၁၃ ရာစုမှာ အကြီးမားဆုံး ကပ်ရောဂါကြီး Black Death အမည် ရှိ ကူးစက်ရောဂါ တရုတ်နိုင်ငံ တွင်ပြန်လည်ဖြစ်ပွားနေ ကြောင်း တရုတ်အစိုးရထုတ်ပြန်

လူ့သမိုင်းကြောင်း တစ်လျှောက်အဖျက် စွမ်းအား အကြီးဆုံး နဲ့ လူသေဆုံးမှုအများဆုံး ကပ်ရောဂါကြီးဖြစ်ခဲ့ပါတယ် ….

၂၀၂၀ ။ ဇူလိုင်( ၆ )၊ ရန်ကုန်။ ။ Black Death အမည်ရ တဲ့ ကူးစက်ရောဂါ တစ်မျိုး တရုတ်နိုင်ငံပိုင် မွန်ဂိုလီးယား အတွင်းပိုင်း မှာ ထပ်မံဖြစ်ပွားနေကြောင်း တရုတ် အစိုးရပိုင် Global Times က ထုတ်ပြန် ပါ တယ်။

Black Death

Black Death (https://en.wikipedia.org/wiki/Black_Death) ဟာ ၁၃၄၇ ကနေ ၁၃၅၁ အထိ ဥရောပမှာဖြစ်ပွား ခဲ့တဲ့ ကူးစက်(ပလိပ်)ရောဂါ တစ်မျိုးဖြစ်ပြီး ဥရောပနေ လူပေါင်း ၇၅ သန်းကနေ သန်း ၂၀၀ အထိသေကြေ ခဲ့တဲ့ ရောဂါလည်းဖြစ်တယ် ။ လူ့သမိုင်း တစ်လျှောက် အဖျက်စွမ်းအားအကြီး ဆုံးရောဂါလည်းဖြစ် တယ် ။ ဒီနေ့ အချိန်မှာတော့ Black Death ဆိုတဲ့ Bubonic Plague ကို တိုက်ဖျက်နိုင်တဲ့ ဆေးတွေရှိနေ ပါပြီ။

Black Death
Black Death

ဒီရောဂါကို နွားနောက်တွေကျောင်းတဲ့ အမျိုးသား တစ်ဦး ဆီကနေ တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိ မှာ သူ့ရဲ့အခြေအနေ က တည်ငြိမ် ကောင်းမွန်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ Bubonic Plague ကို ပထမဆုံးတွေ့ ရှိခဲ့ရတာက အူရတ်အောင်လံတော် ဆေးရုံကြီး (Urad Banner Hospital) မှာဖြစ်ပြီး ဘယ်လိုကနေ ဘယ်လို ကူးစက်တယ် ဆိုတာကို မသိရှိရပါဘူး။ ဒုတိယလူနာက (၁၅) နှစ်အရွယ် လူငယ်ဖြစ်ပြီး Marmot လို့ခေါ်တဲ့ မြေအောင်းကြွက်မျိုးနွယ်ဝင်တွေ ကို ခွေးနဲ့အမဲလိုက်ဖူးတယ် လို့ဆိုပါတယ်။

Black Death

လက်ရှိ ဘာယန်နူး (Bayannur) မြို့ နဲ့ မွန်ဂိုလီးယား အလယ်ပိုင်းဒေသတွေ မှာ ရောဂါပိုးသယ်ဆောင်နိုင်ချေရှိနေတဲ့ ကြွက်၊ ရှဉ့်၊ ဌက် နဲ့ တွင်းအောင်းကောင်ေ တွကို သတ်ဖြတ်စားသောက်ခြင်း မလုပ်ဖို့ အမိန့်ထုတ်ထားပြီး တစ်စုံတစ်ခု ထူးခြားမှုရှိရင် ဘာယန်နူးကျန်းမာရေး ဗဟို ကို အသိပေးဖို့ထုတ်ပြန်ထား ပါတယ်။

Black Death

Babonic Plague ဆိုတာဘာလဲ

Babonic Plague ဆိုတာ ဘက်တီးရီးယား ပိုးကူးစက်မှုကြောင့်ဖြစ် လာတဲ့ ကပ်ရောဂါကြီးဖြစ်ပြီး အာဖရိက ကနေ စတင်ပေါက်ပွားတဲ့ရောဂါဖြစ် တယ်။ လူ့သမိုင်းကြောင်း တစ်လျှောက်အဖျက် စွမ်းအား အကြီးဆုံး နဲ့ လူသေဆုံးမှုအများဆုံး ကပ်ရောဂါကြီးဖြစ်ပြီး အာဖရိက၊ အာရှ နဲ့ ဥရောပတစ်လွှားလူပေါင်း ၂၀၀ မီလျံသေဆုံး ခဲ့တယ်။ ကူးစက်ပုံကတော့ တိရစ္ဆာန်ကနေ လူကိုဖြစ်ပြီး ကြားခံသယ် ဆောင်သူကတော့ တိရစ္ဆာန် ကိုယ်ပေါ် က “သန်း” (Flea) တွေဖြစ် ပါတယ်။

Black Death

Babonic Plague ကို ကုသနိုင်မယ့် ဆေးတွေအခုချိန်မှာရှိနေ ပါပြီ။ ပူစရာတော့ သိပ်မရှိပေမယ့် သတိမထားနိုင်ရင်တော့ သေဆုံးစေနိုင်တဲ့ ကူးစက်ရောဂါ အဖြစ်ကျန်နေဆဲပါပဲ။ သူ့ရဲ့ရောဂါလက္ခဏာတွေက ဖျားတာ၊ အအေးမိတာ ၊ ပျို့အန်တာ၊ ပေါင်ခြံ၊ ချိုင်း၊ လည်ပင်းတွေက ပြန်ရည်ကြော(lymph node)တွေရောင်တာ-တစ်နည်း အကျိတ်တွေပေါက်တာ နဲ့ တစ်ကိုယ်လုံး အနီဖုတွေ ၊ အနီစက်တွေထွက်တာဖြစ် တယ် ။

Black Death

Babonic Plague လို့ခေါ်တဲ့ Black Death ဖြစ်ပွားမှုနှုန်းဟာ အခုအချိန်မှာ နည်းပါးသွားတာမှန်ပေမယ့် လည်း အခြေအနေအကြောင်း အရာတိုက်ဆိုင်ရင် တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ရောဂါဖြစ် ပါတယ် ။

Source – CNN

Add a Comment

Your email address will not be published. Required fields are marked *