ဘတ္ထရီရှော့ဖြင့် ငါးဖမ်းမှုကြောင့် ၁ လသားအရွယ် ဧရာဝတီလင်းပိုင် သားပေါက်တစ်ကောင် သေဆုံးခဲ့

မန္တလေးတိုင်း ဒေသကြီး ၊ မတ္တရာမြို့နယ် ထဲ ဘတ္ထရီရှော့ နဲ့ ငါးဖမ်းမှုကြောင့် မရှောင်တိမ်းနိုင်ပဲ သေဆုံးသွား တဲ့ တစ်လသား အရွယ် လင်းပိုင်သားပေါက် တစ်ကောင် ကို ဇွန်လ ( ၂၇ ) ရက်နေ့က တွေ့ရှိခဲ့တယ်လို့ သားငှက် ထိန်းသိမ်းရေး အဖွဲ့ ( WCS Myanmar ) က သိရ ပါတယ် ။

သူ့ခန္ဓာကိုယ်မှာ အပေါ်ယံဒဏ်ရာ အနည်းငယ် ရှိပေမဲ့ ပိုက်နဲ့ ညှိတဲ့ ပုံစံမရှိတာ၊ တစ်လသား ဝန်းကျင်ပဲ ရှိသေး တာကြောင့် ဘက္ထရီရှော့နဲ့ထိတွေ့ချိန် ရှောင်တိမ်းနိုင် မှုမရှိတာ၊ ခံနိုင်ရည်အားနည်း တာတွေကြောင့် သေဆုံးခဲ့ တာလို့ WCS က သုံးသပ်ထား ပါတယ် ။

ဘတ္ထရီရှော့ဖြင့် ငါးဖမ်းမှုကြောင့် ၁ လသားအရွယ် ဧရာဝတီလင်းပိုင် သားပေါက်တစ်ကောင် သေဆုံးခဲ့

သေဆုံးသွားတဲ့ လင်းပိုင်ပေါက်ဟာ အမဖြစ်ပြီးတော့ ခန္ဓာကိုယ်အလျား (၃)ပေ၊ (၇)လက်မ၊ ခန္ဓာ ကိုယ်လုံးပတ် (၂)ပေရှိတယ်လို့ သိရပါတယ်။ဒေသခံတွေရဲ့ တွေ့ရှိချက်အရတော့ ဇွန်လ ( ၂၆ ) ရက်၊ ညနေပိုင်းက ဘထ္ထရီရှော့တိုက်ငါးဖမ်း လှေ (၄)စီးကို တွေ့ရှိခဲ့ ရပြီးတော့ ဇွန်လ (၂၇)ရက်မှာလည်း ဥဒိန်ကျေးရွာနားမှာ (၄)စီးကို ထပ်တွေ့ခဲ့ပြီး ဒေသခံကင်းလှည့် အဖွဲ့က လိုက်ဖမ်းဆီးချိန် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ လင်းပိုင်သားပေါက် ကို လက်ရှိမှာ အတွင်းကလီစာတွေ ထုတ်ပြီး မှန်ကန်နဲ့ဆေးစိမ်ထားပြီးတော့ ပညာပေးခရီးစဉ်တွေပြုလုပ်တဲ့အခါမှာ ပြည်သူလူထုကြည့်ရှုလို့ ရအောင် စီစဉ်ထားရှိမယ် လို့ သိရ ပါတယ် ။

ဘတ္ထရီရှော့ဖြင့် ငါးဖမ်းမှုကြောင့် ၁ လသားအရွယ် ဧရာဝတီလင်းပိုင် သားပေါက်တစ်ကောင် သေဆုံးခဲ့

ဧရာဝတီလင်းပိုင်တွေဟာ မန္တလေး နဲ့ ဗန်းမော်ကြား မှာ ကျက်စားကြပြီးတော့ ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလမှာ ၁၂ ကီလိုမီတာရှိတဲ့ မန္တလေးနဲ့ ကျောက်မြောင်းကြားကို လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအဖြစ် သတ်မှတ် ထားတယ် လို့ WCS ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၁၅ ခုနှစ်က သတ်မှတ် ခဲ့တဲ့ လင်းပိုင်းထိန်းသိမ်းရေး ဧရိယာ ကို ငါးလုပ်ငန်း ဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ပူးပေါင်းပြီး တစ်လတစ်ကြိမ် ထိန်းသိမ်းလျက်ရှိတယ်လို့လည်း သိရပါတယ်။

ဘတ္ထရီရှော့ဖြင့် ငါးဖမ်းမှုကြောင့် ၁ လသားအရွယ် ဧရာဝတီလင်းပိုင် သားပေါက်တစ်ကောင် သေဆုံးခဲ့

ဖေဖော်ဝါရီလတိုင်း တစ်နှစ်ကို တစ်ကြိမ် စစ်တမ်းကောက်ယူေ နတာဖြစ်ပြီး ဒီနှစ်မှာတော့ ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင် ၇၉ ကောင်တွေ့ရှိရတယ် လို့ သိရပါတယ်။

ဒါ့အပြင် အသစ်တိုးချဲ့မယ့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း မှာ ဧရာဝတီလင်းပိုင်ကောင်ရေ ၃ဝ ကျော် ကျက်စားနေတယ် လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *