” တောင်ကိုရီးယား အာဏာရှင်သမ္မတ ကို စားပွဲဝိုင်း မှာ ပစ်သတ် ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ” ( သို့ ) ပြောင်းလဲမှု အတွက် သေနတ်တစ်ချက်

ဒီ ပုံထဲ မှာ ပါတဲ့လူ က “ ကင်မ်ဂျေးဂျူ ” လို့ခေါ် ပါ တယ်

Kim Jae-kyu

“ ဒဲဟန်းမင်ဂု ” လို့ခေါ်တဲ့ တောင်ကိုရီးယားနိုင်ငံ ရဲ့ ထောက်လှမ်းရေး အကြီးအကဲဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အဆင့် ရှိပါတယ် ။သူဟာ တောင်ကိုရီးယားနိုင်ငံ ကို ၁၆နှစ်ကြာ အုပ်စိုးထားခဲ့တဲ့ အာဏာရှင် သမ္မတ “ ပတ်ချောင်ဟီး ” ကိုအခုမြင်ရတဲ့ စားပွဲဝိုင်း မှာ ပစ်သတ် ခဲ့ ပါတယ်

ဒီပုံ ဟာ သူအဖမ်းခံရပြီးနောက် လုပ်ကြံမှု ကို ပြန်လည် သရုပ်ပြနေပုံပဲဖြစ် ပါတယ် ။သူ့ ရဲ့လုပ်ကြံမှုကြီး ကတော့ တောင်ကိုရီးယားနိုင်ငံကြီး ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးလိုက်နိုင်တဲ့ လုပ်ကြံမှုပဲဖြ စ်ပါတယ်

President Park Chung-hee

“ ပတ်ချောင်ဟီး ” ဟာ ဗိုလ်ချုပ်ကြီးကနေ သမ္မတဖြစ် လာတာဖြစ်ပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ ပါတယ် ။ လွန်ခဲ့သောသုံးနှစ်ခန့်က လာဘ်စားမှုနဲ့ ရာထူးကဖြုတ်ချအရေးယူခံခဲ့ရတဲ့ သမ္မတ “ ပတ်ကွမ်ဟီး ” ဟာ “ပတ်ချောင်ဟီး” ရဲ့သမီးဖြစ် ပါတယ် ။

President Park Chung-hee

သားအဖနှစ်ယောက်စလုံးဟာ သမ္မတကိုယ်စီဖြစ်ခဲ့ကြပေမဲ့ ဇာတ်သိမ်းကတော့ မကောင်းခဲ့ကြပါဘူး။တောင်ကိုရီးယားနိုင်ငံ ရဲ့ ဒီမိုကရေစီခရီးလမ်းဟာ လည်း ခက်ခဲကြမ်းတမ်းခဲ့ ပါတယ် ။အရေးတော် ပုံတွေ တော်လှန်ရေးတွေ များစွာဆင်နွှဲ အပြီး မှာတော့ ယနေ့ခေတ် အာရှထိပ်သီးနိုင်ငံကြီး အဖြစ်ရပ်တည်နိုင်ခဲ့ ပါပြီ

Kim Jae-kyu

တောင်ကိုရီးယားနိုင်ငံ ရဲ့ တရားဥပဒေစိုးမိုးမှုက အားကောင်းလှ သလို အမေရိကန် ရဲ့စီးပွားရေးမိတ်ဖက်ဖြစ်ခဲ့ခြင်းရဲ့ ရလဒ် အဖြစ် အာရှရဲ့ အချမ်းသာဆုံး ထိပ်သီးနိုင်ငံ အဖြစ် မြန်မြန်ဆန်ဆန်ပြောင်း လဲ လာခဲ့ ပါတယ်

Kim Jae-kyu, chief of the intelligence agency, stands trial for assassinating President Park Chung-hee in 1979.

“ ကင်မ်ဂျေးဂျူ ” ရဲ့ သေနတ်တစ်ချက် ဟာ ဒီပြုပြင်ပြောင်းလဲမှုတွေ အတွက် အဓိကကျတဲ့နေရာက ပါခဲ့တယ် လို့ ဆိုနိုင် ပါတယ် ။ ဒီလုပ်ကြံမှု အတွက် “ကင်မ်” ဟာ သေဒဏ်ပေးခံခဲ့ ရပါတယ် ။

စွမ်းထက်မိုး

Add a Comment

Your email address will not be published. Required fields are marked *