ ။ တရုပ်ကွန်မြူနစ်ပါတီ ရဲ့ရည်ရွယ်ချက် အမှန်ဖြစ် တဲ့ 5G ကွန် ရက်နည်းပညာ နဲ့ ကမ္ဘာကြီးကိုလွှမ်းမိုး တော့မယ် ဆိုတာ ကို သိလာကြ လို့ ပါပဲ …( Keith Krach , US)

“ကမ္ဘာကြီးဟာလန့်နိုးသွားပြီ တရုပ် ရဲ့ ဖုံးကွယ်မှု နိုင့်ထက် စီးနင်းပြုကျင့်မှု နဲ့ ချဲ့ထွင် လိုမှုတွေကြောင့် ပေါ့ ” လို့ အမေရိကန် ထိပ်တန်းသံ တမန် တစ်ယောက် က ပြောလိုက် ပါတယ်

ကမ္ဘာကြီး လန့်နိုး သွား တယ်…

Keith Krach ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန စွမ်းအင်ပတ်ဝန်းကျ င်နဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနက သံတမန်အရာရှိတစ်ယောက်ဖြစ်ပါတယ် ။ ကမ္ဘာတစ်ဝှမ်း က တယ်လီကွန်းအော်ပရေတာတွေနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ဟွာဝေး ရဲ့လုပ်ငန်းတွေဟာ စတင်ပျောက်ကွယ်လွင့်ပြယ်နေ ပါပြီ ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာ့နိုင်ငံတွေဟာ 5G ကွန်ရက်နဲ့ပတ်သက်လို့ ယုံကြည်စိတ်ချ ရတဲ့ ကုမ္ပဏီတွေ ကို သာလုပ်ကိုင်ခွင့်တွေပေးလာနေကြလို့ပါ ပဲဆိုပြီး သူကသတင်းဌာနတွေကို ရှင်းလင်းပြောကြားလိုက်ပါတယ် ။

ကမ္ဘာပေါ်ကနိုင်ငံခေါင်းဆောင်တွေ ကိုတကယ့် အစစ်အမှန်နဲ့ရွေးချယ်နိုင်စေဖို့ လုပ်ပေးလိုက်တာပါပဲ တဲ့ ကော်ပိုရိတ်ခေါင်းဆောင်တွေ ကိုပါအသိပေးလိုက်တာပါ လို့ဆိုပါတယ်

ကပ်ရောဂါကြီး ဟောင်ကောင် ဥပဒေသစ်ပြုရေး အိန္ဒိယ နဲ့နယ်စပ်ပြဿနာမှာအပြန် အလှန် တိုက်ခိုက်ကြမှုတွေ အပြင် ဘေဂျင်းရဲ့ ဖုံးကွယ်ထားတာတွေ နိုင်ထက်စီးနင်း လုပ်တာတွေ ကမ္ဘာကိုလွှမ်းမိုးလာချင်နေတာတွေ ကြောင့် ကမ္ဘာသားတွေဟာ အိပ်ရာက လန့်နိုးလာကြပါပြီ တရုပ်ကွန်မြူနစ်ပါတီရဲ့ ရည်ရွယ်ချက်အမှန်ဖြစ်တဲ့ 5G ကွန်ရက်နည်းပညာ နဲ့ ကမ္ဘာကြီးကိုလွှမ်းမိုး တော့မယ်ဆိုတာကို သိလာကြလို့ပါပဲ ဟွာဝေးရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာအားကုန်ခမ်းသွားရပါပြီ….

တယ်လီကွန်းဆက်သွယ်ရေးစနစ်မှာ 5G ကွန်ရက်စနစ်ဟာ ဆယ်လူလာစနစ် ရဲ့ ပဉ္စမမျိုးဆက်ဖြစ်ပြီး အခုလက်ရှိသုံးစွဲနေကြတဲ့ 4Gရဲ့ဆက်ခံမှုအဖြစ်စီမံဖော်ထုတ်ထားတာပါ

စပိန်နိုင်ငံဆက်သွယ်ရေးကုမ္ပဏီ “တယ်လီဖိုနီကာ”ရဲ့ ဆောင်ပုဒ်ဟာ “လုံခြုံမှုဟာပဓာန ” ( security is paramount ) လို့ဖြစ်ပါတယ်

အဲ့ဒိကုမ္ပဏီရဲ့ စီအီးအိုနဲ့ဥက္ကဋ္ဌဖြစ်သူ ဟိုဆေလိုပက်ဇ် Jose lopez က “တယ်လီဖိုနီကာအနေနဲ့ အသန့်ရှင်းအဖြောင့်မတ်ဆုံးကုမ္ပဏီအဖြစ်( Clean Path Co) ကို ရထားတဲ့အပေါ် ဂုဏ်ယူတယ် ။ စပိန်နဲ့ ယူနိုက်တက်ကင်းဒမ်းမှာ တယ်လီဖိုနီကာဟာ လုံးဝသန့်ရှင်းဖြောင့်မှန်တဲ့ကွန်ရက်အဖြစ်ရှိနေတယ် တယ်လီဖိုနီကာ ဘရာဇီး နဲ့ တယ်လီဖိုနီကာ ဟော်လန်တို့မှာလည်း မကြာခင်မှာ အသန့်ရှင်းဆုံးဖြစ်လာပါတော့မယ် ။ ကျွန်တော်တို့ကစိတ်မချရတဲ့ ကုမ္ပဏီတွေဆီက ပစ္စည်းတွေကို ကွန်ရက်ထဲအဝင်မခံဘူးလေ လို့ပြောပါတယ် ။

ပြီးခဲ့တဲ့အပါတ်တွေဆီက လည်း ကနေဒါရဲ့ တယ်လီကွန်းကုမ္ပဏီကြီးသုံးခုဟာ အဲရစ်ဆင်နဲ့ နိုကီယာတို့ကို ပါတနာအဖြစ်နဲ့ သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ် ဘာဖြစ်လို့လည်း ဆိုတော့ ကနေဒါရဲ့လူထုအကြံပြုချက် နဲ့ထင်မြင်ချက်တွေအရ ကနေဒါရဲ့ 5G ကွန်ရက်ထဲကို ဟွာဝေးကိုအဝင်မခံဖို့ ဆန့်ကျင်ကန့်ကွက်ကြလို့ပါပဲ

ကမ္ဘာပေါ်က အထင်ကရနိုင်ငံကြီးတွေရဲ့ အကြီးမားဆုံးတယ်လီကွန်းကုမ္ပဏီတွေဟာ သန့်ရှင်းတဲ့ တယ်လ်ကို(clean Telcos) တွေဖြစ်လာနေပါပြီ လို့ Krach ကပြောလိုက်ပါတယ် ။

ကမ္ဘာကြီး လန့်နိုး သွား တယ်…

တယ်လီဖိုနီကာတင်မကပါဘူး ပြင်သစ်ရဲ့ orange အီန္ဒိယရဲ့ reliance ausi က telstra SK KT ဂရိက Cosmote ဂျပန် NTT UK က O2 တို့ဟာလည်း သန့်ရှင်းကြပါတယ် လို့ပြောပါတယ်

နိုင်ငံတကာရဲ့ 5G ဆောင်ရွက်မှုမှာ တရုပ် ကွန်မြူနစ်ပါတီဟာ ဟွာဝေးကို မြှုပ်နှံထားချင်တာငွေရေးကိစ္စအတွက် အဓိကမဟုတ်ပါဘူး ။ နိုင်ငံတကာဟာ အလကားနေရင်း ဟွာဝေးကိစ္စကိုပြန်ပြီးသုံးသပ်လာကြတာတင်မကပဲ တရုပ်နဲ့လုပ်မယ့် လုပ်ငန်းတွေကိုပြန်သုံးသပ်လာကြပါတယ် ။ တရုပ်ကိုအမုန်းခံပြီးတော့ကို သုံးသပ်လာကြတာပါ။ သြစတေးလျကိုကြည့်ပေါ့ လို့ပြောပါတယ် ။

ဒီနှစ်ဦးပိုင်းတုန်းက ဟွာဝေးဟာ 5G ကွန်ရက်အတွက် စာချုပ်ပေါင်း ၉၁ခုချုပ်နိုင်ခဲ့ပြီးပြီလို့ ကြွားခဲ့ပါသေးတယ် ။ အဲ့ဒိစာရင်းတွေဟာတစစ နည်းပါးသွားပါတယ် ။ နိုင်ငံတွေဟာ သူ့ပြည်သူတွေရဲ့လုပ်ငန်းတွေနဲ့ ပါစင်နယ်အချက်အလက်တွေ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ အချက်အလက်တွေ ကိုကာကွယ်ပေးဖို့ လုပ်လာတာနဲ့အမျှ ဟွာဝေးနဲ့ချုပ်ထားတဲ့စာချုပ်တွေဟာ ပျက်ပျက်သွားပါတော့တယ် လို့ဆိုပါတယ် ။ အရင်ကတရုပ်ဟာ သူလိုတာမရရင် ခြိမ်းခြောက်တာတွေ ကြိမ်းဝါးတာတွေလုပ်လေ့ရှိပါတယ် သူတို့မှာ ကြီးမားတဲ့ဈေးကွက်ကြီးရှိတယ် ဒါနဲ့ ခြိမ်းခြောက်တာပါပဲ။

ကမ္ဘာကြီး လန့်နိုး သွား တယ်…

နော်ဝေးက လူတွေကိုမေးကြည့်ပါ တရုပ်ပြည်က ဒီမိုကရေစီအရေးလှုပ်ရှားသူ ကွန်မြူနစ်ပါတီကို မေးခွန်းထုတ်သူကို နိုဘယ်ဆုချီးမြှင့်တဲ့အပေါ်မှာ နော်ဝေဟာ တရုပ်ရဲ့စီးပွားရေး ဈေးကွက်ပိတ်ထားတဲ့ ဒဏ်ကိုဘယ်လောက်ကြာကြာခံရသလည်း ဆိုတာကို မေးကြည့်ပါလို့လည်း Krach က သတင်းသမားတွေကိုပြောပြပါ တယ်

တရုပ်ဟာ 5G အိပ်မက်ပျက်ပြယ်သွား ခဲ့ပါပြီ ။ အနိုင်ကျင့်ဗိုလ်ကျတတ်သူတွေဟာ သူတို့ကိုပြန်လှန်ဆန့်ကျင်ရင် နောက်ဆုတ်တပ်ခေါက်သွားတတ်သလို အနားမှာမိတ်ဆွေတွေရပ်တည်ပေးနေရင်လည်း ။ လက်လျှော့သွားတတ်ကြပါတယ် လို့ Krach ကပြောသွားပါတယ် ။

(ဟွာဝေးကို အမေရိကန်က စကားလုံး နဲ့သတ်တာ အတော်သေနေပါပြီ….)

Pi Lon

Add a Comment

Your email address will not be published. Required fields are marked *