ရုရှားပြန် ကာချုပ်ကြီး နှင့် အဖွဲ့တွင် ကိုဗစ် မတွေ့ရှိ ၊ လတ်တလော တွင် ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်နေဟုဆို

ရုရှား က စစ်ရေးပြ အခမ်းအနား ကို တက်ရောက် ခဲ့တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နေပြည်တော် ကို ပြန် လည်ရောက် ရှိတဲ့နောက် ကိုဗစ် စည်းမျဉ်း စည်းကမ်းတွေ နဲ့ အညီ နေထိုင်နေတယ် လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က အတည်ပြု ပြောကြား လိုက် ပါ တယ် ။

ရုရှားပြန် ကာချုပ်ကြီး နှင့် အဖွဲ့တွင် ကိုဗစ် မတွေ့ရှိ

ဆေးစစ်တဲ့အခါ မှာလည်း တပ်ချုပ်နဲ့ ကိုယ်စားလှယ် တစ်ဖွဲ့လုံး မှာ ကိုဗစ် ပိုးမတွေ့ရှိရကြောင်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြော ပါတယ် ။ ရုရှားနိုင်ငံ မှာ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ ၇၅ နှစ်မြောက် စစ်ရေးပြ အခမ်းအနား ကို တက်ရောက် ခဲ့တဲ့ သူတွေ အထဲ မှာ ဆားဘီးယား ကာကွယ်ရေး ဝန်ကြီးလည်း ပါဝင်ပြီး သူ့မှာ ကိုဗစ်ပိုးတွေ့ရှိရတယ် လို့ ဆားဘီးယား အစိုးရက သတင်းထုတ်ပြန်ခဲ့ တာပါ ။

ရုရှားပြန် ကာချုပ်ကြီး နှင့် အဖွဲ့တွင် ကိုဗစ် မတွေ့ရှိ

အဲဒီဆာဘီးယား ကာကွယ်ရေးဝန်ကြီး နဲ့ ထိတွေ့တာ၊ တွေ့ဆုံဆွေးနွေးတာ မရှိခဲ့သလို တပ်ချုပ်နဲ့ တွေ့ဆုံခဲ့တဲ့အစည်းအဝေးတွေကိုလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ပါတယ် ။ ကိုဗစ် စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ပြန်ရောက်ရောက်ချင်း တစ်ကြိမ်စစ်ပြီးတဲ့နောက် သုံးရက်ကြာရင် နောက်တစ်ကြိမ်ထပ်စစ်တာ၊ သုံးရက်နဲ့ ငါးရက်ကြားတစ်ကြိမ် စစ်တာမျိုးတွေ လည်းရှိပြီး မြန်မာနိုင်ငံ မှာ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန သတ်မှတ်ထား တဲ့ ၂၁ ရက်ကြာရင် ပြန်စစ်တာမျိုး ရှိတဲ့အတွက် ထပ်မံဆေး စစ်တာမျိုး ရှိကောင်းရှိနိုင်တယ် လို့ သူက ဆက်ပြော ပါတယ်။

ရုရှားပြန် ကာချုပ်ကြီး နှင့် အဖွဲ့တွင် ကိုဗစ် မတွေ့ရှိ

ဒါကြောင့် လက်ရှိမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ကွာရန်တင်း(သီးသန့်ခွဲခြားနေထိုင်ခြင်း) ဝင်နေလားလို့မေးတဲ့ အခါ မှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ နေထိုင်နေတယ်လို့ ပြော ပါတယ် ။

ရုရှားပြန် ကာချုပ်ကြီး နှင့် အဖွဲ့တွင် ကိုဗစ် မတွေ့ရှိ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ရုရှားကနေ နေပြည်တော် ကို ဇွန် ၂၅ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူနဲ့အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) က တပ်မတော်အရာရှိကြီးတွေ ပြန်လည်လိုက်ပါလာခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထား ပါတ ယ်။ ဒါ့အပြင် ရုရှားကနေ မြန်မာနိုင်ငံ ကိုပြန်ဖို့ အခက်အခဲဖြစ်ေ နတဲ့ ပညာတော်သင် ၂၂ ဦး ကိုလည်း တစ်ပါတည်းပြန်လည်ခေါ်ဆောင်ခဲ့တယ် လို့ ပါရှိ ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *