ကိုရိုနာဗိုင်းရပ်စထက် ပိုပြီး ကမ္ဘာကို ဒုက္ခပေးနိုင်ဖွယ် ရှိနေတဲ့ G4 ဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ တွေ့ရှိ


ကိုရိုနာဗိုင်းရပ်စထက် ပိုပြီး ကမ္ဘာကို ဒုက္ခပေးနိုင်ဖွယ် ရှိနေတဲ့ G4 ဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ တွေ့ရှိ



ကိုရိုနာဗိုင်းရပ်စထက် ပိုပြီး ကမ္ဘာကို ဒုက္ခပေးနိုင်ဖွယ် ရှိနေတဲ့ G4 ဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ တွေ့ရှိ



ကိုရိုနာဗိုင်းရပ်စထက် ပိုပြီး ကမ္ဘာကို ဒုက္ခပေးနိုင်ဖွယ် ရှိနေတဲ့ G4 ဗိုင်းရပ်စ် တရုတ်နိုင်ငံမှာ တွေ့ရှိ


Unicode

တ ရုတ်နိုင်ငံမှာ ဝက်တုပ်ကွေး ပိုးသစ် တစ်မျိုး တွေ့ရှိခဲ့ ပါတယ် ။ အဆိုပါ ဗိုင်းရပ်စ် ကို သိပ္ပံပညာရှင်တွေ က genotype 4 လို့ အမည်ပေး ထားပြီး၊ G4 လို့လည်း အလွယ်ခေါ်ကြ ပါတယ်။ G4 ဗိုင်းရပ်စ်ဟာ ( ၂၀၀၉ )ခုနှစ် က လူပေါင်း (၂၈၄၀၀၀ )ကို သေစေ ခဲ့တဲ့ H1N1 swine flu ကနေ ဆင်းသက်လာ ခဲ့တာလို့ သိရ ပါတယ်။

G4 ဗိုင်းရပ်စ် ဟာ ကမ္ဘာ ကို လက်ရှိ ကပ်ရောဂါ အသွင် ဒုက္ခပေးနေတဲ့ ကိုဗစ်-၁၉ထက် ပိုပြီးဒုက္ခပေးသွားနိုင် တယ် လို့ သိပ္ပံပညာရှင်တွေက သိပေးခဲ့ ပါတယ် ။ G4 ဗိုင်းရပ်စ်ဟာ လူတွေရဲ့အသက်ရှု လမ်းကြောင်း က ဆဲလ်တွေထဲမှာ ရှင်သန်နေနိုင်ပြီး သာမန်တုပ် ကွေရောဂါထက် အဆပေါင်း များစွာ ပြင်းထန်ပါတယ်။

(၂၀၁၁)နဲ့ (၂၀၁၈)ခုနှစ်အတွင်း ပြု လုပ်ခဲ့တဲ့ သုတေသနတွေအရ ဝက်မွေးမြူရေးလုပ်သားတွေနဲ့၊ ဝက်သားထုတ်လုပ်ရေး စက်ရုံမှ လုပ်သားတွေမှာ ဒီရောဂါပိုး ကူးစက်ခဲ့ကြောင်း ပညာရှင်တွေက တွေ့ရှိခဲ့ ပါတယ် ။ ကြောက်စရာကောင်း တာက ဝက်တွေကနေ လူတွေကို ထိတွေ့ရင်း ရောဂါက အလွယ်တကူ ကူးနိုင် ပါတယ် ။

တုပ်ကွေးပိုးဟာ လူလူချင်းလည်း ကူးစက် နိုင်ပြီး၊ ရောဂါပိုးဟာ အဆုတ်၊ လည်ချောင်းနဲ့ လေပြွန်တစ်လျှောက်မှာ အချိန်ကြာမြင့်စွာ တွယ်နေနိုင်ပြီး၊ လူကို ဒုက္ခပေးမှာပါ။ သာမန်တုပ်ကွေးတွေနဲ့ ရောဂါလက္ခဏာချင်း ဆင်တူနိုင်သော်လည်း၊ ရောဂါပြင်းအားက ပိုများတယ်လို့ သိရပါတယ်။

တရုတ်အစိုးရ သတင်းစာတွေကတော့ ကိုဗစ်-၁၉ မှာ သတင်းတွေ ထိမ်ချန်ခဲ့တဲ့ပုံစံအတိုင်း G4 ကို သိပ်အစိုးရိမ်မလွန်ကြဖို့ ဖော်ပြခဲ့တယ်လို့ အနောက်ဥရောပသတင်းတွေက စွပ်စွဲထားပါတယ်။ သုတေသန ပညာရှင်တွေရဲ့အဆိုအရ ဝက်သတ်ရုံတွေမှာ အလုပ်လုပ် ကိုင်ကြတဲ့ လူ(၁၀)ဦးမှာ တစ်ဦးနှုန်း G4 ကူးစက်ခံရနိုင်ချေရှိတယ်လို့ သိရပါတယ်။

နောက်ပြီး အသက်ပိုငယ်တဲ့ လူငယ်ပိုင်းကို G4 က ဒုက္ခပိုပေးပြီး၊ လက်တလော ကောက်ယူခဲ့တဲ့ စာရင်းဇယားတွေအရတော့ အသက် (၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း လူငယ်ပိုင်း ကူးစက်မှုနှုန်းဟာ (၂၀.၅)%အထိ ရှိကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ ကတော့ ဒီကူးစက်ရောဂါနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေပုံပါပဲ။

Add a Comment

Your email address will not be published. Required fields are marked *