ဖုန်းနံပါတ် အလွဲပေးခဲ့ကာ တရုတ်ပြန် အမျိုးသမီး တဦီး Q မဝင်ဘဲ ထွက်ပြေးပြန် ၊ တောင်ဒဂုံကနေ ပြန်ခေါ်ခဲ့ရ

ရန် ကုန် ဘူတာကြီး မှ Q Center သို့ပို့ဆောင်ရန် အဆက် အသွယ်ပြတ်တောက် ခဲ့သည့် တရုတ်ပြန် အမျိုး သမီးအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၂) ရပ်ကွက် ရှိ နေအိမ်တွင် ရှာဖွေတွေ့ ရှိ ခဲ့ကြောင်း အဆိုပါမြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြော ပါ သည် ။

ဖုန်းနံပါတ် အလွဲပေးခဲ့ကာ တရုတ်ပြန် အမျိုးသမီး တဦီး Q မဝင်ဘဲ ထွက်ပြေးပြန်

မနေ့က ဇူလိုင် ၆ ရက်နေ့ တွင် မန္တလေး မှ တစ်ဆင့် ပြန်လာသည့် တရုတ်ပြန် အမျိုးသမီးအား သွားရောက်ကြို ဆိုရာ စာရင်းတွင် ပေးထားသော ၎င်း ၏ ဖုန်းနံပါတ် မှားယွင်းနေသဖြင့် ဆက်သွယ် မရခဲ့ကြောင်း ဦးညီညီက ဆိုသည်။

ဖုန်းနံပါတ် အမှန် သိရ ၍ ထပ်မံဆက်သွယ် ခဲ့ရာ ၎င်း သည် နေအိမ်သို့ရောက် ရှိနေရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ မှ သွားရောက်ခေါ်ဆောင် ခဲ့သည်။

“ဒီကနေ့ တွေ့ကြုံခဲ့ရတာ ဆိုရင် အတော့် ကို စိတ်မကောင်းဖြစ်မိတယ်။ ပေးထားတဲ့ ဖုန်းနံပါတ်က လွဲနေတဲ့အခါမှာ ဘယ်လို မှ ဆက်သွယ်လို့မရတော့ဘူး ။ ကျွန်တော်တို့ သိတဲ့အချိန်မှာ အိမ်ရောက်နေပြီ ။ သွားတဲ့လာတဲ့ အခါမှာ ပြဿနာပေါ်နိုင်တာပေါ့ ။ ဒီပြည်တော်ပြန် မှာသာ ပိုးတွေ့ခဲ့မယ် ဆိုရင် မတွေးရဲစရာပါပဲ ” ဟု ဦးညီညီက ပြောသည်။

ဖုန်းနံပါတ် အလွဲပေးခဲ့ကာ တရုတ်ပြန် အမျိုးသမီး တဦီး Q မဝင်ဘဲ ထွက်ပြေးပြန်

ထို့ကြောင့် အဆင့်ဆင့်သော ကိုဗစ်ကော်မတီများအနေဖြင့် ပိုမိုကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ထောက်ပြပြော ဆိုသည် ။

“ အချို့သော နိုင်ငံတွေမှာလည်း ရောဂါက တစ်ကျော့ပြန်ဖြစ်တာမျိုးတွေ ရှိနေတယ်လေ ။ အလေးမထားဘဲ ပေါ့ဆတဲ့ သဘောမျိုးကြောင့် ဒါမျိုးတွေ ဖြစ်တယ် လို့ ယူဆတယ်ဗျ ။ အခုလို ပြည်တော်ပြန်တွေ ဆိုရင်လည်းပဲ ပြည်ထောင်စု အဆင့် ရဲ့ တိကျတဲ့ ညွှန်ကြားချက်တွေနဲ့အတူ လေဆိပ်၊ ဘူတာတွေကနေလည်း ကွာရန်တင်းစင်တာတွေ ကို ပို့ပေးနေ ပါတယ် ” ဟု ဦးညီညီကပြော သည်။

ဖုန်းနံပါတ် အလွဲပေးခဲ့ကာ တရုတ်ပြန် အမျိုးသမီး တဦီး Q မဝင်ဘဲ ထွက်ပြေးပြန်

အဆိုပါ အမျိုးသမီးအား လှိုင်တက္ကသိုလ် ၊ မြတ်လေးဆောင်တွင် Quarantine ( ၂၁ ) ရက် နေထိုင်ရန်စီစဉ်ဆောင်ရွက်ခဲ့ပြီး ၎င်း၏နေအိမ်အားပိုးသတ်ဆေးဖြန်းရန်ဆောင် ရွက်နေကြောင်း သိရ သည်။

Add a Comment

Your email address will not be published. Required fields are marked *