တစ်ခါခွဲရင် ( ၁၅ ) သိန်းတောင်းတဲ့ မန္တလေးက လက်မှတ်အတု နဲ့ မတရား သောင်းကျန်းနေတဲ့ ရမ်းကု ဆရာဝန်

ကဲ ကဲ… မပြောမပြီး မတီးမမြည်.. ပြောရ ပါတော့မယ် …။ မန္တလေးရွှေမြို့တော်ကြီး မှာ ရမ်းကုတစ်ယောက် ဟာ မတရား ကို သောင်းကျန်းနေ ပါသတဲ့…။

ရမ်းကုအဆင့်တောင် မဟုတ်တော့ဘူး ရမ်းခွဲစိတ် အဆင့်ထိ ဖြစ်နေပါပြီ ။ ဘွဲ့လက်မှတ် ကို အတုလုပ်တယ် ။ (အတု လုပ်တာလဲ အမြင့်စားနော် ။ Neurosurgeon ဆိုပြီးတောင်လုပ် ထားသေးတာ ) အဆုတ်ထဲ ရေဝင်တယ် ဖောက်ထုတ်ရမယ် ဆိုပြီး ဓားရာလေးပေး ပြန်ချုပ် သိန်းဆယ် ချီတောင်းတယ် ။

ဆီးကျောက် တည်တယ် ခွဲရမယ်ပြောပြီး ထုံးစံ အတိုင်းလုပ် လမ်းဘေးက ကျောက်ကို ခင်ဗျားထဲ က ရတဲ့ဟာ လို့ ပြောပြီး ဆယ့်ငါးသိန်း တောင်းတဲ့ အပြင် သိန်းသုံးဆယ်ပါ ချေးသေးသတဲ့ ။

မန္တလေးရွှေမြို့တော်ကြီး မှာ ရမ်းကုတစ်ယောက်

ကျွန်တော် တို့ လူမျိုးများကလည်း အပြောနဲ့ ဟိတ်ဟန်ကောင်းရင် အယုံလွယ်တတ်ကြတာမို့ ဒီလိုမျိုး ဘယ်နှစ်ယောက်တောင် ခံရပြီးပြီလဲ မသိပါ။ စဉ်းစားကြည့်ရင် လူနာတွေခမျာရင်နာစရာ သနားစရာကောင်း ပါတယ်ဗျ။

သူနာပြုအကူ သင်တန်းတောင် ခပ်တည်တည်နဲ့ဖွင့်ပြီး တနင်္ဂနွေနေ့တိုင်း စတုဒီသာတောင် ကျွေးလိုက်သေးခင်ဗျ။ လွန်ခဲ့တဲ့လကတည်းက သတင်းရလို့ စုံစမ်းပြီး သက်ဆိုင်ရာကို အကြောင်းကြားထားပေမယ့် လဲ ကိုယ်တော်ချောက ပိုပိုဆိုးလာလို့ ဖေ့စဘွတ်ကနေပဲ အော်လိုက်ရပါတယ်ဗျာ။

မန်းရွှေမြို့တော်ကြီးမှာ ဦးနှောက်ခွဲစိတ်ဆရာဝ န်အမည်ခံပြီး ဆီးကျောက်များ ခွဲစိတ်သည်ဟု ဆိုကာ လိမ်လည်နေသူ တစ်ဦးအကြောင်း ထိုသူမှာ ဦးနှောက်ခွဲစိတ်ဆရာဝန် လုံးဝ (လုံးဝ) မဟုတ်ပါ…

မန္တလေးရွှေမြို့တော်ကြီး မှာ ရမ်းကုတစ်ယောက်

ဆီးကျောက်တည် တဲ့ လူနာဖြစ်စဉ်…

လူနာတယောက်လာပြတယ် ဆီးကျောက်တယ်လို့ မန်းလေးမှာခွဲထားတာ အဲဒါကျောက် ရှိသေးလားပြန်စစ်ပေး ပါတဲ့ ဘယ်တုံးကခွဲထားတာလဲဆိုတော့ 23.6.2020 နေ့ကမှ အတင်းတောင်းဆင်းလာတာတဲ့..

ငင်.. ဘယ်လိုကြီးပါလိမ့်ပေါ့ စုံစမ်းရေးစရပြီ

ဘယ်မှာခွဲလဲ မန်းလေးပြည်ကြီး တံခွန်ကဆေးခန်း.. ခွဲခန်းထဲမှာလားဆိုတော့ မဟုတ်ဖူး လူနာစမ်းတဲ့ကုတငိဘေးမှာဘဲ ဘာနဲ့ခွဲလည်း ထုံဆေးနဲ့ ဘယ်သူခွဲပေးတာလဲ စာအုပ်ပြပါအုံး..

ဆေးခန်းစာအုပ်ပေါ်မှာ ဒေါက်တာ—- MB.B,S..M.MedSc ဦးနှောက်နဲ့အာရုံကြောခွဲစိတ်အထူးကု Operation note ဘာမှမရေးထား အကူဆရာဝန်နာမည် 5 ယောက်တောင်ထည့်ထား.. ပိုက်ဆံယူလို့ကောင်းအောင်ဖြစ်မယ်.. သောက်ဆေးတွေ ဖတ်မရအောင်ရေးထား ဘယ်လောက် ကုန်သွား သလဲ 15 သိန်းပါ.. လူနာရှင်မိန်းမက ဆရာမရယ် သူကကျမတို့ ဆီကသိန်း 30 ခဏချေးပါလုပ်သေးတာ ကျမတို့ကအဲလောက်ပိုက်ဆံတော့ပါမလာပါဖူးပြော လိုက်တယ်…

ခွဲကြောင်းက Left Inquinal Region မှာ သူခွဲတဲ့ကျောက်နေရာက Left Vesicoureteric Junction (VUJ) ..USG ပြထားတဲ့နေရာ ကျောက်ကပ်က ဆီးပြွန်က ဆီးအိမ်ထဲဝင်ခါနီး အကျဉ်းဆုံးနေရာ ဆီးခုံရိုးကွင်းထဲခွဲရခက်တဲ့နေရာ ဒါကြောင့်ဆီးနဲ့ကျောက်ကပ်ဆရာဝန်တွေက ဆီးအိမ်ထဲမှန်ပြောင်းထည့်ပြီး အဲဒီကတဆင့်ပိုက်တခု ထည့်ပြီးကျောက်ကိုဆွဲချ လိုက်ရင်ပြီးပြီ.. အပြင်ကမခွဲကြဖူး..

ထွက်လာတဲ့ကျောက်ပေးလိုက်တယ် ဆိုလို့တောင်းကြည့် လိုက်တော့ အလယ်လယ် bethadine စိမ်ထားတဲ့ကြယ်ပုံရှိကျောက်ကြီး. လမ်းဘေးကကောက်လာတာ ထည့်ပေးလိုက်လားမသိ အဲဒီကျောက်အရွယ်ဟာလေဘယ်လို မှ ureter လို့ခေါ်တဲ့ ဆီးပြွန်ထဲမဆန့်ဖူး…

ယူထားတဲ့ဘွဲ့က ဦးနှောက်နဲ့အာရုံကြောခွဲစိတ်အထူးကုတဲ့ လုပ်နေတာ က ဆီးနဲ့ကျောက်ကပ်ခွဲစိတ် အလုပ် ယူထားတဲ့ ပိုက်ဆံကလည်း တနင့်တပိုး ခွဲတာကလည်း ကုတင်ဘေး ဘွဲ့မှာလည်းရန်ကုန်ကရတာလား မန်းလေးကရတာလား ဘာမှမပါ လူနာဆီကလည်းသိန်း 30 ချေးသေး…

မန္တလေးရွှေမြို့တော်ကြီး မှာ ရမ်းကုတစ်ယောက်

ဆရာဝန်အစစ်မဟုတ်နိုင် ဆေးခန်းစာအုပ်ပေါ်က တံဆိပ်တုံးကလည်းရေးထည့်ချင်တဲ့ဘွဲ့ရေးထည့်လို့ရတာဘဲ လွဲနေတာက M.B,B.S နောက်မှာဘာမှမပါ M.Med.Sc Neurosurgery ဦနှောက်နဲ့အာရုံကြောခွဲစိတ်အထူးကုတဲ့ တခါတလေ အကူသူနာပြုတွေသင်တန်းပေးသေးတယ်တဲ့ နယ်တွေမှာပရဟိတလည်းလုပ်သတဲ့…

ဆေးခန်းကလည်း အထူးကုဆေးခန်း တပ်ထားပြီး ကျန်းမာရေးပစ္စည်းရောင်းဝယ်ရေးလည်းလုပ်တယ်.. ခွဲခန်းလည်းမရှိ ထိုင်တဲ့ဆရာဝန်ကလည်းအစစ်မဟုတ်ဘဲ အကြံအဖန်တွေလား.. အစစ်ဆိုရင်တော့တော်တော် ဆိုးပြီ.. လူနာကငွေချေးမှစပြီး မသကာင်္ဖြစ်လာပြီး အတင်းတောင်း ဆင်းတော့ ဆရာဝန်ကအတွေ့မခံတော့ဖူး.. သူနာပြုကဖုန်းဆက်ပြီး ဘာဆေးပေး လိုက်ရမလဲဆိုတော့ ပေးလိုက်တဲ့ဆေးတွေကလည်းမနဲမနော ဆေးကုနေတာလား အေးဓမြတိုက်ဆေးရောင်းစားနေတာလားဘဲ…

မန္တလေးရွှေမြို့တော်ကြီး မှာ ရမ်းကုတစ်ယောက်

D/C မှာပေးတဲ့ဆေးတွေ ကျောက်ပျော်ဆေးက အမျိုးအစား မတူတာနှစ်ဘူး ဆီးဆေး Laxis ကနှစ်ကပ် အနာသက်သာဆေး ibuprofen တစ်ဘူး အစာအိမ်ဆေး omez တဖာ. antacid gel နှစ်ပုလင်း အားဆေးကတပုလင်း..

မန္တလေးရွှေမြို့တော်ကြီး မှာ ရမ်းကုတစ်ယောက်

လူနာအကြောင်း..

လူနာကပခုက္ကူမြို့ပေါ် က မိဘဇာတိမြိုင်မြို့နယ်က ရွာကို သွားရင်းဗိုက် တအားနာလာ လို့ အဲဒီမှာ ပရဟိတလုပ်နေတဲ့ ထိုဆရာဝန်နဲ့ အဲဒီမှာစတွေ့တာဘဲ ပရဟိတဆိုလို့ရွာတွေမှာ အလကားလာကုပေးမယ် ဆိုပြီး လော်ကြီးနဲ့ရပ်ကျေးကလူကြီးတွေလိုက်အော်ပြီးလူစုထားသလိုမဟုတ်ဖူး သူ့ဖာသူ့အသိအိမ်မှာလာပြီး အဲဒီကတဆင့်စကားတဆင့်ကြားနဲ့ရောက်လာပြီး ဆေးစစ်တာတွေ ဓာတ်မှန်ရိုက်တာတွေ သူညွှန်တဲ့ မန်းလေးမှာ လိုက်လုပ်ပြီးမှ သူထိုင်တဲ့ပြည်ကြီးတံခွန်ဆေးခန်းမှာသွားခွဲရတာ မြိုင်မြို့နယ်က ရွာသားတွေသူ့အရှေ့က လာခွဲနေကြတော့သူလည်း စိတ်ပါသွားတယ် ဆိုဘဲ သူ့ရှေ့မှာလာခွဲတာ ၄ ယောက်တောင် တဲ့ ရိုက်စားဘဲ ခုမှစိတ်ထည်း မသကာင်္လို့လာပြတာတဲ့…

အတာလား နတာလား လူနာရယ်.. လိမ်တဲ့ သူကလည်း အပူစာစားနေတာ မသိဖူးလားဟင်.. KTZK

Add a Comment

Your email address will not be published. Required fields are marked *