ပုသိမ်တွင် ထိုင်းနိုင်ငံက ပြန်လာသူ အမျိုးသား (၁) ဦး Q စင်​တာ ၀င်ရောက်နေစဉ် ကြိုးဆွဲချ ​သေဆုံး

ဧရာတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သမ၀ါယမ သင်တန်းကျောင်း မှာ ပြည်ပနိုင်ငံကပြန်လာသူများ အား အသွားအလာကန့်သတ်စောင့်ကြည့်သည့်ေ​နရာတွင်​ ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းက အမျိုးသား ၁ ဦးကြိုးဆွဲချ သေဆုံး ခဲ့​ကြောင်း သတင်း ရရှိသည်​။

ကြိုးဆွဲချသေဆုံး ခဲ့တဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံ ကပြန်လာပြီး အသွားအလာကန့်သတ်စောင့် ကြည့်ခံနေရ တဲ့ အသက် ၂၇ နှစ်အရွယ် ကိုနေထက်လင်း၊ မဲဇင်းရွာ၊ မြန်အောင်မြို့နယ်နေထိုင် သူဖြစ်တယ် လို့ တာဝန် ရှိသူက ​ပြော သည် ​။

ပုသိမ်တွင် ထိုင်းနိုင်ငံက ပြန်လာသူ အမျိုးသား (၁) ဦး Q စင်​တာ ၀င်ရောက်နေစဉ် ကြိုးဆွဲချ ​သေဆုံး

” မိုးကလည်း ရွာနေတော့ ကျနော် တို့က အပြင်ဘက်က ကြည့်နေရတာ အသံက သိပ်မကြား ရဘူးလေ ၊ သူက အိမ်သာထဲ ၀င်သွားပြီး ကြိုးဆွဲချနေတာ၊ တော်တော်ကြာ မှ သိရ တာ၊ အဲ့တာနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကို ဆက်အကြောင်းကြားပြီး စစ်ဆေးတာတွေ လုပ်ရတာ ” ဟု ​ပြောသည် ​။

သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက် ရှိလာချိန် မှာ ထိုင်းနိုင်ငံ၊ မဟာချိုင် မှာ ဆောက်လုပ်ရေး အလုပ်သွားရောက် အလုပ်လုပ်ပြီး ပြန်လာကာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေစဉ် သမ၀ါယမကျောင်းအတွင်း ရဲ့ အိမ်သာထဲမှာ ပီနံ ကြိုးအသုံးပြုပြီး ကြိုးဆွဲချသေဆုံးခဲ့ ​ကြောင်း တာဝန်ရှိသူများ ထံမှ သိ ရသည်​။

အသွားအလာကန့်သတ်စောင့်ကြည့်ခံနေ စဉ် ကြိုးဆွဲချသေဆုံး ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား ရဲ့ ရုပ်အလောင်း ကို ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ စစ်ဆေးတာတွေပြုလုပ်ဖို့ ပို့ဆောင်ခဲ့​ကြောင်း သိရ သည်​။

Ayeyarwaddy Times

Add a Comment

Your email address will not be published. Required fields are marked *