ကိုရီးယားနိုင်ငံတွင် မှားယွင်း ကုသခံရပြီး အောက်ပိုင်းချည့်နဲ့သွားသော မြန်မာလုပ်သား နစ်နာကြေး သိန်းတစ်ထောင်ကျော်ရရှိ

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က ဆေးရုံ မှာ ဆေးကုသပြီး ခန္ဓာကိုယ်အောက်ပိုင်း ချည့်နဲ့သွား တဲ့ မြန်မာ လုပ်သမား အတွက် နစ်နာကြေး ဝမ်သိန်း ( ၁၀၄၀ ) ကို ဆေးရုံကပေးဖို့ တရားရုံးက အမိန့်ချမှတ် လိုက် ပါတယ် ။

ကိုရီးယားနိုင်ငံတွင် မှားယွင်း ကုသခံရပြီး အောက်ပိုင်းချည့်နဲ့သွားသော မြန်မာလုပ်သား နစ်နာကြေး သိန်းတစ်ထောင်ကျော်ရရှိ

အဲဒီအလုပ်သမားဟာ အစိုးရ အစီအစဉ် နဲ့ ကိုရီးယားနိုင်ငံက မွေးမြူရေးခြံ တစ်ခု မှာ အလုပ်လုပ် ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် မှာ ခါးနာတဲ့ဝေဒနာကြောင့် ဆိုးလ်မြို့က ဆေးရုံကြီးတစ်ခု မှာ ခွဲစိတ် ကုသမှုခံယူ ခဲ့တယ်လို့ သိရပါတယ်။

ခွဲစိတ် ကုသမှုခံယူပြီးတဲ့နောက် မှားယွင်းခွဲ စိတ်ခံခဲ့ရတာကြောင့် ဆီးနဲ့ ဝမ်းမစွန့်နိုင်ဘဲ ခန္ဓာကိုယ်အောက် ပိုင်းချည့်နဲ့သွားတဲ့အတွက် ဆိုးလ်မြို့က National Medical Center မှာ ထပ်ခွဲစိတ်ကုသမှုခံယူခဲ့ ရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပြန် မသက် သာလာတာကြောင့် ဖူဖျောင်းမြို့က မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ တည်းခို နေထိုင်ပြီး ပြင်ပလူနာ အဖြစ် ဆေးကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဆိုးလ်မြို့၊ မြန်မာသံရုံး၊ အလုပ်သမားသံ အရာရှိက ဆရာဝန်ကြီးတွေရဲ့ အကြံဉာဏ်ရယူခဲ့သလို ကိုရီးယားဥပဒေရေးရာကူညီပေးရေး အဖွဲ့ဆီမှာ အတိုင်ပင်ခံရှေ့နေနဲ့ တိုင်ပင်ပြီးတဲ့နောက် အဲဒီဆေးရုံ နဲ့ သက်ဆိုင်ရာခွဲ စိတ်ဆရာဝန်ကြီး ကို တရားမမှုအမှတ် ၂၀၁၉ / ၁၂၂၉ နဲ့ အမှုဖွင့်တရားစွဲ ဆိုခဲ့တာ လို့ သိရပါတယ်။

နစ်နာသူဟာ ကိုရီးယားနိုင်ငံမှာ နေထိုင်ခွင့် ကာလကုန်ဆုံးသွားပြီဖြစ် လို့ မြန်မာနိုင်ငံ ကို အပြီးပြန်သွားတဲ့ အတွက် ကိုယ်အင်္ဂါ ဆုံးရှုံးမှု ရာခိုင်နှုန်းကို တွက်ချက်ဆုံးဖြတ်နိုင်ဖို့ ကိုရီးယားကိုပြန်ခေါ်ပြီး ဆေးစစ်တာတွေလုပ်ဆောင်ခဲ့ ပါတယ် ။

အဲဒီ ဆေးစစ်ချက်အထောက်အထားတွေ ကို တရားရုံးဆီ တင်ပြခဲ့ပြီးတဲ့နောက် တရားရုံးက နစ်နာကြေး ဝမ်သိန်း(၁၀၄၀) မြန်မာငွေ သိန်းတစ်ထောင်ကျော် ကို ဆေးရုံကပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ တာပါ ။

အဲဒီနစ်နာကြေး ကိုတော့ အတိုးရနိုင်တဲ့ ဘ ဏ်မှာ အပ်နှံပေးခဲ့ပြီး ဘဏ်ကနေ တဆင့် မြန်မာနိုင်ငံကိုပြန်ရောက်နေပြီ ဖြစ်တဲ့ အလုပ်သမား ဆီ ကို လွှဲပေးနိုင်ဖို့ စီစဉ်နေတယ် လို့ ဆိုးလ်မြို့၊ မြန်မာ သံရုံး က သိရ ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *