ဘင်္ဂလားဒေ့ရှ် ဒါကာတွင် ကူးတို့သင်္ဘောနစ်မြုပ် ၂၈ ဦး ထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka ဒါကာမြို့နားက ဘူရီဂင်္ဂါမြစ် မှာ သင်္ဘောနှစ်စင်း တိုက်မိရာကနေ တစ်စင်း တိမ်းမှောက်ပြီး လူ ၂၈ ဦး ထက်မနည်း သေဆုံးခဲ့ရ ပါတယ် ။

ဘင်္ဂလားဒေ့ရှ် ဒါကာတွင် ကူးတို့သင်္ဘောနစ်မြုပ် ၂၈ ဦး ထက်မနည်း သေဆုံး

လူ ၅၀ လောက်လိုက် ပါလာတဲ့ ဒီသင်္ဘောက မြို့အနောက်တောင်ဘက် Buriganga မြစ်အတွင်း တခြား သင်္ဘောတစ်စင်း နဲ့ တိုက်မိ နစ်မြုပ်ခဲ့တာဖြစ်တယ် လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောတာပါ ။

ဘင်္ဂလားဒေ့ရှ် ဒါကာတွင် ကူးတို့သင်္ဘောနစ်မြုပ် ၂၈ ဦး ထက်မနည်း သေဆုံး

ခရီးသည်တချို့ ကမ်း အထိ ရေကူးလွတ်မြောက်ခဲ့ပေမဲ့ တချို့ပျောက်ဆုံးနေ ဆဲ ဖြစ်ကြောင်း နဲ့ အခုထိတော့ အမျိုးသမီး ၆ ဦး နဲ့ ကလေးငယ် ၃ ဦး အပါအဝင် သေဆုံးသူ ၂၈ ဦးရဲ့ အလောင်းတွေ ကို ရှာဖွေရရှိထားကြောင်းလည်း သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒါကာတွင် ကူးတို့သင်္ဘောနစ်မြုပ် ၂၈ ဦး ထက်မနည်း သေဆုံး

မြေနိမ့်ဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ ပြည်တွင်း ရေလမ်း နဲ့ ခရီးသွားတဲ့သူ အများအပြားရှိတာပါ ။ ရေလမ်းကြောင်း အန္တရာယ် ကင်းရှင်းရေး စနစ်တွေ အားနည်းတာကြောင့် ကူးတို့သင်္ဘာနစ်မြုပ်မှုတွေဖြစ်လေ့ရှိပြီး နှစ်စဉ်လူ ရာနဲ့ချီ သေဆုံးကြရပါတယ်။

Vedio Source; One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *