တရုတ်နိုင်ငံ သို့ ကိုဗစ် မူလဇစ်မြစ် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု WHO ပြော

ကမ္ဘာလုံး ဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါ အဖြစ် သတ်မှတ် ထား တဲ့ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရဲ့ မူလဇစ်မြစ် ကို စုံစမ်း စစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အစည်း ( World Health Organization – WHO) က တရုတ်နိုင်ငံ သို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမယ် လို့ သိ ရ ပါ တယ်။

တရုတ်နိုင်ငံ သို့ ကိုဗစ် မူလဇစ်မြစ် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု WHO ပြော

လာမယ့် သီတင်းပတ် အ တွင်း တရုတ်သို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမယ့်အကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဇွန် ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ ပါတယ် ။ WHO ကို အကြီးအကျယ် ဝေဖန်ခဲ့ပြီး WHO အဖွဲ့ဝင်နိုင်ငံအဖြစ် မှ နုတ်ထွက်သွား ခဲ့တဲ့ အမေရိကန်က ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် တောင်းဆို ထား ခဲ့ ပါတယ် ။ ဆက်စပ် သတင်းတ စ်ရပ်အရ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ ပြီးဆုံးရန် နီးစပ်ခြင်းပင် မရှိသေးကြောင်း WHO အကြီးအကဲက ပြောခဲ့ ပါတယ်လို့ သိရ ပါတယ် ။

တရုတ်နိုင်ငံ သို့ ကိုဗစ် မူလဇစ်မြစ် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု WHO ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရန်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ် ပီအိုတို့ က ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ တရုတ်နိုင်ငံရဲ့ အဓိက ဓာတ်ခွဲခန်း မှာ စတင်ဖြစ်တည်ခဲ့နိုင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ သို့သော် ၎င်းတို့က ထိုသို့ ဖြစ်နိုင်ခြေ အတွက် သက်သေအထောက်အထား မပြခဲ့ကြဘဲ တရုတ် အစိုးရဘက်ကလည်း အပြင်းအထန် ငြင်းဆိုထား ခဲ့‌ကြောင်း Reuters သတင်းမှာ ဖော်ပြ ပါ တယ် ။

တရုတ်နိုင်ငံ သို့ ကိုဗစ် မူလဇစ်မြစ် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု WHO ပြော

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့စွန် တောင်တန်းများ ရှိရာ နေရာ မှ Wuhan Institute of Virology ရဲ့ ဇီဝလုံခြုံရေး မြှင့်တင်ထားတဲ့ ဓာတ်ခွဲခန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကို ဖန်တီးမွေးဖွားခဲ့ရာ မူလရင်းမြစ်ဖြစ်လေ သလား လို့ ထင်မြင်ယူဆချက်တွေ အများအပြား ရှိနေခဲ့ ပါတယ်။

တရုတ် သိပ္ပံပညာရှင် တွေကတော့ ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန် ရောင်းချတဲ့ ဈေးတစ်ခုမှာ တိရိစ္ဆာန်ကနေ လူကို ကူးစက်သွား ခဲ့ ဖွယ်ရှိကြောင်း ပြောထားခဲ့ ပါတယ် ။ သို့သော် ဓာတ်ခွဲခန်းတည်နေရာ နဲ့ အဆိုပါဈေးဟာ အလွန်ဝေးကွာ နေခြင်း မရှိရာ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းအဆောက်အအုံကနေ ထွက်ရှိလာခဲ့တာ ဖြစ်နိုင်ကြောင်း အယူအဆတွေကို ပိုမိုအားကောင်း စေခဲ့ ပါတယ် ။

တရုတ်နိုင်ငံ သို့ ကိုဗစ် မူလဇစ်မြစ် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု WHO ပြော

ဝူဟန်ဓာတ်ခွဲခန်းမှာ လင်းနို့ဗိုင်းရပ်စ်များ ရှိကြောင်း၊ သို့သော် ထို ဗိုင်းရပ်စ်တွေက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ မတူညီကြောင်း ဓာတ်ခွဲခန်းရဲ့ အဓိကတာဝန်ရှိသူက ပြောပါတယ်။ Wuhan Institute of Virology ဓာတ်ခွဲခန်းကို သီးခြားခွဲ ထားတာဖြစ်ပြီး လင်းနို့များထံမှ ကိုရိုနာဗိုင်းရပ်စ်အချို့ရှိကြောင်း မေ ၂၃ ရက်နေ့က CGTN နဲ့ သီးသန့်အင်တာဗျူးမှာ ဒါရိုက်တာ ဝမ်ယန်ယီ (Wang Yanyi) က ပြောခဲ့တာဖြစ် ပါတယ် ။

တရုတ်နိုင်ငံ သို့ ကိုဗစ် မူလဇစ်မြစ် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟု WHO ပြော

COVID-19 ကပ်ရောဂါကို ယမန်နှစ် ဒီဇင်ဘာလကုန်က ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ ရပြီးနောက် လက်ရှိအချိန် အထိ ခြောက်လအတွင်း ကမ္ဘာတစ်ဝှမ်း လူဦးရေ ၁၀ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး လူ ၅၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ် ပါတယ် ။ COVID-19 ကနေ ပြန်လည် သက်သာသူကတော့ ကမ္ဘာ တစ်ဝှမ်း ၅.၆ သန်းကျော်ရှိခဲ့ကြောင်း သိရ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *