ပြည်တွင်းကူးစက်မှု ၄၅ ရက်ပြည့်ပြီ ဆိုပြီး ပီတိဖြာနေချိန် ..အနွေးထွေးဆုံး အမေ့အိမ် ဆိုပြီး ပြန်လာလာချင်း အမေ့အိမ် တံစပ်မိတ် သေး နဲ့ တန်းပန်းတဲ့လုပ်ရပ်များ

ရန်ကုန်မြို့ကြီး မှာ COVID-19 ကူးစက်မှု မရှိတော့တာ ၄၅ ရက်ပြည့်ပြီ ဆိုတော့ WHO သတ်မှတ်ချက် အရ ထိန်းချုပ်နိုင်ပြီ ဟု ဆိုနိုင် ပါတယ် ဘာညာ ဆိုတဲ့ သတင်းလေးတွေ ဖတ်ပြီး ပီတိဖြာနေတာ မှ ၂၄နာရီ မပြည့်သေး ဘူး…

Quarantine ရှောင်ချင် လို့ အောင်မင်္ဂလာထိ မစီးဘဲ အမြန်လမ်းမှာ ဆင်းပြီး တိုက်ကြီး ကို YBS စီးသလိုလို ဆိုင်ကယ်ကယ်ရီစီး သလိုလို ဘာယုံရမှန်း မသိတဲ့ လာအိုပြန် Qရှောင်က Positive တဲ့ အရပ် ကတို့ ။

ပြည်တွင်းကူးစက်မှု ၄၅ ရက်ပြည့်ပြီ ဆိုပြီး ပီတိဖြာနေချိန်

ဘူတာကြီးကနေ Qရှောင်ပြီး Taxi စီးပြေး တဲ့ တရုတ်ပြန် မိန်းမက တစ်မျိုး ။ သူ့ကြောင့် Taxi သမားခဗျာ Q ထိသွားရှာပြီ ။ စားဝတ်နေရေး အတွက် Taxi မထွက်နိုင်တော့တဲ့ တစ်လနီးပါးကို အဲ့မိန်းမ ပေးမှာလား ။ ပြော… မပြောချင်ဘူး…

ပြည်တွင်းကူးစက်မှု ၄၅ ရက်ပြည့်ပြီ ဆိုပြီး ပီတိဖြာနေချိန်

Quarantine ပါဟဲ့။

နင်တို့ ပထွေး မဟုတ်ပါဘူး။ သေတော့မ လို ပြေးချင်ရှောင်ချင်နေတဲ့ ဟာတွေ မျက်ခွက် ခဲခု နင်းချင်နေပြီ။ ဒီQuarantine ကို နိုင်ငံတော်က အလှူရှင်တွေ ဝန်းကြပါ ဝိုင်းကြပါဆိုပြီး မျက်ဖြူစိုက်မတတ် လုပ်ထားရတာ။ အဲ့လို လုပ်ထားနိုင်လို့လည်း အခုအချိန်မှာ အလောင်းတွေ မထပ်သေး တာ။

ပြည်ပမှာ အလုပ်လုပ်ကြသူတွေကိုလည်း အပြစ်မမြင်ပါဘူး။ ပြန်လာကြသူတွေကိုလည်း ပြန်လာရကောင်းလား အပြစ်မမြင် ပါဘူး။ ပြန်လာတာ ပြန်လာပါ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ဟော့ဒီ့ အမိရင်ခွင်… မုဆိုးမ ရင်ခွင်က သားသမီးတွေအတွက် တံခါးဖွင့်ထားပြီးသားပါ။ ပြန်လာပါ… စည်းကမ်းရှိရှိ ပြန်လာပါ။ စောက်စည်းကမ်းရှိရှိ ပြန်လာပါ။

Quarantine ကို အစိုးရက အင်တိုက် အား တိုက်လုပ်တာရယ်၊ Stay Home ကာလတွေမှာ ပြည်သူက အိမ်ထဲမှာ နေနိုင်သလောက် နေခဲ့ကြလို့သာ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကျန်းမာရေးအရ အရမ်းမထိပေမယ့် စီးပွါးရေးအရတော့ အများနည်းတူ ထိနေကြတာ ။ အကုန်အား တင်းပြီး ပြန်ပြေလည်ကောင်းရဲ့ဆိုပြီး ဒါကြီးပြီးသွားမယ့်နေ့ကို ထိုင်မျှော်နေကြတာ။

ပြည်တွင်းကူးစက်မှု ၄၅ ရက်ပြည့်ပြီ ဆိုပြီး ပီတိဖြာနေချိန်

ကိုယ့်နိုင်ငံကို ပြန်လာတာ ပြန်လာ။ ကောင်းကောင်းပြန်လာ။ ရောဂါပါလာလို့လည်း အပြစ်မတင်ဘူး ။ အခမဲ့ ဆီးကုပေးနေတာ ။ စောက်ဒုက္ခ ကို YBSစီးပြီး ပတ်မဖြန့်သရွေ့ ဘယ်သူမှ အပြစ်မပြောဘူး ။

ကိုယ်တွေလည်း Stay Home ကာလ တုန်းက ၂၁ ရက်မက အိမ်မှာနေ ခဲ့ရတာ။ ဒီလိုပဲ ယောင်လည် ပေါင်လည် နဲ့ အောင့်အီးနေခဲ့ရတာ ၂လနီးပါး ။ ပြည်ပက ပြန်လာချင်တော့လည်း ခင်ဗျားတို့။ ၂၁ရက်ကို နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှတ်နေလို့ ဟိုရှောင် ဒီပြေးလုပ်နေကြ တာလား။

ဒါကြီးက ပြီးသွားတာ မဟုတ်ဘူး။ ရိုးသွားလို့သာ ထူးထွေပြောမနေကြတော့တာ။ ကမ္ဘာမှာ ကူးစက်နှုန်း နဲ့ သေနှုန်းက အခုထိ တက်နေတု န်း။ ကိုယ်ခံအားတွေ ဘာတွေ လာမပြောတော့နဲ့။ အောင်လအန်ဆန်းလို အားကစားသမားတောင် ထိတာ ပဲ။ ကိုယ်တွေက အောင်လအန်ဆန်းလား…

ပြည်တွင်းကူးစက်မှု ၄၅ ရက်ပြည့်ပြီ ဆိုပြီး ပီတိဖြာနေချိန်

စောင်ရေးမပါ… Q ဝင်ရမယ့်နေရာ တန်းတန်း မတ်မတ်မသွား ဘဲ လမ်းမှာဆင်းနေရအောင် နင့်အမေလင်နဲ့စိတ်ကောက်လို့လား။ YBS တောင် တက်စီးတယ် အရင်ကြားတာ။ အခုကတော့ ဆိုင်ကယ်ကယ်ရီစီးတာလို့ MOHS က ကြော်ငြာတယ်။ ဆက်ကူးကု န်လို့ ပြန် Stay Home ရရင် သတိရတိုင်း ဆဲမှာနော် ။

Q မဝင်ချင်လို့ ဘူတာကြီးကနေ Taxi စီးပြေးတဲ့ အယ်မက လည်း ရူးချင်ယောင်ဆောင်ပြီး မသိလို့ဆိုပဲ ။ တရုတ်ပြည်ကတောင် မြန်မာပြည် ထဲ ရောက်အောင်ပြန် တတ်ပြီး Q ဝင်ဖို့ကျ မသိလို့ဆိုတော့
အေး.. ဒင်းဝတ်ထား တဲ့ ဂါဝန်အကားကြီး နဲ့ သာ ခေါင်းပြန်အုပ်ပေး လိုက်ချင်တော့တယ် ။

အိမ်ပြန်ချင်တယ်.. ဝူး ..

အနွေးထွေးဆုံး အမေ့အိမ် ဆိုပြီး

ပြန်လာလာချင်း အမေ့အိမ်တံစပ်မိတ် သေးနဲ့ တန်းပန်းတဲ့ဟာတွေ…

မေတ္တာကို နည်းနည်းမှ မရှိဘူး

အိ ပန် ဆယ် လို

Add a Comment

Your email address will not be published. Required fields are marked *