ရဲ ထဲက မိုးကျတွေ ရှက်တတ်ရင် သေလောက် ပါတယ် (ဒုရဲအုပ်( စခန်းမှူး)ဟောင်း )

ဒု ရဲအုပ်( စခန်းမှူး) ဟောင်း ရုပ်ရှင် သရုပ်ဆောင် ဦးဝင်းမြိုင် ရဲ့ Post ပါ …

ကျနော် ပုခုံးပေါ် က ရာထူး ကို ဒုရဲအုပ် ( စခန်းမှူး ) လို့ခေါ် ပါ တယ် ။ ကျနော် ဒုရဲအုပ် သင်တန်းမတက်ခင်က ဒုရဲအုပ် ( စခန်းမှူး ) ၊တစ်ပွင့် အပြာခံ ရာထူးဟာ မြို့မစခန်း ( က အဆင့်စခန်း ) တစ်ခုကို စခန်းမှူး အဖြစ် အုပ်ချုပ်ခွင့် ရှိခဲ့ ပါ တယ် ။

ကျနော်တို့ ဒုရဲအုပ် သင်တန်းဆင်းပြီး ၁ နှစ် လောက်နေတော့ စခန်းမှူး ဆိုတာ ရဲအုပ် ( နှစ်ပွင့် )အဆင့်က တာဝန်ယူနေပါပြီ ဒါပေမယ့် တစ်ပွင့် အပြာခံ ခေါ်တဲ့ ဒုရဲအုပ်စခန်းမှူးရာထူး အဆင့် က ရှိနေဆဲပါ လစာ ၁၅ ကျပ်သာတိုးပြီး တစ်ပွင့်လေးအောက် မှာ အပြာခံ ရဖို့ စာမေးပွဲ အဆင့်ဆင့်ဖြေရ ပါတယ် ဒုရဲအုပ် သင်တန်းဆင်းပြီး ၅ နှစ်ကျော်လောက်ကြာ မှ အပြာခံ စာမေးပွဲ ဖြေဖို့ အခွင့်အရေး ရ ပါတယ် ။

ဒု ရဲအုပ်( စခန်းမှူး) ဟောင်း

ရေးဖြေ နှုတ်ဖြေ လူတွေ့ အဆင့်ဆင့်ဖြေပြီး မှ ဒုရဲအုပ် ကနေ ဒုရဲအုပ် ( စခန်းမှူး ) ဖြစ်ခွင့်ရှိပါတယ် ။ အဲဒီအချိန်မှာ ဒုရဲအုပ်သင်တန်းဆင်းဘက် အထူးစုံစမ်းစစ်ဆေးရေး ( စစစ ) သူငယ်ချင်းတွေက ဦးစီးမှူး ( သုံးပွင့် ) တွေ တင်ကုန်ကြပါပြီ ။

ထိုစဉ်အခ်ျိန်က ရဲ စစ်စစ် ရဲမှူးတစ်ယောက် အနေနဲ့ ရဲ လုပ်ငန်းတွေ ကို သိလွန်း တတ်လွန်းလို့ မင်းကြီး လို့ စတင်ခေါ်ဝေါ်သုံးစွဲ ပါပြီ။ အရည်အချင်းပြည့်ဝကြတဲ့အတွက် မင်းကြီး လို့ အလေးထား ခေါ်ဝေါ်ကြပါပြီ ။ ခရိုင်တပ်ဖွဲ့မှူး ဒုတိုင်းတပ်ဖွဲ့မှူး တာဝန် ကို ယူကြပါပြီ ။

ရဲ စစ်စစ် ဒုရဲအုပ်တစ်ယောက်အနေနဲ့ field promotion မဟုတ်ပဲ နဲ့ ရဲအုပ် တစ်ယောက်ဖြစ်ဖို့ ၇ နှစ်လောက် စောင့် ဆိုင်းရပါ လိမ့်မယ် ရဲမှူး အဆင့်ကိုတော့ ရာထူးကံပါရင် ၁၂ နှစ် ၁၅ နှစ် စောင့်ရမှာပါ ။

အဲဒီအချိန်မှာပဲ တပ်က ဗိုလ်ကြီးအဆင့်က တစ်ဆင့်တိုးပြီး ရဲမှာ ရဲမှူး လာဖြစ်တယ် ကိုယ့်ထက် အသက်လည်းငယ် ရဲလုပ်ငန်းလည်း မကျွမ်းကျင်ပဲ ကိုယ့် ရဲ့ အထက် အရာရှိကြီး လာဖြစ်တော့တာပဲ ။ စိတ်ဓာတ် ကျစရာအလွန်ကောင်းပါတယ် ။

ဒု ရဲအုပ်( စခန်းမှူး) ဟောင်း

အာဏာရှင် စနစ် ရဲ့ အနိုင်ကျင့် ဗိုလ်ကျမှု တစ်ခုပေါ့ ။ မိုးကျရွှေကိုယ် စီမံကိန်းလေ တိုင်းပြည်ရဲ့အားနည်းချက်ကို ဖြည့်ဆည်းတာ မဟုတ်ဘူးဆိုတာတော့ သေချာတယ် ဘာလို့လည်းဆိုတော့ ပညာရေးမှာ အားနည်းတာ အများအသိ ကျောင်းဆရာ ဝင်လုပ်တဲ့ တပ်မတော် အရာရှိ တစ်ယောက် မှ မရှိလို့ပဲ ။

တပ်မတော်ပြီးရင် ရဲတပ်ဖွဲ့ဟာ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ပဲ အာဏာရှင်စနစ် ကို မတော်လှန်နှိုင်အောင် စီးနင်းထားတယ် ဆိုရအောင်လည်း အင်အားတောင့်တင်းတဲ့ တပ်မတော် ထောက်လှမ်းရေး တပ်ကြီးတစ်ခုလုံး ရက်ပိုင်းအတွင်း မှာ ဖြောက်ဖျက် ပြစ်လိုက်နိုင်တာပဲ ။

ကိုင်း အခု အာဏာရှင်စနစ် မဟုတ်တော့ဘူး မိုးကျရွှေကိုယ် စနစ်ဟာ ပြည်သူတွေအတွက် ဘယ်ဘက်ကကြည့်ကြည့် မကောင်းဘူးလေ။ ဘယ်အဖွဲ့အစည်းကိုမှ တပ်မတော်အနေနဲ့ ဖိနှိပ်ထားစရာ စီးနင်းထားစရာ မလိုတော့ပါဘူး။ တပ်မတော်ကို အကြည်ညိုပျက်စေတဲ့ လုပ်ရပ်ကြီးပါ။ သူအဖွဲ့အစည်းနဲ့သူ အမြင့်ဆုံးရာထူးကိုခံစားခွင့် ရှိစေချင်ပါတယ် ။

တပ်မတော်ကို ချစ်တယ်…

တပ်မတော်ကို လေးစားတယ်…

တပ်မတော်ကို ကြည်ညိုတယ်…

တပ်မတော်ကို လေးစားမှုပျက်ယွင်းစေမယ့် ..တပ်မတော်ကို အကြည်ညိုပျက်စေမယ့်.. လုပ်ရပ်ကြီးတွေကို မုန်းတယ်..

ပွင့်လင်းမြင်သာတဲ့ it ခေတ်ကြီးမှာ ကျနော် တွေးသလို တွေးကြမှာပါ ။ ကျနော်တွေးတာထက် ပိုပြီးတွေးကြမှာပါ ။

သိက္ခာရှိတဲ့ မြန်မာပြည်ကြီး ဖြစ်တည်မှုကို ကြိုးစားတည်ဆောက်ပေးကြဖို့ ပန်ကြားပါတယ်

ဦးဝင်းမြိုင်

via-ThetAung

Add a Comment

Your email address will not be published. Required fields are marked *