အိန္ဒိယ-တရုတ် အငြင်းပွား ပဋိပက္ခ နယ်စပ် မှ တရုတ်တပ်များ ပြန်လည် စတင်ရုပ်သိမ်း

နှစ်ဘက်အငြင်းပွားနယ်စပ်ကနေ တရုတ်တပ်တွေ ပြန်လည် စတင် ရုပ်သိမ်းနေပြီလို့ အိန္ဒိယအစိုးရသတင်း ရင်းမြစ်တွေက ပြော ဆိုခဲ့ ပါ တယ် ။

အိန္ဒိယ-တရုတ် အငြင်းပွား ပဋိပက္ခ နယ်စပ် မှ တရုတ်တပ်များ ပြန်လည် စတင်ရုပ်သိမ်း

အိန္ဒိယ စစ်သား ၂၀ သေဆုံးခဲ့ ရတဲ့ နျူကလီးယားလက်နက်နိုင်ငံနှစ်ခု အကြား နှစ် ၅၀ နီးပါးအတွင်း အဆိုးရွားဆုံး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုတွေမြင့်တက် ခဲ့ရာက အခုတော့ တရုတ်တပ်တွေ စတင်ရုပ် သိမ်း တာ ပါ ။

အိန္ဒိယ-တရုတ် အငြင်းပွား ပဋိပက္ခ နယ်စပ် မှ တရုတ်တပ်များ ပြန်လည် စတင်ရုပ်သိမ်း

ဂါလ်ဝန်မြစ်ဝှမ်းထဲက သွေးမြေကျအချင်းများ ခဲ့တဲ့ နေရာတစ်ခု အနီး မှာ တရုတ် စစ်သားတွေ တဲတွေဖြုတ်သိမ်းပြီး ကားတွေထွက်ခွာသွားတာ ကို မြင်ခဲ့ ရတယ်လို့  အိန္ဒိယဘက်က ပြော ပါတယ်။ နှစ်ဘက်စလုံးက ရင်ဆိုင်မှုမပြုဘဲ တင်းမာမှုလျှော့ချဖို့ ဆောင်ရွက်ခဲ့ကြ တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့် ရသူက ပြောဆိုခဲ့ ပါတယ်။

ဇွန်လ ၁၅ ရက် က ဂါလ်ဝန်မြစ်ဝှမ်းမှာ ရန်ပွဲဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ် သည် ၂၀ သေဆုံး၊ ၇၆ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် အတွက် အိန္ဒိယနဲ့ တရုတ်တို့ တစ်ဘက် ကိုတစ်ဘက်က အပြစ်ဖို့ခဲ့ကြ ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၂၇၀(ပေ ၁၄၀၀၀)က အပူချိန် ရေခဲမှတ်အောက်ရောက်တဲ့ ဒေသမှာ နှစ်ဘက်စစ်သည်ချင်း လက်သီးချင်းထိုးခဲ့ကြတာလို့ ဆိုပါတယ်။
တရုတ်ဘက်က ထိခိုက်မှုရှိမရှိကို အတည်ပြုပေးဖို့ ကျန်နေသေးပေမယ့် နယ်စပ် မှာ အိန္ဒိယစစ်သားသေဆုံးမှုအရေ အတွက်ကတော့ နှစ် ၅၀ ကျော်အတွင်း အမြင့်ဆုံးပါ ။

အိန္ဒိယ-တရုတ် အငြင်းပွား ပဋိပက္ခ နယ်စပ် မှ တရုတ်တပ်များ ပြန်လည် စတင်ရုပ်သိမ်း

တင်းမာမှုမြင့်တက်မှုဟာ ရက်သတ္တပတ်ချီ ကြာမြင့်ခဲ့ပြီး နှစ်ဘက် ထိပ်တန်းတပ်မှူးတွေ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကတော့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီဟာ လက်ဒက်ဒေသက ဟိမဝန္တာမြောက်ပိုင်း ကို ရုတ်တရက် သွားရောက်ခဲ့ ပါတယ်။ တရုတ်က မိမိပိုင်နက် စတုရန်းကီလိုမီတာ ၃၈၀၀၀ လောက် ကို သိမ်းယူထားကြောင်း အိန္ဒိယကပြောဆိုခဲ့ပြီး တရုတ် ကလည်း အိန္ဒိယဟာ မိမိပိုင်နက် စတုရန်း ကီလိုမီတာ ၉၀၀၀၀ လောက် ရယူထားတယ် လို့ ပြန်လည်စွပ်စွဲထား ပါတ ယ်။

နှစ်ဘက်ပိုင်းခြားထား တဲ့ LAC မျဉ်းမှာ ရှေ့မတိုးနောက်မဆုတ် ဖြစ်ခဲ့ရဟာဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း အိန္ဒိယက နယ်ခြားဒေသမှာ စစ်ဘက်အခြေခံအဆောက်အဆုံတွေ ဆောက်ခဲ့တာကို တရုတ်က ဆန့်ကျင်ရာက ထွက်ပေါ်လာတဲ့ရလာဒ်လို့ အကဲခတ်တွေက သုံးသပ်ကြ ပါတယ်။

အိန္ဒိယ-တရုတ် အငြင်းပွား ပဋိပက္ခ နယ်စပ် မှ တရုတ်တပ်များ ပြန်လည် စတင်ရုပ်သိမ်း

နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ အငြင်းပွား လာဒက်ဒေသထဲပါဝင်တဲ့ အိန္ဒိယရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကက်ရှ်မီးယားဒေသကို အထူးအခွင့်အရေးပေးထားတဲ့ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ ပိုဒ်မ ၃၇၀ ကို ပယ်ဖျက်ခဲ့တာကြောင့် လို့ တချို့ အကဲခတ်တွေက ယုံကြည်ကြပါတယ်။ တစ်ချိန်က တစ်နိုင်ငံထဲ ဖြစ်ခဲ့ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသအရေး နဲ့ ပတ်သက်ရင် ပိုမိုကြီးမားတဲ့ ရန်စတွေ ရှိနေကြပါတယ်။

အိန္ဒိယ-တရုတ် အငြင်းပွား ပဋိပက္ခ နယ်စပ် မှ တရုတ်တပ်များ ပြန်လည် စတင်ရုပ်သိမ်း

ကက်ရှ်မီးယားကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်း ခဲတဲ့ အိန္ဒိယ ရဲ့ခြေလှမ်းဟာ ပိုင်နက်နယ်မြေအရေး မှာ တစ်ဘက်သတ်သက်ရောက်စေမယ့် ဆောင်ရွက်ချက် လို့ ပါကစ္စတန်က ရှုမြင်တာကြောင့် ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချဖို့ ဆောင်ရွက်ခဲ့ပြီး ပါကစ္စတန်နည်းတူ တရုတ်ကလည်း ရှုမြင်ဖွယ် ရှိ ပါတယ်။
အခုလို အိန္ဒိယ နဲ့ တရုတ်တပ်တွေ ရင်ဆိုင်မိခဲ့ပုံတွေဟာ နောက်ဆုံးတော့ ဒီနှစ်ထဲ အိန္ဒိယ နဲ့ ပါကစ္စတန်အကြား ပိုမိုကြီးမားတဲ့ စစ်ရေးထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်ခြေ ရှိနေတယ် လို့ နိမိတ်ပြလိုက်တာ လို့လည်း သုံးသပ်မှု ရှိနေ ပါကြောင်း။

Add a Comment

Your email address will not be published. Required fields are marked *