ဇူလိုင္လလယ္ တြင္ မုန္တိုင္းတစ္ ႀကိမ္ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလညႊန္ခ်ဳပ္ သတိေပး

ဇူလိုင္လ လယ္တြင္ ေလဖိအားနည္း ရပ္၀န္းႏွစ္ႀကိမ္ႏွင့္ မုန္တိုင္းငယ္ တစ္ႀကိမ္ျဖစ္ေပၚႏိုင္ေၾကာင္း ခန္႔မွန္းထားသည္ ဟု မိုးေလ ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။

မိုးေလ၀သခန္႔မွန္းခ်က္ႏွင့္ ပတ္သက္ ၍ ဇူလိုင္ ၄ ရက္ တြင္ မိုးေလ၀သႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာၾကား သည္။

ဇူလိုင္လလယ္ေတြင္ မုန္တိုင္းတစ္ ႀကိမ္ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလညႊန္ခ်ဳပ္ သတိေပး

“ဇူလိုင္လထဲ မွာေတာ့ လ၀က္မွာ ေလဖိအားနည္းရပ္၀န္းႏွ စ္ႀကိ မ္နဲ႔ မုန္တိုင္းငယ္ တစ္ႀကိမ္ေတာ့ထုတ္ထားတယ္ေပါ့ ။ လက္ရွိမွာ ေတာ့ မုတ္သုံေလအားေကာင္းေနတဲ့ အခ်ိန္မွာေတာ့ ေလဖိအားနည္း ရပ္၀န္းေတြ ၊ မုန္တိုင္းေတြကျဖစ္ဖို႔အခြင့္အေရးနည္းတယ္။ မုတ္သုံေလအားနည္းနည္းေလ်ာ့သြားၿပီဆိုရင္ေတာ့ သူကျဖစ္ေတာ့ျဖစ္ႏိုင္တယ္’’ဟု ၎ကေျပာသည္။

ဇူလိုင္ ၄ ရက္ေန႔ မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ တစ္ခါတစ္ရံမိုးသက္ေလျပင္းက်ေရာက္ႏိုင္ၿပီး လႈိင္းႀကီးႏိုင္ကာ မိုးသက္ေလျပင္းက်စဥ္ေရျပင္၊ ေျမျပင္ေလသည္တစ္နာရီ ၃၅ မိုင္မွ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ေၾကာင္းသိရသည္။ ေနာက္ႏွစ္ရက္အတြင္း မုတ္သုံအားအသင့္ အတင့္မွ အားေကာင္းေနမည္ျဖစ္ေၾကာင္း သိရသည္။

ဇူလိုင္လလယ္ေတြင္ မုန္တိုင္းတစ္ ႀကိမ္ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလညႊန္ခ်ဳပ္ သတိေပး

“လက္ရွိမွာေတာ့ ကပၸလီပင္လယ္ျပင္ေရာ ဘဂၤလားပင္လယ္ေအာ္မွာရွိေနတဲ့ ပင္လယ္ေရ မ်က္ႏွာျပင္ေရာ ပုံမွန္အပူခ်ိန္မွာပဲ ရွိေနတယ္။ မုန္တိုင္းတစ္ခုျဖစ္ဖို႔ကို ပင္လယ္ေရမ်က္ႏွာျပင္အပူခ်ိန္ဟာပိုပူရမဲ့အေနအထား ရွိတယ္’’ဟု ေဒါက္တာေက်ာ္မိုးဦး ကေျပာ သည္။

Unicode

ဇူလိုင်လလယ်တွင် လေဖိအားနည်း ရပ်ဝန်းနှစ်ကြိမ်နှင့် မုန်တိုင်းငယ် တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည် ဟု မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မိုးလေဝသခန့်မှန်းချက်နှင့် ပတ်သက် ၍ ဇူလိုင် ၄ ရက် တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြား သည်။

ဇူလိုင်လလယ်တွေင် မုန်တိုင်းတစ် ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလညွှန်ချုပ် သတိပေး

“ဇူလိုင်လထဲ မှာတော့ လဝက်မှာ လေဖိအားနည်းရပ်ဝန်းနှ စ်ကြိ မ်နဲ့ မုန်တိုင်းငယ် တစ်ကြိမ်တော့ထုတ်ထားတယ်ပေါ့ ။ လက်ရှိမှာ တော့ မုတ်သုံလေအားကောင်းနေတဲ့ အချိန်မှာတော့ လေဖိအားနည်း ရပ်ဝန်းတွေ ၊ မုန်တိုင်းတွေကဖြစ်ဖို့အခွင့်အရေးနည်းတယ်။ မုတ်သုံလေအားနည်းနည်းလျော့သွားပြီဆိုရင်တော့ သူကဖြစ်တော့ဖြစ်နိုင်တယ်’’ဟု ၎င်းကပြောသည်။

ဇူလိုင် ၄ ရက်နေ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ်ရေပြင်၊ မြေပြင်လေသည်တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းသိရသည်။ နောက်နှစ်ရက်အတွင်း မုတ်သုံအားအသင့် အတင့်မှ အားကောင်းနေမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လလယ်တွေင် မုန်တိုင်းတစ် ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလညွှန်ချုပ် သတိပေး

“လက်ရှိမှာတော့ ကပ္ပလီပင်လယ်ပြင်ရော ဘင်္ဂလားပင်လယ်အော်မှာရှိနေတဲ့ ပင်လယ်ရေ မျက်နှာပြင်ရော ပုံမှန်အပူချိန်မှာပဲ ရှိနေတယ်။ မုန်တိုင်းတစ်ခုဖြစ်ဖို့ကို ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာပိုပူရမဲ့အနေအထား ရှိတယ်’’ဟု ဒေါက်တာကျော်မိုးဦး ကပြော သည်။

Add a Comment

Your email address will not be published. Required fields are marked *