တရုတ်ကို ဝေဖန်သူ နိုင်ငံတကာက ဘယ်သူမဆို ဟောင်ကောင်ရောက်တာ နဲ့ အဖမ်းခံရတော့ မှာလား ….

လွန်ခဲ့တဲ့ တစ်နှစ် က တရုတ်ပြည်မကြီး နဲ့သဘောကွဲပြား တဲ့ သြစတြေလျနိုင်ငံသား တရုတ်သြစတြေလျ ကပြား ဘာဒိုင်ကော်ဟာ တရုတ်ကွန်မြူနစ်ပါတီ ကို ဝေဖန်မှု အများစုဖြစ်တဲ့ သူ့နိုင်ငံရေးလုပ်ငန်းတွေ ကို ခင်းကျင်းပြသ ဖို့ ဟောင်ကောင် မှာ နေရာတစ်နေရာ ရှာဖွေခဲ့ ပါတယ်။

အခုတော့ ဟောင်ကောင်လေဆိပ် ကို ခရီးထောက် အဖြစ်တောင် ဖြတ်မသွားရဲတော့ ပါဘူး၊ ဇူလိုင်လ ၇ ရက် မှာ စတင်သက်ရောက်မယ့် ဟောင်ကောင် ရဲ့ နိုင်ငံတော်လုံခြုံရေးဥပဒသစ်ကြောင့် အဖမ်းခံရမှာ စိုးရိမ်ရလို့ပါပဲ။

တရုတ်တွေ မှ မဟုတ်ပါဘူး၊ တရုတ်ပြည်မကြီး နဲ့ ဟောင်ကောင်က လူ့အခွင့်အရေးအခြေအနေ ကို ပြစ်တင်ဝေဖန် တဲ့ ကမ္ဘာပေါ်က ဘယ်နိုင်ငံခြားသား မဆို ဟောင်ကောင်မြေနင်း မိတာနဲ့ ထောင်ထဲရောက်သွားနိုင်မယ့် အန္တရာယ်ရှိနေပြီ၊ လေဆိပ်ကိုဖြတ်သွားရုံ နဲ့တင် စွန့်စားရာရောက်နေပြီ လို့ ဆိုပါတယ်။

တရုတ်ကို ဝေဖန်သူ နိုင်ငံတကာက ဘယ်သူမဆို ဟောင်ကောင်ရောက်တာ နဲ့ အဖမ်းခံရတော့ မှာလား ….

ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ဟောင်ကောင်ဟာ တရုတ်နွယ်ဖွားတွေ၊ အနောက်တိုင်းပညာရှင်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ဂျီအိုတွေအတွက် ဘေးကင်းတဲ့ဆုံတွေ့ရာရပ်ဝန်းလည်းဖြစ်၊ တရုတ်ပြည်မကြီးကို ဝေဖန်ဖို့စည်းရုံးဆွေးနွေးရာလည်း ဖြစ်ခဲ့ပြီး ဒီ့ အတွက် အများအားဖြင့် ဘာအကျိုးဆက်မှ မရှိခဲ့ ပါဘူး။ အခုတော့ ဒီလို ဆက်မရှိနိုင်တော့ ပါဘူး။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းကတော့ ဥပဒေသစ်ဟာ ပြီးခဲ့တဲ့လ အနည်းငယ် အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကသောင်းကနင်း ဖြစ်ရပ်တွေနဲ့ အကြမ်းဖက်မှုတွေ ကို အဆုံး သတ်စေမယ့် အရေးပါတဲ့ခြေလှမ်း လို့ ကာကွယ်ပြောဆိုခဲ့ ပါတယ် ။ ဟောင်ကောင် မှာ ပြီးခဲ့တဲ့နှစ် က ဖြစ်ခဲ့တဲ့ ဒီမိုကရေစီတောင်း ဆိုခဲ့ ဆန္ဒပြမှုတွေ ကို တုန့်ပြန်တဲ့အနေ နဲ့ တရုတ်ဗဟို အစိုးရက ဟောင်ကောင်အတွက် နိုင်ငံတော်လုံခြုံရေးဥပဒေသစ် ကို ပြဌာန်းခဲ့ ပါတယ် ။

ဟောင်ကောင်ဆန္ဒပြမှုတွေဟာ တရုတ်ကွန်မြူနစ် ပါတီအုပ်စိုးမှု ကို တိုက်ရိုက်စိန်ခေါ်မှုအဖြစ် ပေကျင်းကရှုမြင်ပြီး နိုင်ငံခြားအင်အားစုတွေ လှုံ့ဆော်မှုကြောင့်လို့ အပြစ်တင်ခဲ့ပါတယ်။ ဥပဒေမှာ ခွဲထွက်မှု၊ အဖျက်အမှောင့် ပြုမှု၊ အကြမ်းဖက်မှုနဲ့ ပြည်ပနိုင်ငံ တစ်ခု နဲ့ ပူးပေါင်းကြံစည်မှုရယ်လို့ ရာဇ၀တ်မှု အသစ်လေးမျိုး ကို အဓိပ္ပါယ်ဖွင့်ဆိုထားပြီး ဒီပြစ်မှုစွဲချက်တွေအရ အမြင့်ဆုံး ထောင်ဒဏ်တစ်သက် အထိ ချမှတ်ခံရနိုင် ပါ တယ် ။

တရုတ်ကို ဝေဖန်သူ နိုင်ငံတကာက ဘယ်သူမဆို ဟောင်ကောင်ရောက်တာ နဲ့ အဖမ်းခံရတော့ မှာလား ….

ဥပဒေဟာ ဒေသခံတွေ ရဲ့ ဆန့်ကျင်မှု ရပ်ဆိုင်းစေဖို့ အဓိက အာရုံ စိုက်ထားပေမယ့် ကမ္ဘာ့ဥပဒေ ကျွမ်းကျင်သူတွေ မျက်ခုန်း ပင့်ကြည့်စရာ ပိုဒ်မ ၃၈ လို ပြဌာန်းချက်လည်း ပါဝင်နေပါတယ်။ ဟောင်ကောင်အပြင်မှာနေတဲ့ တရုတ်နိုင်ငံသား မဟုတ်တဲ့ သူတွေတောင် အပြစ်ပေးခံရမယ့် သဘောမျိုး ပြဌာန်း ထား တယ် လို့ ဆို ပါတယ် ။

တရုတ်အစိုးရကို မကြာခဏဝေဖန်နေ တဲ့ အမေရိကန် က ရီပတ်ဘလီကန် ဆီးနိတ်အမတ် မာကိုရူဘီအိုက အမေရိကန်နိုင်ငံ သားတွေ ဟောင်ကောင် ကို မသွား ဖို့ ထပ်သတိပေးလိုက် ပါတယ်။ ဟောင်ကောင် ကို စီးပွားရေး အရဖြစ်ဖြစ် အပန်းဖြေဖြစ်ဖြစ် သွားမယ့် ဘယ် အမေရိကန်မဆို အဲဒီစိတ်ကူးဖျက်ပစ်လိုက်ကြပါ လို့ တွစ်တာ မှာ ရေးတင်ခဲ့ ပါတယ် ။

တရုတ်ကို ဝေဖန်သူ နိုင်ငံတကာက ဘယ်သူမဆို ဟောင်ကောင်ရောက်တာ နဲ့ အဖမ်းခံရတော့ မှာလား ….

တိန်အန်မင်ရင်ပြင် အစုလိုက် အသတ်ခံရမှုမှ လွတ်မြောက်ခဲ့ပြီး တရုတ်နိုင်ငံလူသားချင်းစာနာမှုအသင်း ဥက္ကဌဖြစ်တဲ့ ဇူ ဖန်ဆောဟာ ဇွန်လ ၄ ရက်နေ့က ဟောင်ကောင်မှာ ကျင်းပတဲ့ တိန်အန်မင်အရေးအခင်း အမှတ်တရ အခမ်းအနား ကို တက်ရောက်ခဲ့ ပါတယ်။ သူဟာ ၂၀၁၄ က Umbrella Revolution မှာလည်း ပါဝင်ခဲ့ဖူး ပါတယ် ။ အမေရိကန်နိုင်ငံသား တစ်ယောက်ဖြစ်နေတဲ့သူက နောက်တစ်ကြိမ် တိန်အန်မင်ရင်ပြင် အမှတ်တရ အခမ်းအနားတက်ရောက် ဖို့ ဟောင်ကောင် ကို လာရဲတော့မှာ မဟုတ်ဘူးလို့ ပြော ပါတယ်။

တရုတ်ကို ဝေဖန်သူ နိုင်ငံတကာက ဘယ်သူမဆို ဟောင်ကောင်ရောက်တာ နဲ့ အဖမ်းခံရတော့ မှာလား ….

တရုတ်ပြည်မ ကိုဝေဖန်သူတွေ ဟောင်ကောင် ကိုသွားဖို့ ဘယ်လောက် စိုးရိမ်စရာ ရှိသလဲ တရုတ်အစိုးရက ဥပဒေသစ် ကိုသုံးဖို့ ဘယ်လို ရည်ရွယ်ထားသလဲ ဆိုတာတော့ မသဲကွဲလှသေးဘူးလို့ ဥပဒေကျွမ်းကျင်သူတွေ နဲ့ တရုတ်နွယ်ဖွား အတော်များများက သဘောတူကြ ပါတ ယ်။ ပြည်မကြီးက ဒီဥပဒေသစ် ကိုသုံးပြီး ဟောင်ကောင်က နာမည်ကြီးသ ပိတ်ခေါင်းဆောင်တွေ ကို မြန်မြန်ဖမ်းပစ်လိုက်ခြင်း နဲ့ ကျန်တဲ့သူတွေ အသံတိတ်သွားအောင် လုပ်လာဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ လည်း ထွက်ပေါ်နေ ပါတယ်။

သူတို့ချမှတ်ထား တဲ့ ပင်နယ်တီမျဉ်းက ဘယ်မှာလဲဆိုတာ မသိတဲ့ အချိန် အခါ ဖြစ်နေပြီး သူတို့သြဇာကို သူတို့လိုချင် သလို ချဲ့ထွင်နိုင်တဲ့ အခြေအနေဖြစ်နေတယ် လို့လည်း ဘာဒိုင်ကော်က ထပ်ပြီးသတိပေးခဲ့ ပါကြောင်း ။

Add a Comment

Your email address will not be published. Required fields are marked *