မန္တလေးမြို့ လယ်ခေါင်က သေနတ်ပစ်ခတ်မှု နှင့် ခြောက်လုံးပြူး အရှုပ်တော်ပုံ ( ဖြစ်စဉ် အပြည့်အစုံ )

မန္တလေးမြို့ပေါ်မှာ ဖြစ်ပေါ် ခဲ့တဲ့ သေနတ် ပစ်ခတ်မှုနဲ့ ပတ်သက် လို့ အသုံးပြု ခဲ့တဲ့ သေနတ်ဟာ အငြိမ်းစားကျောင်း ဆရာမ တစ်ဦးဆီက ရရှိတာလို့ စစ်ဆေးပေါ်ပေါက်တဲ့ အတွက် အဲ့ဒီကျောင်း ဆရာမ ကိုပါ ဖမ်းဆီးခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်း မှာပဲ အောင်မြေသာစံမြို့နယ်တရားရုံး မှာ ရုံးထုတ် ရမာန်ယူခဲ့ ပါတယ်။

“သေနတ်က ဘယ်ကရလဲဆိုတော့ ဆရာမထဲ ကရတာလို့ သိရတယ်။ ဆရာမ ကလည်း ဘယ်ကရတာလဲ ဆိုတော့ သူ့အဖေဆီကရတယ်လို့ သိရတယ်။ သူ့အဖေက လဝကက။ တရားဝင်ကိုင်တယ်လို့ ပြောတယ်။ အဲဒါကတော့ ဖြစ်နိုင်မဖြစ်နိုင် စုံစမ်းရမှာပေါ့။

မန္တလေးမြို့ လယ်ခေါင်က သေနတ်ပစ်ခတ်မှု နှင့် ခြောက်လုံးပြူး အရှုပ်တော်ပုံ

သူ့အဖေကလည်း ဆုံးသွားပြီ။ အဲလိုအခြေနေတော့ ရှိတယ် ။ မပြီးသေးဘူးပေါ့ စစ်နေတာက ။

အဲတော့ စစ်ဆေးပေါ်ပေါက်ချက် အရ ဥပဒေအကြံတောင်းပြီး မှ အမှုစွဲဆိုတာတွေ လုပ်ရမှာပေါ့ ။ အတိကျတော့ ပြောမရသေးဘူး ။ ဘာလက် နက်ကိုင် အဖွဲ့နဲ့မှလည်း မဆိုင်ဘူး ။ သောင်းကျန်းသူနဲ့လည်း မဆိုင်ဘူး။ ဆရာမဆီက ရတာပဲ။ ဆရာမ‌အဖေက လိုင်စ င်နဲ့ ကိုင်ခဲ့တယ်လို့ သိရတယ်။ လောလောဆယ်က အဲဒါပဲ”

မန္တလေးမြို့ လယ်ခေါင်က သေနတ်ပစ်ခတ်မှု နှင့် ခြောက်လုံးပြူး အရှုပ်တော်ပုံ

“ခရိုင်လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကြည်(အငြိမ်းစား ) လိုင်စင်နဲ့ ကိုင်တဲ့ သေနတ်လို့ ပြော ပါတယ်။ သူ့ (ကျောင်းဆရာမ)အဖေ ဆုံးသွားတော့ အဲသေနတ်က ကျန်နေတာပေါ့ ။ သူ့တပည့်ကို လွှင့်ပစ်ခိုင်းတယ်လို့ ပြောတယ် ။ တပည့်က လွှင့်မပစ်ဘဲ နဲ့ အဲ့သေနတ် ကို ဆက်ပြီး သိမ်းထားပြီး အသုံးပြုတဲ့ သဘောသွားတွေ့ရ ပါတယ်။ အခုဆက်စစ်နေ ပါတယ်။”လို့ မန္တလေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြော ပါတယ်။

မန္တလေးမြို့ လယ်ခေါင်က သေနတ်ပစ်ခတ်မှု နှင့် ခြောက်လုံးပြူး အရှုပ်တော်ပုံ

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျုးလွန်ရာမှာ ပါဝင်သူ(၈)ဦးအထိ ရှိခဲ့ပြီး အငြိမ်းစားကျောင်းဆရာမ အပါအ၀င် အမျိုးသား (၇) ဦးကို အောင်မြေသာစံမြို့နယ်၊ အမှတ်(၂)ရဲစခန်းက (ပ) ၁၁၆/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇/၃၂၆ ၊ (ပ)၁၁၇/၂၀၂၀၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)နဲ့ အမှုဖွင့်ဖမ်းဆီးအရေးယူကာ ကျန်တဲ့ အမျိုးသား(၁)ဦးဟာ အသက်မပြည့်သေးတဲ့အတွက် ဘယ်လိုမျိုးအရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ မသိရသေး ပါဘူး။

မန္တလေးမြို့ လယ်ခေါင်က သေနတ်ပစ်ခတ်မှု နှင့် ခြောက်လုံးပြူး အရှုပ်တော်ပုံ

ထိုကဲ့သို့ ဆိုင်ကယ် စီးလာသူ စုံတွဲအားသေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်သူမှာ ကောင်မလေး၏ ရည်းစားဟောင်းဖြစ်ကြောင်း သိရပြီး ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လေးဦးကို တစ်ရက်အတွင်း ဖမ်းမိခဲ့ ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက် ည ၈ နာရီဝန်းကျင်က မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းနဲ့ လမ်း ၈၀ မီးပွိုင့်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့တာပါ။ ကိုမိုးဟိန်း (၁၇ နှစ်)နဲ့ ရည်းစားဖြစ်သူကောင်မလေး တို့ ဆိုင်ကယ် စီးလာကြစဉ် လူငယ် အမျိုးသားလေးဦး တို့ဟာ ဆိုင်ကယ်နဲ့ လိုက်လာပြီး မီးပွိုင့်မိစဉ်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရ ပါတယ်။

မန္တလေးမြို့ လယ်ခေါင်က သေနတ်ပစ်ခတ်မှု နှင့် ခြောက်လုံးပြူး အရှုပ်တော်ပုံ

“ကျနော့သားလေး က ဆိုင်ကယ် မောင်းလာတာ။ သူ့နောက်မှာ ကောင်မလေးက ထိုင်လိုက်လာတယ်။ အဲဒီအချိန် ဘေးအနားကဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ အနားကပ်ပြီး တေ့ပစ်သွားတာပါ။ နံကြားထဲဝင်သွားတာ။ ကျည်ဆန်ဝင်သွားပေ မယ့် အသက် အန္တရာယ် မစိုးရိမ်ရ ပါဘူး ။ ခွဲစိတ်ဖို့ ဆောင်ရွက်နေ ပါတယ်။ စပစ်ခံရကတည်းက သတိလည်းလစ်မသွားဘဲ ဆိုင်ကယ်နဲ့ အိမ်ကို ပြန်လာသေးတယ်” ဟု သေနတ်ဖြင့်ပစ်ခတ်ခံရသူ ၏ ဖခင် ဦးခင်မောင်လွင်ကလည်း ပြောကြားခဲ့ ပါတယ် ။

မန္တလေးမြို့ လယ်ခေါင်က သေနတ်ပစ်ခတ်မှု နှင့် ခြောက်လုံးပြူး အရှုပ်တော်ပုံ

ကိုမိုးဟိန်းရဲ့ ဝဲဘက်နံဘေး ပေါက်ထွက်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး လက်ရှိမှာ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး မှာ ဆေးကုသမှုခံ ယူနေတာ ဖြစ် ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *