ကိုဗစ်ကပ်ဘေး မျက်ဖြူစိုက်နေချိန် သဘာဝဘေးဒဏ် အလူးအလဲ ခံနေရပြန်တဲ့ အိန္ဒိယ

အိန္ဒိယ မှာ တစ်နေ့ထဲ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂၀၀၀၀ နီးပါးထိ ထပ်တိုး လာပြီး အာသံပြည်နယ် မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်းသန်းနဲ့ ချီ ရေဘေး ဒဏ်သင့်နေ

ကိုဗစ်ကပ်ဘေး မျက်ဖြူစိုက်နေချိန် သဘာဝဘေးဒဏ် အလူးအလဲ ခံနေရပြန်တဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံ မှာ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၉၄၅၉ ဦး ထပ်တိုး လာပြီး ဗိုင်းရပ်စ်ကူးစက် လူနာ စုစုပေါင်း ၅၄၉၈၅၃ ဦး ထိ ရှိလာခဲ့ တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနမှ တနင်္လာနေ့ ( ဇွန်လ ၂၉ ရက်နေ့ ) ထုတ်ပြန်ချက် အရ သိရ ပါတယ်။

ကိုဗစ်ကပ်ဘေး မျက်ဖြူစိုက်နေချိန် သဘာဝဘေးဒဏ် အလူးအလဲ ခံနေရပြန်တဲ့ အိန္ဒိယ

နိုင်ငံ တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးသူ အရေ အတွက်ကတော့ စုစုပေါင်း ၁၆၅၀၄ ဦး ထိ ရှိလာခဲ့ပြီး ပြန်လည်သက်သာလာသူကတော့ ၃၂၂၁၂၁ ဦးထိ ရှိလာခဲ့တယ်လို့ နိုင်ငံကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက် အရ သိရ ပါတယ် ။

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၈ ရက်အတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်လူနာ တစ်နေ့ ကို ၁၀၀၀၀ ကျော်ထိ ထပ်တိုးနေပြီး အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်နေတယ် လို့ Johns Hopkins တက္ကသိုလ်က ဖော်ပြထား ပါတယ်။

ကိုဗစ်ကပ်ဘေး မျက်ဖြူစိုက်နေချိန် သဘာဝဘေးဒဏ် အလူးအလဲ ခံနေရပြန်တဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူပေါင်း တစ်သန်းကျော် ဟာ နေအိမ်တွေ ကို စွန့်ခွာခဲ့ရတယ်လို့ အာဏာပိုင်တွေက တနင်္လာနေ့ ( ဇွန်လ ၂၉ ရက်နေ့ ) မှာ ပြောကြား ပါတယ် ။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ ဗြဟ္မပုတ္တရမြစ်ဟာ ရွာပေါင်း ၂၀၀၀ ကျော် ကို ရေလွှမ်းမိုးစေခဲ့ပြီး တနင်္လာနေ့မှာ လည်း မိုးဆက် လက်ရွာသွန်းနေဆဲ ဖြစ်တယ်လို့ သိရ ပါတယ်။

ကိုဗစ်ကပ်ဘေး မျက်ဖြူစိုက်နေချိန် သဘာဝဘေးဒဏ် အလူးအလဲ ခံနေရပြန်တဲ့ အိန္ဒိယ

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း ရေလွှမ်းမိုးမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း တစ်သန်းကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ရေလွှမ်းမိုးမှုဟာ တစ်နာရီအတွင်း အရေးပေါ်အခြေအနေကို ရောက်ရှိခဲ့ကြောင်း ပြည်နယ်အစိုးရက ပြောကြား ပါတယ် ။

ကိုဗစ်ကပ်ဘေး မျက်ဖြူစိုက်နေချိန် သဘာဝဘေးဒဏ် အလူးအလဲ ခံနေရပြန်တဲ့ အိန္ဒိယ

အာသံပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၇၄၉၂ ဦး၊ သေဆုံးသူ ၁၁ ဦး ရှိနေပြီ ဖြစ်တယ် လို့ သိရ ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *