ပြည်​သူများ အလိမ်​မခံ ရ​စေရန်​ ဗိုလ်​ချုပ်​​အောင်​ဆန်း ရုပ်​ပုံဖြင့် မဲမဆွယ်​​ရေး ကန့်ကွက်​ခြင်းဖြစ်ဟု ပြည်​ခိုင်​ဖြိုး​ပါတီ ပြော

ပြည်​သူများ အလိမ်​မခံ ရ ​စေရန်​ ဗိုလ်​ချုပ်​​အောင်​ဆန်း ရုပ်​ပုံဖြင့် မဲမဆွယ်​ရန်​ ကန့်ကွက်​ရခြင်း ဖြစ်​​ကြောင်း ပြည်​ခိုင်​ဖြိုးပါတီ ​ပြော​ရေး ဆိုခွင့် ရှိသူ ​ဒေါက်​တာနန္ဒာလှမြင့်က ​ပြော သည်​ ။

ယမန်နေ့( ဇွန်​ ၂၉ ရက်​ ) မွန်းလွဲပိုင်းက ရန်​ကုန်​မြို့၊ House of Orchid ၌ ပြုလုပ်​သည့် နိုင်​ငံ​ရေး ပါတီများ ​ဆွေး​နွေးပွဲ အပြီး တွင်​ သတင်း မီဒီယာများအား အထက်​ပါ အတိုင်း​ပြောကြားခဲ့ခြင်းဖြစ်​ သည်​ ။

ပြည်​သူများ အလိမ်​မခံ ရ​စေရန်​ ဗိုလ်​ချုပ်​​အောင်​ဆန်း ရုပ်​ပုံဖြင့် မဲမဆွယ်​​ရေး ကန့်ကွက်​ခြင်းဖြစ်ဟု ပြည်​ခိုင်​ဖြိုး​ပါတီ ပြော

“ဗိုလ်​ချုပ်​ ​အောင်​ဆန်း က အမျိုးသား​ခေါင်း​ဆောင်​ဖြစ် ​တယ်​ ။ လွတ်​လပ်​​ရေး ဖခင်​ဖြစ်​တယ် ​။ ပြည်​သူ အားလုံး က ချစ်​တယ် ​။ ကျွန်​​တော်​ တို့ ကိုယ်​တိုင်​လည်း ချစ်​တယ်​။ အဲ့​တော့ ပြည်​သူ​တွေက သူ တို့ မဲဆန္ဒနယ်​ မှာ ဗိုလ်​ချူပ်​ ကိုပဲ မြင်​တယ် ​။ ​ဒီချစ်​တဲ့စိတ် ​နဲ့ပဲ ​ဒေသက ကိုယ်​စားလှယ်​​လောင်း ကို မကြည့် နဲ့ ဗိုလ်​ချုပ်​ပုံပဲ ကြည့်ပြီးမဲ​ပေးကြ တယ်​။ ဒီလိုဗိုလ်​ချုပ်​ပုံကိုပဲ ကြည့်ပြီး မဲ​ပေးခဲ့ကြတဲ့ အတွက်​ လွှတ်​​တော် ​ရဲ့ စွမ်း​ဆောင်​ရည် ​၊ အစိုးရရဲ့ စွမ်း​ဆောင်​ရည်​ကို ကြည့်ပါ။ တိုင်းပြည်​ရဲ့ စီးပွား​ရေး ဘယ်​​လောက်​ကျသွားလာလဲ။ ဒါ​ကြောင့် မဲဆန္ဒပြည်​သူ​တွေ ကြည့်ရမှာက ပါတီ မဟုတ်​ပါဘူး ။ ကိုယ်​စားလှယ်​​လောင်း​တွေ ရဲ့ အရည်​အချင်းပဲ ” ဟု ​ဒေါက်​တာနန္ဒာလှမြင့်က ​ပြောကြား ခဲ့သည် ​။

ပြည်​သူများ အလိမ်​မခံ ရ​စေရန်​ ဗိုလ်​ချုပ်​​အောင်​ဆန်း ရုပ်​ပုံဖြင့် မဲမဆွယ်​​ရေး ကန့်ကွက်​ခြင်းဖြစ်ဟု ပြည်​ခိုင်​ဖြိုး​ပါတီ ပြော

ဗိုလ်​ချုပ်​​အောင်​ဆန်းရုပ်​ပုံအား မဲဆွယ်​ရာတွ င်​အသုံးမပြုရန်​ နိုင်​ငံ​ရေးပါတီ(၃၀) ခန့်က တင်​ပြခဲ့​သော်​လည်း ​ပြည်​​ထောင်စု​​ရွေး​ကောက်​ပွဲ​ကော်​မရှင် ​က လက်​ခံခြင်း မရှိဘဲ ဗိုလ်​ချုပ်​ရုပ်​ပုံအား ပါတီများ အားလုံ မဲဆွယ်ရာ တွင် ​​​အသုံးပြုနိုင်​​ရန်​ ခွင့်ပြုခဲ့​ကြောင်း သိရသည် ​။

“ဗိုလ်​ချုပ်​​အောင်​ဆန်း က ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ အ​ဖေ ဖြစ်​သလို နိုင်​ငံရဲ့ အမျိုးသား​ခေါင်း​ဆောင်​လည်းဖြစ်​တယ် ​။ သာမာန် ​ပုဂ္ဂိုလ် ​ဆိုရင်​ မ​ပြောဘူး။ တစ်​နိုင်​ငံလုံးက ချစ်​ခင်​တဲ့ အမျိုးသား​ခေါင်း​ဆောင်​ဖြစ်​လို့ ရုပ်​ပုံနဲ့မဲမဆွယ်​​ရေးကန့်ကွက်​ရတာဖြစ် ​ပါတယ် ​” ဟု ​ဒေါက်တာနန္ဒာလှမြင့်ကပြောသည် ။

The Standard Time Daily

Add a Comment

Your email address will not be published. Required fields are marked *