တချိန် က ကျန်းမာရေးစောင့်ရှောက်ခံရမှုမှာ တန်းတစ်ခုဝင်ခဲ့တဲ့ အိန္ဒိယ ကိုဗစ်ကူးစက်မှု အများဆုံးနိုင်ငံစာရင်းမှာ ရုရှားကို ကျော်ပြီး တတိယ နေရာ ရောက်လာ

လူသန်းချီခိုကိုးရာမဲ့ဖြစ်ခဲ့တဲ့ စီးပွားရေးပြိုလဲမှု ကိုပြောင်းပြန်လှန်ဖို့ အလုံပိတ် ကန့်သတ်မှုတွေ ကို ဖြေလျှော့ပြီးနောက် အိန္ဒိယနိုင်ငံ ရဲ့ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါကူးစက်မှုဟာ ကမ္ဘာမှာ တတိယမြောက်အများဆုံးဖြစ် လာ ပါတယ် ။

အိန္ဒိယနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၆၉၇၄၁၃ ယောက်ရှိနေတယ် လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဒါဟာ အရင်က တတိယအများဆုံး ကူုးစက်နေတဲ့နိုင်ငံဖြစ်တဲ့ ရုရှားထက်ပိုများနေတာပါ ။

ရုရှားကို ကျော်ပြီး တတိယ နေရာ ရောက်လာ

အိန္ဒိယနိုင်ငံ ထက်ပိုများတဲ့နိုင်ငံတွေကတော့ လူ ၂ သန်းကျော် ကူးစက်ခံထားရတဲ့ အမေရိကန်ပြည်ထောင်စု နဲ့ လူ ၁ သန်းကျော် ကူးစက်ခံထားရတဲ့ ဘရာဇီးနိုင်ငံ တို့ဖြစ်ပြီး အခုလကုန်ဆိုရင် အိန္ဒိယနိုင်ငံမှာ အတည်ပြုလူနာ ၈ သိန်းကျော်သွားမယ် လို့ မစ်ချီဂန် တက္ကသိုလ် က သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ခန့်မှန်းထား ပါတယ် ။

ကူးစက်ခံရသူ ၁၀၀၀ မပြည့်သေး တဲ့ မတ်လကုန် မှာ အိန္ဒိယနိုင်ငံက ကမ္ဘာ့ကုန်ကျမှုအများဆုံး အလုံပိတ်ကန့်သတ်မှု စလုပ်ခဲ့ပေမဲ့ ကူးစက်မှု အသစ်တွေထပ်မဖြစ်လာဖို့ မချိုးနှိမ်ထားနိုင်ခဲ့ပါဘူး။

ရုရှားကို ကျော်ပြီး တတိယ နေရာ ရောက်လာ

ပြီးခဲ့တဲ့ဆယ်စုနှစ် ၄ ခုအတွင်း ပထမဆုံးစီးပွားရေး အကြပ်အတည်းဘက်ကို လွင့်သွားတဲ့ ကန့်သတ်မှုတွေ ကို ဖြေလျှော့ဖို့ ပြီးခဲ့တဲ့လမှာ ဝန်ကြီးချုပ်နာရန်ဒရာ မိုဒီကို တွန်းအားပေးခဲ့ကြ ပါတယ်။

တရုတ်နိုင်ငံမှာ စတင်ပြီး ဥရောပကနေ နောက်ပိုင်းမှာကျန်းမာရေးစနစ်အားနည်းတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ ဘရာဇီး နဲ့ အိန္ဒိယ တို့ဟာ ကမ္ဘာ့အများဆုံးကူးစက်မှု ဗဟိုဖြစ်လာနေပါတယ်။

ရုရှားကို ကျော်ပြီး တတိယ နေရာ ရောက်လာ

မတ်လကုန်ပိုင်းက စပြီးတော့ အမေရိကန် ဟာ ကမ္ဘာ့ အများဆုံးကူးစက်ခံရသူ နဲ့သေဆုံးသူတွေရှိနေတဲ့နေရာဖြစ်နေ ပါတယ်။ ဒီကပ်ရောဂါဟာ လူဦးရေသန်း ၁၃၀၀ ကျော်ရှိတဲ့အိန္ဒိယနိုင်ငံကို ဝန်ထမ်းအင်အားမလုံလောက်မှုနဲ့ငွေကြေးထောက်ပံ့မှုအားနည်းတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ဖိအားတွေအောက်ကိုတွန်းပို့နေ ပါတယ် ။

ကိုရိုနာဗိုင်းရပ်စ် ဒဏ်မခံရခင် မှာ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ကျန်းမာရေးစောင့်ရှောက်ခံရ မှုနဲ့အရည်အသွေးရရှိမှု မှာ ၁၉၅ နိုင်ငံထဲ အဆင့် ၁၅၄ ရှိနေ ပါတယ် ။

Source – Bloomberg

Add a Comment

Your email address will not be published. Required fields are marked *