မက္ကဆီကို လေတပ် နဲ့တွေ့လို့ ပေါင်(၃.၉)သန်း တန်ကြေး ရှိ ကိုကင်းတွေ ကို ပေါင် ( ၁.၅ ) သန်းတန် လေယာဉ်နဲ့တကွ မီးရှို့လက်စ ဖျောက်လိုက်တဲ့ မူးယစ်မှောင်ခိုဂိုဏ်း

မက္ကဆီ ကို တွင် မူးယစ်မှောင်ခိုသမားတွေဟာ လေယာဉ်ငယ် တစ်စီး နဲ့ သယ်ဆောင်လာ တဲ့ ကိုကင်းတွေ ကို စိတ်မချရ တဲ့ အနေအထားကြောင့် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရ ပါတယ် ။ အဆိုပါ ကိုကင်းတွေ ရဲ့တန်ဖိုးဟာ ပေါင် ( ၃.၉ )သန်း အထိ ရှိတယ် လို့ သိရ ပါ တယ် ။ လေယာဉ် ဟာ တောင်အမေရိကကနေ မက္ကဆီကို အတွင်း ဝင်ရောက် လာ တာ ပါ ။

£3,900,000 of cocaine’

ကိုယ်ပိုင်လေယာဉ်ငယ်နဲ့ သယ်ဆောင်လာခဲ့တာဖြစ်ပြီး၊ မက္ကဆီကို လေကြောင်းပိုင်နက်အတွင်း ရောက်ရှိချိန်မှာ မက္ကဆီကို လေတပ်က မသင်္ကာလို့ လိုက်လံ ချဉ်းကပ်ခဲ့ပါတယ်။ လေယာဉ်ငယ်ဟာ ဘယ်လိုမှ မလွတ်နိုင်ဘူးဆိုတာ သိသိချင်းပဲ လမ်းမတစ်ခုပေါ်ကို ထိုးဆင်းပြီးနောက် ပါလာသမျှကို မီးရှို့ဖျက်ဆီးပစ်လိုက်တာပါ။

£3,900,000 of cocaine’

ဒီအဖြစ်အပျက်ဟာ ကမ်းခြေအလှအပတွေ မြောက်များစွာတည်ရှိတဲ့ Quintana Roo ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေရဲ့အဆိုအရ လေယာဉ်ငယ်ပေါ်မှာ ကိုကင်းအထုပ် (၁၃)ထုပ် သယ်ဆောင်လာခဲ့ပြီး၊ တစ်ထုပ်မှာ (၃၀)ကီလိုဂရမ် အလေးချိန်ရှိတယ်လို့ သိရပါတယ်။ လေယာဉ်ပေါ်မှာ မှောင်ခိုသမား ဘယ်လောက် ပါလာတယ်ဆိုတာ မသိရပါဘူး။

£3,900,000 of cocaine’

သူတို့တစ်တွေဟာ နီးစပ်ရာ တောထဲကို ဝင်ပြေးပြီး ခြေရာဖျောက်ခဲ့ပုံပါ။ ဒါကြောင့် ဘယ်သူ့ကိုမှ ဖမ်းဆီးတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ လေတပ်တာဝန်ရှိသူတစ်ဦးကတော့ လေယာဉ်ငယ်ဟာ မိမိတို့ လေပိုက်နက်ထဲ ဝင်ရောက်လာခဲ့တာကြောင့် လေကြောင်းထိန်းချုပ်စင်တာကို ဆက်သွယ်ခဲ့ရာ၊ တရားမဝင် ဝင်ရောက်လာတဲ့ လေယာဉ်ဖြစ်တယ်လို့ အကြောင်းပြန်ပါတယ်။

£3,900,000 of cocaine’

ဒါကြောင့် တပ်မတော်ပိုင် ဖိုက်တာတွေနဲ့ လေယာဉ်ကို ချဉ်းကပ်နှောက်ယှက်ခဲ့ပါတယ်။ နောက်ဆုံးတော့ လေယာဉ်ဟာ အဝေးပြေးလမ်းကြီးကို အရေးပေါ်ဆင်းသက်ခဲ့ပါတယ်။ အဲဒီနောက် မှောင်ခိုသမားတွေဟာ လေယာဉ်ငယ်ကို မီးရှို့ဖျက်ဆီးပစ်လိုက်တာပါ။ ကိုယ်ပိုင်လေယာဉ်ငယ်တွေရဲ့ တန်ဖိုးဟာ ပျမ်းမျှအားဖြင့် ပေါင် (၁.၅)သန်းလောက် အနည်းဆုံး ရှိတတ်လို့ အခုပျက်စီးမှုဟာ ပေါင် (၅.၄)သန်းလောက် ရှိခဲ့ပါတယ်။

လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *