အမေရိကန်တွင် (၁)ရက်ထဲ ကူးစက်သူ (၄၇,၀၀၀) တိုးလာကာ ကပ်ရောဂါ စဖြစ်ချိန်မှယနေ့ထိ စံချိန်တင် အများဆုံး ကူးစက်မှုဖြစ်ဟု ထုတ်ပြန်

ကုန်လွန် သွား တဲ့ ဇွန်လ အတွင်း အမေရိကန်ပြည်နယ် ( ၁၄ ) ခု မှာ ကိုဗစ်နိုင်တင်း အတည်ပြုလူနာ နှစ်ဆကျော် တိုးခဲ့တယ်လို့ သိရ ပါတယ် ။ ကယ်လီဖိုးနီးယား ၊ တက္ကဆက် နဲ့ အာရီဇိုးနားတို့ဟာ COVID-19 ကူးစက်မှု ဗဟိုချက်နေရာ သစ်များ ဖြစ်လာ ပါတယ်။

အမေရိ ကန်နိုင်ငံ မှာ အင်္ဂါနေ့ ( ဇွန် ၃၀ ရက် ) က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၄၇,၀၀၀ တိုးလာ ခဲ့ပြီး နိုင်ငံအတွင်း ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး နေ့စဉ် ကူးစက်မှု အသစ်တွေ့ရှိရမှု အများဆုံး စံချိန်သစ် တင်ခဲ့ကြောင်း Reuters သတင်းဌာန ရဲ့ စာရင်းအရ သိရှိ ရ ပါတယ် ။

အမေရိကန်တွင် (၁)ရက်ထည်း ကူးစက်သူ (၄၇,၀၀၀) တိုးလာကာ ကစ်ရောဂါ စဖြစ်ချိန်မှယနေ့ထိ စံချိန်တင် အများဆုံး ကူးစက်မှုဖြစ်ဟု ထုတ်ပြန်

ကယ်လီဖိုးနီးယား ၊ တက္ကဆက် နဲ့ အာရီဇိုးနားပြည်နယ်တွေဟာ အမေရိကန်မှာ COVID-19 ကူးစက်မှု ဗဟိုချက်နေရာ သစ်များ ဖြစ်လာကြပြီး ကူးစက်မှုတွေ မြင့်တက်နေပါတယ်။ ထိုအတော အတွင်း အမေရိကန် ရဲ့ ထိပ်တန်းသုတေသီ ဒေါက်တာ Anthony Fauci ကလည်း နိုင်ငံမှာ COVID-19 ကူးစက်မှုတွေဟာ တစ်ရက်လျှင် ၁၀၀,၀၀၀ အထိ ဖြစ်လာနိုင်ကြောင်း သတိပေးထား ပါတယ်။

“အခုအချိန် မှာ ကျွန်တော်တို့ လုံးဝ မထိန်းချုပ်နိုင်ဘူး ဆိုတာ ရှင်းပါတယ် ၊ ဒါက အရမ်းဆိုးလာမှာ ကို ကျွန်တော် သိပ်စိုးရိမ် ပါတယ်” လို့ National Institute of Allergy and Infectious Diseases (NIAID) အကြီးအကဲ ဒေါက်တာ Anthony Fauci က ပြောခဲ့ ပါတယ် ။ ဒါ့အပြင် ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ နေရာတွေကိုသာ အာရုံမစိုက်နိုင်ကြောင်း နဲ့ တစ်နိုင်ငံလုံးဟာ အန္တရာယ်ရှိနေကြောင်းလည်း ၎င်းက ဆိုပါတယ်။

Anthony Fauci

အစောပိုင်း အချက် အလက်တွေက အလားအလာကောင်းပေမဲ့ ကာကွယ်ဆေး တစ်ခု ရရှိရန် မသေချာသေးဘဲ လာမယ့်နှစ်စပိုင်း မှာ ကာကွယ်ဆေး ရရှိလာမယ်လို့ မျှော်လင့်နေရကြောင်း ဒေါက်တာ Anthony Fauci ပြောခဲ့ ပါတယ် ။ တက္ကဆက်နဲ့ဖလော်ရီဒါ အပါအဝင် အမေရိကန်ပြည်နယ် ၁၀ ခုထက်မနည်းမှာ ဇွန်လအတွင်း COVID-19 ကူးစက်မှုတွေ နှစ်ဆဖြစ်လာခဲ့ကြောင်းလည်း Reuters ရဲ့ လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။

အမေရိကန်တွင် (၁)ရက်ထည်း ကူးစက်သူ (၄၇,၀၀၀) တိုးလာကာ ကစ်ရောဂါ စဖြစ်ချိန်မှယနေ့ထိ စံချိန်တင် အများဆုံး ကူးစက်မှုဖြစ်ဟု ထုတ်ပြန်

တက္ကဆက်နဲ့ အာရီဇိုးနားပြည်နယ် တို့ရှိ ဆေးရုံများမှာ COVID-19 လူနာတွေအတွက် အထူးကြပ်မတ်ကုသခန်း မလုံလောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း မှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၇ သန်းကျော်နဲ့ သေဆုံးသူ ၁၃၀,၀၀၀ ကျော်ရှိခဲ့ ပါတယ် ။

အမေရိကန်တွင် (၁)ရက်ထည်း ကူးစက်သူ (၄၇,၀၀၀) တိုးလာကာ ကစ်ရောဂါ စဖြစ်ချိန်မှယနေ့ထိ စံချိန်တင် အများဆုံး ကူးစက်မှုဖြစ်ဟု ထုတ်ပြန်

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားရပြီး ပြည်နယ်တွေ နဲ့ အဓိက မြို့ကြီးတွေမှာ နေထိုင်ကြသူတွေကို အိမ်မှာသာနေရန် ကန့်သတ်ချက်တွေ သတ်မှတ်ထုတ်ပြန်ခဲ့ရာ လူဦးရေတစ်သန်း အလုပ်အကိုင် ဆုံးရှုံးခဲ့ကြ ရပါတယ် ။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန (Centers for Disease Control – CDC) ရဲ့ အဆိုအရ အမေရိကန် သန်း ၂၀ အထိဟာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကူးစက်ခံရနိုင်ကြောင်းလည်း သိရ ပါတယ်။

အမေရိကန်တွင် (၁)ရက်ထည်း ကူးစက်သူ (၄၇,၀၀၀) တိုးလာကာ ကစ်ရောဂါ စဖြစ်ချိန်မှယနေ့ထိ စံချိန်တင် အများဆုံး ကူးစက်မှုဖြစ်ဟု ထုတ်ပြန်

CDC က နိုင်ငံတစ်ဝှမ်း စုဆောင်းရယူ ခဲ့တဲ့ သွေးနမူနာများကို စစ်ဆေးမှုအရ ဗိုင်းရပ်စ်မှ ပဋိပစ္စည်းများရှိနေမှုအပေါ် အခြေခံပြီး COVID-19 ကူးစက်ခံရနိုင်သူ အရေအတွက်ကို ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဝါရှင်တန်တက္ကသိုလ် ရဲ့ ခန့်မှန်းချက်အရ လာမယ့် အောက်တိုဘာလအရောက် အမေရိကန် မှာ COVID-19 ကြောင့် သေဆုံးသူ ၁၈၀,၀၀၀ ဖြစ်လာနိုင်ကြောင်း၊ သို့မဟုတ် အမေရိကန် ၉၅ ရာခိုင်နှုန်း က mask တပ်ထား ပါက သေဆုံးသူ အရေအတွက်ဟာ ၁၄၆,၀၀၀ ဖြစ်နိုင်တ ယ်လို့ ဆိုပါ တယ်။

Add a Comment

Your email address will not be published. Required fields are marked *