ကိုဗစ်အစ စပိန်ကလို့ ပြောင်ပြောင်တင်းတင်း စွပ်စွဲလာတဲ့ တရုတ် ကိုရိုနာဗီဇ ကို (၂၀၁၃ ) ခုနှစ်ကတည်းက သိရှိခဲ့ပေမယ့် ကမ္ဘာကို အသိပေးခြင်းမရှိခဲ့ဟုဆို

တရုတ်နိုင်ငံက သိပ္ပံ ပညာရှင်တွေဟာ ကိုရိုနာ ဗိုင်းရပ်ဗီဇ ကို ( ၂၀၁၃ )ခုနှစ် ကတည်းက လျှို့ဝှက် တွေ့ရှိခဲ့ပေ မယ့် ကမ္ဘာ ကိုတော့ အသိပေးခဲ့ခြင်း မရှိပါဘူး ။ တရုတ် သိပ္ပံပညာရှင်တွေ ဟာ ကိုဗစ်-၁၉နဲ့ ဆင်တူတဲ့ ဗိုင်းရပ်စ်ဗီဇတ စ်ခု ကို စွန့်ပစ်မိုင်းတွင်း တစ်ခုကနေ လျှိ့ဝှက်တွေ့ရှိခဲ့ တာပါ ။ ဒီဖော်ထုတ်ရေးသားမှု ကို The Sunday Times သတင်းစာက ပြုလုပ်ခဲ့ တာပါ။

ကိုရိုနာဗီဇ ကို (၂၀၁၃ ) ခုနှစ်ကတည်းက သိရှိခဲ့ပေမယ့် ကမ္ဘာကို အသိပေးခြင်းမရှိခဲ့ဟုဆို

တရုတ် သိပ္ပံပညာရှင်တွေ ဟာ အဲဒီ ဗိုင်းရပ်စ်ဗီဇ ကို ဝူဟန် ဓာတ်ခွဲခန်းဆီ ယူဆောင်ပြီး၊ မျိုးကွဲတွေ မြောက်များစွာပွားကာ လျှို့ဝှက်စမ်းသပ်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါဗိုင်းရပ်စ်ဗီဇတွေ ကို မြင်းခွာပုံလင်းနို့တွေ ရဲ့ မစင်၊ သလိပ်နဲ့ တံတွေးစသည်တို့ကနေ တွေ့ရှိခဲ့တာ လို့ ကနဦး သတင်းတွေက ဆို ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက သတ္ထုမိုင်းတွင်းဟောင်းတွေ မှာ ကိုရိုနာ သယ်ဆောင် တဲ့ လင်းနို့တွေ မြောက်များစွာ ရှိနေတယ် လို့ ယူဆရ ပါတယ်။ တရုတ် တို့အနေနဲ့ ပြီးခဲ့တဲ့ (၇)နှစ်လောက်ကတည်း က ဒီဗိုင်းရပ်စ် ရဲ့ ဗီဇ ကို သိရှိနေခဲ့တာပါ ။ ဒါပေမယ့် ကမ္ဘာကို ချပြဖို့ ပျက်ကွက်ခဲ့ပြီး၊ WHO ဆီကို ပို့ပေးတဲ့ အချက်အလက်တွေ သည်ပင် အမှန်တွေလို့ ယူဆလို့မရဘူး လို့ အနောက်သတင်းတွေက ဆိုနေပါတယ်။

ကိုရိုနာဗီဇ ကို (၂၀၁၃ ) ခုနှစ်ကတည်းက သိရှိခဲ့ပေမယ့် ကမ္ဘာကို အသိပေးခြင်းမရှိခဲ့ဟုဆို

WHO ရဲ့ အဆိုအရ ဗိုင်းရပ်စ်ဗီဇကို သိတာနဲ့ ဆေးဖော်ဖို့အတွက် မခက်ခဲဘူးဆိုသော်လည်း ယနေ့အချိန်ထိ ဗိုင်းရပ်စ်အတွက် ဖော်ထုတ်နေတဲ့ ဆေးတွေဟာ စမ်းတဝါးဝါးထက် မပိုသေးပါဘူး။ သတင်း တစ်ရပ် မှာတော့ လူ(၆) ဦးဟာ (၂၀၁၂) ခုနှစ်က သုတေသနခရီးစဉ် အတွင်း ဂူအတွင်း ပိတ်မိခဲ့ရာကနေ ဗိုင်းရပ်စ်ဗီဇ ကို သဲလွန်စရခဲ့ တာပါ။

ထိုစဉ်ကတည်းက ကိုဗစ်-၁၉က ရှိနေခဲ့ပြီဖြစ်ပြီး၊ ဂူထဲမှာ ပိတ်မိခဲ့တဲ့သိပ္ပံပညာရှင်တွေ အားလုံး ဟာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အဆုပ်ရောင်ခြင်းတွေဖြစ်ခဲ့ပြီး၊ ဒီအထဲမှာ တစ်ဝက်တော့ သေဆုံးဖို့ လက်တစ်ကမ်းအလိုထိ ရောက်ခဲ့ပါတယ်။ ပိတ်မိခဲ့သူ (၆)ဦးဟာ သိပ္ပံပညာရှင်တွေ ကိုယ်တိုင်လား ၊ ဒါမှမဟုတ် သာမန် အရပ်သားတွေလား ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ (၄)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး၊ နှစ်ဦးကတော့ ကောက်ကာငင်ကာ သေဆုံးသွား ပါတယ် ။

ကိုရိုနာဗီဇ ကို (၂၀၁၃ ) ခုနှစ်ကတည်းက သိရှိခဲ့ပေမယ့် ကမ္ဘာကို အသိပေးခြင်းမရှိခဲ့ဟုဆို

သေချာတာကတော့ ဒီအဖြစ်အပျက်ကနေ တရုတ်အတွက် ဗိုင်းရပ်စ်ကို လေ့လာဖို့ အချိန်တွေ ( ၈ )နှစ်နီးပါး အထိ ရရှိခဲ့ ပါတယ် ။ ကိုဗစ်ကပ်ဆိုးကြီး စဖြစ်တော့ တရုတ်အာဏာပိုင်တွေက မိမိတို့အနေနဲ့လည်း ကိုဗစ်-၁၉ရဲ့ မျိုးဗီဇကိုသိဖို့ ကြိုးစားနေပါတယ်လို့ ဆိုခဲ့တာဟာ လှိမ့်လုံးညာလုံး သက်သက်သာဖြစ်ပြီး၊ ဒီမတိုင်ခင် (၇)နှစ်လောက်ကတည်းက တရုတ်တို့က သိပြီးသားလို့ Sunday Times သတင်းစာက ဖော်ပြထား ပါတယ် ။

ကိုရိုနာဗီဇ ကို (၂၀၁၃ ) ခုနှစ်ကတည်းက သိရှိခဲ့ပေမယ့် ကမ္ဘာကို အသိပေးခြင်းမရှိခဲ့ဟုဆို

လက်ရှိအချိန်ထိတော့ တရုတ်အာဏာပိုင်တွေက ကိုဗစ် အရေး မှာ ဖြစ်သင့်တဲ့ ပွင့်လင်းမှုမျိုး မပြသသေးပါဘူး။ နောက်ပြီး ကိုဗစ်ဟာ သူတို့ဆီက စတင်ခဲ့တယ်ဆိုတဲ့အဆိုကိုလည်း ခါးခါးသီးသီး ပယ်ချနေဆဲပါ။ အခုဆိုရင် တရုတ်မီဒီယာတွေက ကိုဗစ်အစ စပိန်ကလို့ ဖော်ပြခဲ့ ပါတယ် ။ ဘာစီလိုနာမြို့ ဟာ ကိုဗစ်စတင်ဖြန့်ဝေရာနေ ဆိုပြီး တိတိကျကျ စွပ်စွဲခဲ့တာပါ ။

လင်းသုတ ( ဘာသာပြန် တင်ဆက်သူ )

Add a Comment

Your email address will not be published. Required fields are marked *