ဒီကာလတြင္ မုတ္သုန္ေလအားေကာင္းကာ ေနရာကြက္မိုးၾကီးမႈမ်ားေၾကာင့္ ေတာင္ကုန္း ၊ ေတာင္တန္းရွိ၍ မိုးရြာသြန္းမႈမ်ားေသာေနရာမ်ား တြင္ ေျမၿပိဳက်မႈအႏၲရာယ္မ်ား သတိထားရန္ မိုးဇလ သတိေပးခ်က္ ထုတ္ျပန္

ျမန္မာႏိုင္ငံ တြင္ မိုးရြာသြန္းမႈ အေျခအေန ႏွင့္ပတ္သက္ ၍ ၂၀၂၀ ခုႏွစ္ ဇူလိုင္ (၄) ရက္ တြင္ မိုးေလ၀သႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန မွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ေက်ာ္မိုးဦးကေျပာၾကား သည္ ။

ေတာင္ကုန္း ၊ ေတာင္တန္းရွိ ၍ မိုးရြာသြန္းမႈမ်ားေသာေနရာမ်ား တြင္ ေျမၿပဳိက်မႈ အႏၲရာယ္ရွိႏိုင္ေသာေၾကာင့္ သတိထားရန္ မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန မွ ၫႊန္ၾကား ေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦး ကေျပာ သည္ ။

ေျမၿပိဳက်မႈအႏၲရာယ္မ်ား သတိထားရန္ မိုးဇလ သတိေပးခ်က္ ထုတ္ျပန္

“ ဒီကာလေတြမွာ မုတ္သုံေလအားေကာင္းၿပီ ဆိုေတာ့ မိုးကမ်ားတယ္ ။ အခု လက္ရွိမွာလည္း ေနရာကြက္ မိုးႀကီးတာ တို႔ေဒသ အလိုက္ မိုးႀကီးတာတို႔ ကခ်င္တို႔ဘာတို႔မွာလည္း မိုးကႀကီးေနတာေပါ့။ သုံးေလးေနရာေလာက္ မွာေတာ့ သုံးလက္မနဲ႔အထက္ ရြာတဲ့အေျခအေနမွာ ေတြ႕ရတဲ့အခါၾကေတာ့ ေတာင္ကုန္း ၊ ေတာင္တန္းရွိတဲ့ေနရာ ေတြမွာေတာ့ ဒီလိုမ်ိဳးမိုးမ်ားလာၿပီ ဆိုရင္ေတာ့ ေျမၿပဳိတဲ့ေဘး အႏၲရာယ္ သတိျပဳဖို႔လိုတယ္။ ဖားကန္႔မွာ ကေတာ့ မိုးမ်ားတာေၾကာင့္ ဆိုတာထက္ ေျမစာေတြပုံတာ စကတည္းက အေျခမခိုင္တဲ့အေန အထားမ်ိဳးေတြ ရွိတယ္။ ေရွ႕ မွာေတာ့ မိုးရြာထားတဲ့အေနအထားေတာ့ရွိတာေပါ့ ” ဟု ၎ကေျပာ သည္ ။

ေျမၿပိဳက်မႈအႏၲရာယ္မ်ား သတိထားရန္ မိုးဇလ သတိေပးခ်က္ ထုတ္ျပန္

ဇူလိုင္ ၄ ရက္ မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန ၏ သတင္းထုတ္ျပန္ခ်က္အရ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍မိုးႀကီးႏိုင္ေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၈ ရက္ က မြန္ျပည္နယ္ ေပါင္ၿမိဳ႕ ၊ သဲျဖဴကုန္းေက်းရြာ တြင္ မလတ္ေတာင္ အနီး မိုးရြာသြန္းမႈမ်ား ၍ ေျမၿပဳိက်ခဲ့ၿပီး ၎ေျမၿပဳိ က်မႈျဖစ္စဥ္ေၾကာင့္ လူ ၇၂ ဦးေသဆုံးခဲ့ကာ ဒဏ္ရာရွိသူ ၂၈ ဦး ရွိ ခဲ့ သည္ ။

Unicode

မြန်မာနိုင်ငံ တွင် မိုးရွာသွန်းမှု အခြေအနေ နှင့်ပတ်သက် ၍ ၂၀၂၀ ခုနှစ် ဇူလိုင် (၄) ရက် တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးကပြောကြား သည် ။

တောင်ကုန်း ၊ တောင်တန်းရှိ ၍ မိုးရွာသွန်းမှုများသောနေရာများ တွင် မြေပြိုကျမှု အန္တရာယ်ရှိနိုင်သောကြောင့် သတိထားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး ကပြော သည် ။

မြေပြိုကျမှုအန္တရာယ်များ သတိထားရန် မိုးဇလ သတိပေးချက် ထုတ်ပြန်

“ ဒီကာလတွေမှာ မုတ်သုံလေအားကောင်းပြီ ဆိုတော့ မိုးကများတယ် ။ အခု လက်ရှိမှာလည်း နေရာကွက် မိုးကြီးတာ တို့ဒေသ အလိုက် မိုးကြီးတာတို့ ကချင်တို့ဘာတို့မှာလည်း မိုးကကြီးနေတာပေါ့။ သုံးလေးနေရာလောက် မှာတော့ သုံးလက်မနဲ့အထက် ရွာတဲ့အခြေအနေမှာ တွေ့ရတဲ့အခါကြတော့ တောင်ကုန်း ၊ တောင်တန်းရှိတဲ့နေရာ တွေမှာတော့ ဒီလိုမျိုးမိုးများလာပြီ ဆိုရင်တော့ မြေပြိုတဲ့ဘေး အန္တရာယ် သတိပြုဖို့လိုတယ်။ ဖားကန့်မှာ ကတော့ မိုးများတာကြောင့် ဆိုတာထက် မြေစာတွေပုံတာ စကတည်းက အခြေမခိုင်တဲ့အနေ အထားမျိုးတွေ ရှိတယ်။ ရှေ့ မှာတော့ မိုးရွာထားတဲ့အနေအထားတော့ရှိတာပေါ့ ” ဟု ၎င်းကပြော သည် ။

မြေပြိုကျမှုအန္တရာယ်များ သတိထားရန် မိုးဇလ သတိပေးချက် ထုတ်ပြန်

ဇူလိုင် ၄ ရက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၈ ရက် က မွန်ပြည်နယ် ပေါင်မြို့ ၊ သဲဖြူကုန်းကျေးရွာ တွင် မလတ်တောင် အနီး မိုးရွာသွန်းမှုများ ၍ မြေပြိုကျခဲ့ပြီး ၎င်းမြေပြို ကျမှုဖြစ်စဉ်ကြောင့် လူ ၇၂ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရှိသူ ၂၈ ဦး ရှိ ခဲ့ သည် ။

Add a Comment

Your email address will not be published. Required fields are marked *