နီနီျမင္ရာလုိက္ေ၀ွ႕ ေနတဲ႕ ျပည္တြင္းရွိ စပိန္ ကြၽဲ႐ိုင္းသတ္ပြဲၾကီး နဲ႕ ဖားကန္႕ ေဒသေနာက္ကြယ္

စပိန္ ကြၽဲ႐ိုင္းသတ္ပြဲ မ်ား တြင္ matadors ဆိုသူမ်ား သည္ အနီေရာင္ ပိတ္စႀကီး တကားကား ျဖင့္ ကြၽဲ႐ိုင္းမ်ား ကို ျမႇဴဆြယ္ေလ့ ရွိသည္ ။ တကယ္တမ္း တြင္ ကြၽဲ႐ိုင္းမ်ား က အေရာင္ ကို ခြဲျခားႏိုင္စြမ္း မရွိေပ ။ အနီေရာင္ ပိတ္စ ကို သုံးသည္ ဆိုျခင္း မွာ သူတို႔၏ ေရွ႕တြင္ အရာဝတၳဳတစ္ခု ေ႐ြ႕လ်ားေနသည္ ကို ‌သိသာရန္ အတြက္ ျဖစ္ သည္ ။

အလားတူပင္ မိမိတိုင္းျပည္ တြင္ လည္း အနီေရာင္ ျမင္လွ်င္ မဲမဲျမင္ရာ ကိုလိုက္ ေဝွ႔တတ္ သည့္ ကစားပြဲႀကီး အျဖစ္ ေဖ့ဘုတ္ ေပၚ တြင္ က်င္းပလွ်က္ ရွိေန သည္။

အရွိန္အဟုန္ ျမင့္လာ ေနေသာ ျပည္တြင္း ရွိ စပိန္ ကြၽဲရိုင္း သတ္ပြဲႀကီး

မည္သည့္ အေၾကာင္း ကိစၥ ႀကီးငယ္ မဆို ၎တို႔ အတြက္ အသုံးခ်စရာ ျဖစ္လာရ သည္။ ယခုအခါ ဖားကန႔္ တြင္ မိမိတို႔ ဝမ္းေရး အတြက္ အသက္ေပးသြားရေသာ လူငယ္ေလးမ်ားကိုပင္ ခုတုံးလုပ္ကာ နာရီမဆိုင္း အစိုးရအား တိုက္ခိုက္လာၾက သည္ ။ ထိုအထဲ တြင္ ၂၀၁၅ တုန္းက ကဲ့သို႔ ဂုဏ္သိကၡာ မဲ့ သည့္ အလုပ္ ကို ေျဗာင္က်က် က်ဴးလြန္ခဲ့ ဘူးေသာ သတင္းစာႀကီး တေစာင္သည္ လည္း ထိပ္ဆုံးမွ ပါလာျပန္သည္။

ေဒၚေအာင္ဆန္းစုၾကည္ သည္ ဖားကန႔္ တြင္ ေသဆုံးမႈ ႏွင့္ ပတ္သက္ၿပီး ဤသို႔ ေျပာခဲ့ သည္။

“အားလုံးသိၾက တဲ့ အတိုင္းပဲ ဝမ္းနည္းစြာ နဲ႔ ဖားကန႔္ ကိစၥကို ၾကားၾကၿပီးသားျဖစ္မွာပါ ။ ဖားကန႔္ ကိစၥဟာ က်မတို႔ႏိုင္ငံ အတြက္ ဝမ္းနည္းစရာကိစ္ စျဖစ္တယ္ ။ တစ္ခုကလည္း က်မတို႔အေျခခံျပည္ သူေတြ ရဲ႕ စားဝတ္ေနေရး အခက္အခဲနဲ႔ပတ္သက္ေနတဲ့ ကိစၥလည္း ျဖစ္ျပန္တယ္။ ဖားကန႔္ ကို သြားၿပီးေက်ာက္တူးတယ္ဆိုတာ ေတာ္ေတာ္မ်ားက ဝမ္းစာအတြက္၊ အသက္ေမြးဝမ္းေက်ာင္း အတြက္၊ သြားလုပ္တာျဖစ္ တယ္။ အခု ကြယ္လြန္သြားတဲ့သူေတြထဲမွာ ဆိုရင္ တရားမဝင္တူးေနတဲ့သူေတြလည္း ေတာ္ေတာ္မ်ားမ်ားပါပါတယ္။ တရားမဝင္သြားၿပီးေတာ့ ေက်ာက္တူးေနတယ္ဆိုတာဟာ တရားဝင္အလုပ္ရွာဖို႔ ခက္ခဲေနတဲ့ အေျခအေနေတြ က်မတို႔ႏိုင္ငံမွာ အတိုင္းအတာတစ္ခုထိရွိေနတယ္ဆိုတာ ေဖာ္ျပေနတာပါ။ အဲ့တာကေတာ့ လက္ခံရမယ့္၊ရင္ဆိုင္ရမယ့္၊ ကိစၥတစ္ခုျဖစ္ ပါတယ္”

သို႔ေသာ္ အဆိုပါ သတင္းစာႀကီး က “ေသဆုံးသူမ်ား သည္ တရားမဝင္ အလုပ္လုပ္ ကိုင္သူမ်ားသာ ျဖစ္” ဟူ၍ ေျပာသည္ ဟု အရွက္ ကင္းမဲ့စြာ ေခါင္းစဥ္တပ္လာခဲ့သည္။

အရွိန္အဟုန္ ျမင့္လာ ေနေသာ ျပည္တြင္း ရွိ စပိန္ ကြၽဲရိုင္း သတ္ပြဲႀကီး

ဖားကန႔္တြင္ တူးေဖၚၿပီး က်င္းမ်ားမွ ထြက္လာေသာ ေျမစာပုံမ်ား ၿပိဳက် လာ သျဖင့္ အနည္းဆုံး လူေပါင္း ၁၇၂ ဦး ေသဆုံးခဲ့ ရမႈ တြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ မွ မိမိတို႔ ႏိုင္ငံ၏ အလုပ္လက္မဲ့ ျပႆနာ နက္ရႈိင္းေနဆဲ ျဖစ္သည္ကို ျပဆိုေနသည္ဟု မွန္ကန္စြာ သုံးသပ္ၿပီး ေထာက္ျပသြား ခဲ့ျခင္းသာ ျဖစ္သည္။ တိုင္းျပည္တြင္ အလုပ္အကိုင္မ်ား ဖန္တီးေပးေရးအား ဦးစားေပး လုပ္ေဆာင္သြားရမည္ဟု လည္း ေျပာသြားခဲ့သည္။

ထိုသို႔ ကံမေကာင္း အေၾကာင္း မလွသည့္ ျဖစ္ရပ္ႀကီးသည္ ယခုမွ စတင္ခဲ့သည္ မဟုတ္။ ၂၀၁၅ ႏိုဝင္ဘာလတြင္ တႀကိမ္တခါျဖစ္ခဲ့ဘူးျပန္ရာ လူေပါင္း ၁၁၃ ဦး ေသဆုံး သြား ခဲ့ရသည္။ ယခုတႀကိမ္တြင္ေတာ့ လူေသဆုံးမႈတြင္ စံခ်ိန္တင္ သြားခဲ့ရၿပီ ျဖစ္သည္။

လန္ဒန္ရွိ Global Witness အဖြဲ႕ႀကီး မွ ၂၀၁၄ ခုႏွစ္ကတည္းကပင္ အဆိုပါ လုပ္ငန္းႀကီးအား စစ္တပ္ ႏွင့္ ဆက္သြယ္ေနေသာ ဦးပိုင္ ကုမၸဏီႀကီးမ်ား၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ား ၊၎တို႔ ႏွစ္ဖြဲ႕ႏွင့္ ပတ္သက္ရာ ပတ္သက္ေၾကာင္း ကုမၸဏီႀကီးမ်ားက ႀကိဳးကိုင္ခ်ယ္လွယ္ေနၿပီး လူမႈေရး ႏွင့္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး မ်ားတြင္ ထိေရာက္စြာ အဟန႔္အတားျဖစ္ေစမည့္ စည္းမ်ဥ္းမ်ား ခ်မွတ္ကာ က်င့္သုံးခဲ့ျခင္း မရွိဟူ ၍ ၂၀၁၄ ခုႏွစ္ကတည္းက ထုတ္ျပန္ေသာ အစီရင္ခံစာတြင္ ေဖၚျပထားသည္။ တဆက္တည္း ဆိုသလို ပင္ တႏွစ္လွ်င္ကမာၻ ေက်ာက္စိမ္း ထုတ္လုပ္မႈ၏ ၇၀% ခန႔္ရွိသည့္ လုပ္ငန္းမ်ား မွ ရရွိေသာ ဝင္ေငြသည္ ေဒၚလာ ၃၁ ဘီလီယံ ရွိသည္ ဟုလည္း တြက္ခ်က္ ထုတ္ျပန္ခဲ့သည္။ အမ်ားစုသည္ နယ္စပ္ကို ျဖတ္၍ တ႐ုတ္ျပည္တြင္းသို႔ တင္ပို႔ခဲ့ၾကသည္။

ထို႔အတြက္ လက္ရွိ NLD အစိုးရ မွ ၂၀၁၉ ခုႏွစ္တြင္ ေက်ာက္မ်က္ ဥပေဒ ကို ထုတ္ျပန္ လာခဲ့‌ေသာ္လည္း အဆိုပါ ဥပေဒ ကို ထိထိေရာက္ေရာက္ က်င့္သုံးရမည့္ အဖြဲ႕အစည္းမ်ားက မ်က္ကြယ္ျပဳေနသည့္အခါ အစိုးရ အဖို႔ အစြယ္မရွိ‌ရွာေသာ က်ားႀကီး ဘဝသို႔ ေရာက္ေနရသည္။ ႏိုင္ငံတြင္းပင္ လက္ရွိ တည္ဆဲ တရားဥပေဒမ်ားကို လိုလွ်င္သလို ရႈံ႕ႀကိဳး သဖြယ္ အသုံးခ်ေနသည္မ်ားကို ၾကည့္၍ ယခုလို အလွမ္းေဝးေသာ ေဒသ တြင္ မည္သူမွ် အေရးတယူ လုပ္ၾကေပဦး မည္နည္း။

ထို႔ျပင္ ၎တို႔သည္ လုပ္ငန္းမ်ား ကို အထူး လ်ိဳ႕ဝွက္စြာ လုပ္ကိုင္ေနၾကၿပီး အစိုးရ အဖို႔ သူတို႔ ေပးသေလာက္ အခြန္ ကိုသာ လက္ခံရယူေနရသည္။ ျမန္မာ အစိုးရမွ ခန႔္ထားေသာ ေကာ္မရွင္၏ ေဖေဖၚဝါရီလအတြင္း တြက္ခ်က္မႈ အရ ထုတ္လုပ္မႈ၏ ၆၀-၈၀% အခြန္ ေပးေဆာင္ျခင္း မရွိဟု သိရသည္။ ထို႔ျပင္ အက်ိဳးစီးပြားျခင္း တူညီေနၾကေသာ ကခ်င္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ေကအိုင္ေအ ႏွင့္ တပ္မေတာ္ အၾကား အၿမဲလို တိုက္ပြဲမ်ား ျဖစ္ပြားေနခဲ့ျပန္သည္။

ေကအိုင္ေအ တို႔မွ အစိုးရ ခြင့္ျပဳ ထားေသာ ေက်ာက္တြင္း ပတ္ပတ္လည္တြင္ တရားမဝင္ လာေရာက္ တူးဆြေနသည့္ အလုပ္သမားမ်ားထံမွ အခြန္ေကာက္ယူေနၾကသည္။ ထိုေဒသတြင္ ႏိုင္ငံတဝွမ္းမွ လာေရာက္ လုပ္ကိုင္ေနသူ သုံးသိန္းခန႔္ ရွိေနၿပီး ထိုအထဲတြင္ သုံးပုံႏွစ္ပုံသည္ တရားမဝင္ လာေရာက္ လုပ္ကိုင္‌ေနသူမ်ား ျဖစ္သည္ဟု နယူးေယာက္တိုင္း သတင္းစာတြင္ ေဖၚျပထား သည္။

အရွိန္အဟုန္ ျမင့္လာ ေနေသာ ျပည္တြင္း ရွိ စပိန္ ကြၽဲရိုင္း သတ္ပြဲႀကီး

အလုပ္သမားမ်ား သည္ အခြန္ေပးကာ လုပ္ကိုင္ၾကရသျဖင့္ ေအးေဆးစြာ လုပ္ကိုင္၍ မရေတာ့ပဲ အလုအယက္ ရွာေဖြေနၾကသျဖင့္ အေျခအေနမ်ားမွာ ပိုမို ဆိုးဝါးလာခဲ့သည္။ ျပည္နယ္ လႊတ္ေတာ္အမတ္ ဦးတင္စိုးက မိုင္းတြင္းမ်ားတြင္ မေတာ္တဆ တခုမဟုတ္ တခု ျဖင့္ ေန႔စဥ္လို ေသဆုံးေနသည္ကို သိေနေသာ္လည္း မွတ္တမ္း မွတ္ရာ မ်ားလည္း မရွိဟု ၎က နယူးေယာက္တိုင္းမ္ သတင္းစာကို ေျပာျပခဲ့သည္။ လာေရာက္စစ္ေဆး မည့္ တာဝန္ရွိ သူမ်ားအားလည္း လိုလိုလားလား ပူးေပါင္းေဆာင္႐ြက္ျခင္း မ်ိဳး မရွိ၍ ၾကည့္ၿပီး ျပန္ရသည့္ အဆင့္ထက္ မည္သည့္အခါမွ မပိုခဲ့ေ ပ။

ဥပေဒ စည္းကမ္း ဆိုသည္ မွာ ထိုေဒသတြင္ “ခ်ိဳ” နဲ႔ လားဟူ၍ ေမးရမလို ျဖစ္လာေနၿပီး ေလာဘ၊ေဒါသမ်ား ဖုံးလႊမ္းေနကာ ထိန္းမႏိုင္ သိမ္းမရ ျဖစ္ေနသည္ဟု ဦးတင္စိုးက ဆိုသည္။

တူးေဖၚရသမွ်ကိုလည္း ေကအိုင္ေအ သို႔ ထိန္ခ်န္မထားရဲဘဲ ရွယ္ယာခြဲေပးရေၾကာင္း၊ ထိန္ခ်န္ ထားပါက အစေဖ်ာက္ခံရဘို႔သာ ရွိသည္ဟု ကိုေအာင္ေက်ာ္‌ေဌးက နယူးေယာက္တိုင္းသို႔ ေျပာျပခဲ့ျပန္သည္။ ၎၏ အဆို အရ သူရရွိခဲ့သည့္ ေက်ာက္တလုံးကို ေဒၚလာ ၂,၂၀၀ ႏွင့္ ေရာင္းႏိုင္ခဲ့ ေသာ္လည္း ေကအိုင္ေအ အား ေဒၚလာ ၆၀၀ နီးပါး ေပးခဲ့ရသည္ ဟုလည္း ဆိုသည္။

ယခုအခါ ကိုဗစ္-၁၉ ေၾကာင့္ တ႐ုတ္ ရွိ ေဈးကြက္မ်ား ရပ္ဆိုင္းကုန္ သျဖင့္ ယခင္ကလို သူတေယာက္တည္း ရပ္တည္၍ မရေတာ့ပဲ သူေဌး ထံတြင္ ဝင္လုပ္ရေၾကာင္း၊ သူေဌးက သူတို႔အား ေနစရာ စားစရာ ေပးၿပီး ရလာသမွ် တဝက္ ကို သိမ္းယူသည္ဟု ေျပာျပခဲ့သည္။ ေျမစာပုံ ၿပိဳက်ရာတြင္ ပြတ္ကာ သီကာ အသက္ေဘးမွ လြတ္လာခဲ့ေသာ္လည္း ဒီအလုပ္အျပင္ အျခားလုပ္စရာ မရွိ၍ ငတ္ၿပီးေသရမည္ထက္ အႏၲရာယ္မမ်ား လွဟု လည္း ဆိုသည္ ။

ယခုအခါ လုံးခင္း ဖားကန႔္ ရတနာ နယ္ေျမ အတြင္း ေျမၿပိဳက်မႈ ျဖစ္စဥ္ အတြက္ ျပည္ေထာင္စု ဝန္ႀကီး သုံးဦးႏွင့္ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ပါ စုံစမ္းစစ္ေဆးေရး အဖြဲ႕ကို ဖြဲ႕စည္းလိုက္ေၾကာင္းသိရသည္။ ထိုအထဲတြင္ ျပည္ထဲေရး ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္လည္း ပါဝ င္သည္ ။ ထိုျဖစ္စဥ္ႏွင့္ ပတ္သက္ ၍ သိရသေလာက္ မွာ ကုလ အတြင္းေရးမႉးခ်ဳပ္၊ ႐ုရွားသမၼတ၊ တူရကီ သမၼတ ၊ ဗီယက္နမ္ ဝန္ႀကီးခ်ဳပ္ တို႔မွ အစိုးရထံ ဝမ္းနည္းေၾကာင္း သဝဏ္လႊာမ်ား ေပးပို႔ခဲ့ၾက သည္ ။

လွစိုးေဝ

Unicode

စပိန် ကျွဲရိုင်းသတ်ပွဲ များ တွင် matadors ဆိုသူများ သည် အနီရောင် ပိတ်စကြီး တကားကား ဖြင့် ကျွဲရိုင်းများ ကို မြှူဆွယ်လေ့ ရှိသည် ။ တကယ်တမ်း တွင် ကျွဲရိုင်းများ က အရောင် ကို ခွဲခြားနိုင်စွမ်း မရှိပေ ။ အနီရောင် ပိတ်စ ကို သုံးသည် ဆိုခြင်း မှာ သူတို့၏ ရှေ့တွင် အရာဝတ္ထုတစ်ခု ရွေ့လျားနေသည် ကို ‌သိသာရန် အတွက် ဖြစ် သည် ။

အလားတူပင် မိမိတိုင်းပြည် တွင် လည်း အနီရောင် မြင်လျှင် မဲမဲမြင်ရာ ကိုလိုက် ဝှေ့တတ် သည့် ကစားပွဲကြီး အဖြစ် ဖေ့ဘုတ် ပေါ် တွင် ကျင်းပလျှက် ရှိနေ သည်။

အရှိန်အဟုန် မြင့်လာ နေသော ပြည်တွင်း ရှိ စပိန် ကျွဲရိုင်း သတ်ပွဲကြီး

မည်သည့် အကြောင်း ကိစ္စ ကြီးငယ် မဆို ၎င်းတို့ အတွက် အသုံးချစရာ ဖြစ်လာရ သည်။ ယခုအခါ ဖားကန့် တွင် မိမိတို့ ဝမ်းရေး အတွက် အသက်ပေးသွားရသော လူငယ်လေးများကိုပင် ခုတုံးလုပ်ကာ နာရီမဆိုင်း အစိုးရအား တိုက်ခိုက်လာကြ သည် ။ ထိုအထဲ တွင် ၂၀၁၅ တုန်းက ကဲ့သို့ ဂုဏ်သိက္ခာ မဲ့ သည့် အလုပ် ကို ဗြောင်ကျကျ ကျူးလွန်ခဲ့ ဘူးသော သတင်းစာကြီး တစောင်သည် လည်း ထိပ်ဆုံးမှ ပါလာပြန်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဖားကန့် တွင် သေဆုံးမှု နှင့် ပတ်သက်ပြီး ဤသို့ ပြောခဲ့ သည်။

“အားလုံးသိကြ တဲ့ အတိုင်းပဲ ဝမ်းနည်းစွာ နဲ့ ဖားကန့် ကိစ္စကို ကြားကြပြီးသားဖြစ်မှာပါ ။ ဖားကန့် ကိစ္စဟာ ကျမတို့နိုင်ငံ အတွက် ဝမ်းနည်းစရာကိစ် စဖြစ်တယ် ။ တစ်ခုကလည်း ကျမတို့အခြေခံပြည် သူတွေ ရဲ့ စားဝတ်နေရေး အခက်အခဲနဲ့ပတ်သက်နေတဲ့ ကိစ္စလည်း ဖြစ်ပြန်တယ်။ ဖားကန့် ကို သွားပြီးကျောက်တူးတယ်ဆိုတာ တော်တော်များက ဝမ်းစာအတွက်၊ အသက်မွေးဝမ်းကျောင်း အတွက်၊ သွားလုပ်တာဖြစ် တယ်။ အခု ကွယ်လွန်သွားတဲ့သူတွေထဲမှာ ဆိုရင် တရားမဝင်တူးနေတဲ့သူတွေလည်း တော်တော်များများပါပါတယ်။ တရားမဝင်သွားပြီးတော့ ကျောက်တူးနေတယ်ဆိုတာဟာ တရားဝင်အလုပ်ရှာဖို့ ခက်ခဲနေတဲ့ အခြေအနေတွေ ကျမတို့နိုင်ငံမှာ အတိုင်းအတာတစ်ခုထိရှိနေတယ်ဆိုတာ ဖော်ပြနေတာပါ။ အဲ့တာကတော့ လက်ခံရမယ့်၊ရင်ဆိုင်ရမယ့်၊ ကိစ္စတစ်ခုဖြစ် ပါတယ်”

သို့သော် အဆိုပါ သတင်းစာကြီး က “သေဆုံးသူများ သည် တရားမဝင် အလုပ်လုပ် ကိုင်သူများသာ ဖြစ်” ဟူ၍ ပြောသည် ဟု အရှက် ကင်းမဲ့စွာ ခေါင်းစဉ်တပ်လာခဲ့သည်။

အရှိန်အဟုန် မြင့်လာ နေသော ပြည်တွင်း ရှိ စပိန် ကျွဲရိုင်း သတ်ပွဲကြီး

ဖားကန့်တွင် တူးဖေါ်ပြီး ကျင်းများမှ ထွက်လာသော မြေစာပုံများ ပြိုကျ လာ သဖြင့် အနည်းဆုံး လူပေါင်း ၁၇၂ ဦး သေဆုံးခဲ့ ရမှု တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ မှ မိမိတို့ နိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာ နက်ရှိုင်းနေဆဲ ဖြစ်သည်ကို ပြဆိုနေသည်ဟု မှန်ကန်စွာ သုံးသပ်ပြီး ထောက်ပြသွား ခဲ့ခြင်းသာ ဖြစ်သည်။ တိုင်းပြည်တွင် အလုပ်အကိုင်များ ဖန်တီးပေးရေးအား ဦးစားပေး လုပ်ဆောင်သွားရမည်ဟု လည်း ပြောသွားခဲ့သည်။

ထိုသို့ ကံမကောင်း အကြောင်း မလှသည့် ဖြစ်ရပ်ကြီးသည် ယခုမှ စတင်ခဲ့သည် မဟုတ်။ ၂၀၁၅ နိုဝင်ဘာလတွင် တကြိမ်တခါဖြစ်ခဲ့ဘူးပြန်ရာ လူပေါင်း ၁၁၃ ဦး သေဆုံး သွား ခဲ့ရသည်။ ယခုတကြိမ်တွင်တော့ လူသေဆုံးမှုတွင် စံချိန်တင် သွားခဲ့ရပြီ ဖြစ်သည်။

လန်ဒန်ရှိ Global Witness အဖွဲ့ကြီး မှ ၂၀၁၄ ခုနှစ်ကတည်းကပင် အဆိုပါ လုပ်ငန်းကြီးအား စစ်တပ် နှင့် ဆက်သွယ်နေသော ဦးပိုင် ကုမ္ပဏီကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၊၎င်းတို့ နှစ်ဖွဲ့နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ကုမ္ပဏီကြီးများက ကြိုးကိုင်ချယ်လှယ်နေပြီး လူမှုရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး များတွင် ထိရောက်စွာ အဟန့်အတားဖြစ်စေမည့် စည်းမျဉ်းများ ချမှတ်ကာ ကျင့်သုံးခဲ့ခြင်း မရှိဟူ ၍ ၂၀၁၄ ခုနှစ်ကတည်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ တဆက်တည်း ဆိုသလို ပင် တနှစ်လျှင်ကမ္ဘာ ကျောက်စိမ်း ထုတ်လုပ်မှု၏ ၇၀% ခန့်ရှိသည့် လုပ်ငန်းများ မှ ရရှိသော ဝင်ငွေသည် ဒေါ်လာ ၃၁ ဘီလီယံ ရှိသည် ဟုလည်း တွက်ချက် ထုတ်ပြန်ခဲ့သည်။ အများစုသည် နယ်စပ်ကို ဖြတ်၍ တရုတ်ပြည်တွင်းသို့ တင်ပို့ခဲ့ကြသည်။

ထို့အတွက် လက်ရှိ NLD အစိုးရ မှ ၂၀၁၉ ခုနှစ်တွင် ကျောက်မျက် ဥပဒေ ကို ထုတ်ပြန် လာခဲ့‌သော်လည်း အဆိုပါ ဥပဒေ ကို ထိထိရောက်ရောက် ကျင့်သုံးရမည့် အဖွဲ့အစည်းများက မျက်ကွယ်ပြုနေသည့်အခါ အစိုးရ အဖို့ အစွယ်မရှိ‌ရှာသော ကျားကြီး ဘဝသို့ ရောက်နေရသည်။ နိုင်ငံတွင်းပင် လက်ရှိ တည်ဆဲ တရားဥပဒေများကို လိုလျှင်သလို ရှုံ့ကြိုး သဖွယ် အသုံးချနေသည်များကို ကြည့်၍ ယခုလို အလှမ်းဝေးသော ဒေသ တွင် မည်သူမျှ အရေးတယူ လုပ်ကြပေဦး မည်နည်း။

ထို့ပြင် ၎င်းတို့သည် လုပ်ငန်းများ ကို အထူး လျို့ဝှက်စွာ လုပ်ကိုင်နေကြပြီး အစိုးရ အဖို့ သူတို့ ပေးသလောက် အခွန် ကိုသာ လက်ခံရယူနေရသည်။ မြန်မာ အစိုးရမှ ခန့်ထားသော ကော်မရှင်၏ ဖေဖေါ်ဝါရီလအတွင်း တွက်ချက်မှု အရ ထုတ်လုပ်မှု၏ ၆၀-၈၀% အခွန် ပေးဆောင်ခြင်း မရှိဟု သိရသည်။ ထို့ပြင် အကျိုးစီးပွားခြင်း တူညီနေကြသော ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ နှင့် တပ်မတော် အကြား အမြဲလို တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပြန်သည်။

ကေအိုင်အေ တို့မှ အစိုးရ ခွင့်ပြု ထားသော ကျောက်တွင်း ပတ်ပတ်လည်တွင် တရားမဝင် လာရောက် တူးဆွနေသည့် အလုပ်သမားများထံမှ အခွန်ကောက်ယူနေကြသည်။ ထိုဒေသတွင် နိုင်ငံတဝှမ်းမှ လာရောက် လုပ်ကိုင်နေသူ သုံးသိန်းခန့် ရှိနေပြီး ထိုအထဲတွင် သုံးပုံနှစ်ပုံသည် တရားမဝင် လာရောက် လုပ်ကိုင်‌နေသူများ ဖြစ်သည်ဟု နယူးယောက်တိုင်း သတင်းစာတွင် ဖေါ်ပြထား သည်။

အရှိန်အဟုန် မြင့်လာ နေသော ပြည်တွင်း ရှိ စပိန် ကျွဲရိုင်း သတ်ပွဲကြီး

အလုပ်သမားများ သည် အခွန်ပေးကာ လုပ်ကိုင်ကြရသဖြင့် အေးဆေးစွာ လုပ်ကိုင်၍ မရတော့ပဲ အလုအယက် ရှာဖွေနေကြသဖြင့် အခြေအနေများမှာ ပိုမို ဆိုးဝါးလာခဲ့သည်။ ပြည်နယ် လွှတ်တော်အမတ် ဦးတင်စိုးက မိုင်းတွင်းများတွင် မတော်တဆ တခုမဟုတ် တခု ဖြင့် နေ့စဉ်လို သေဆုံးနေသည်ကို သိနေသော်လည်း မှတ်တမ်း မှတ်ရာ များလည်း မရှိဟု ၎င်းက နယူးယောက်တိုင်းမ် သတင်းစာကို ပြောပြခဲ့သည်။ လာရောက်စစ်ဆေး မည့် တာဝန်ရှိ သူများအားလည်း လိုလိုလားလား ပူးပေါင်းဆောင်ရွက်ခြင်း မျိုး မရှိ၍ ကြည့်ပြီး ပြန်ရသည့် အဆင့်ထက် မည်သည့်အခါမှ မပိုခဲ့ေ ပ။

ဥပဒေ စည်းကမ်း ဆိုသည် မှာ ထိုဒေသတွင် “ချို” နဲ့ လားဟူ၍ မေးရမလို ဖြစ်လာနေပြီး လောဘ၊ဒေါသများ ဖုံးလွှမ်းနေကာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်ဟု ဦးတင်စိုးက ဆိုသည်။

တူးဖေါ်ရသမျှကိုလည်း ကေအိုင်အေ သို့ ထိန်ချန်မထားရဲဘဲ ရှယ်ယာခွဲပေးရကြောင်း၊ ထိန်ချန် ထားပါက အစဖျောက်ခံရဘို့သာ ရှိသည်ဟု ကိုအောင်ကျော်‌ဌေးက နယူးယောက်တိုင်းသို့ ပြောပြခဲ့ပြန်သည်။ ၎င်း၏ အဆို အရ သူရရှိခဲ့သည့် ကျောက်တလုံးကို ဒေါ်လာ ၂,၂၀၀ နှင့် ရောင်းနိုင်ခဲ့ သော်လည်း ကေအိုင်အေ အား ဒေါ်လာ ၆၀၀ နီးပါး ပေးခဲ့ရသည် ဟုလည်း ဆိုသည်။

ယခုအခါ ကိုဗစ်-၁၉ ကြောင့် တရုတ် ရှိ ဈေးကွက်များ ရပ်ဆိုင်းကုန် သဖြင့် ယခင်ကလို သူတယောက်တည်း ရပ်တည်၍ မရတော့ပဲ သူဌေး ထံတွင် ဝင်လုပ်ရကြောင်း၊ သူဌေးက သူတို့အား နေစရာ စားစရာ ပေးပြီး ရလာသမျှ တဝက် ကို သိမ်းယူသည်ဟု ပြောပြခဲ့သည်။ မြေစာပုံ ပြိုကျရာတွင် ပွတ်ကာ သီကာ အသက်ဘေးမှ လွတ်လာခဲ့သော်လည်း ဒီအလုပ်အပြင် အခြားလုပ်စရာ မရှိ၍ ငတ်ပြီးသေရမည်ထက် အန္တရာယ်မများ လှဟု လည်း ဆိုသည် ။

ယခုအခါ လုံးခင်း ဖားကန့် ရတနာ နယ်မြေ အတွင်း မြေပြိုကျမှု ဖြစ်စဉ် အတွက် ပြည်ထောင်စု ဝန်ကြီး သုံးဦးနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်းသိရသည်။ ထိုအထဲတွင် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း ပါဝ င်သည် ။ ထိုဖြစ်စဉ်နှင့် ပတ်သက် ၍ သိရသလောက် မှာ ကုလ အတွင်းရေးမှူးချုပ်၊ ရုရှားသမ္မတ၊ တူရကီ သမ္မတ ၊ ဗီယက်နမ် ဝန်ကြီးချုပ် တို့မှ အစိုးရထံ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြ သည် ။

လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *