ပျဉ်းမနားမြို့ ဘုန်းကြီး‌ကျောင်း က အာဏာရှင်များ ကိုးကွယ် ထုလုပ်ထားတဲ့ ဆင်းတုတွေဟာ ညာတင်ကုဋ် ဟုတ်ပါလား…? ညာတင်ကုဋ်ဆိုတာဘာလဲ…. ?

ဘု ရားရှင် သည် သင်္ကန်းတော် ဝတ်ဆင်ရာ ၌..” ဧကသီ( ကိုယ်ရုံ ) သင်္ကန်း ” ကို ” လက်ဝဲတစ်ဖက် ပခုံးထက် ” ၌ တင် ၍လည်းကောင်း…” သင်းပိုင် သင်္ကန်း ” ကို ခန္ဓာအချက်” ခါး အထက် ” ၌ လည်းကောင်း…”ဒုကုဋ်(နှ စ်ထပ်သင်္ကန်း )” ကို ” ပခုံးထက် ” ၌ လည်းကောင်း …စနစ်တကျ ဝတ်ဆင် တော်မူမြဲ ဖြစ်၏။
ရှေးရှေး ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါများ လည်း ထိုကဲ့ သို့ပင် ဝတ်ရုံ တော်မူကြ သည် ။

လက်ယာဘက် ပခုံး ၌ သင်္ကန်းတင် သည် ဟု ထုံးစံ မရှိချေ..၊

လတ် တလော တွေ့မြင်ကြရသော ဗိုလ်ချုပ်မှူးကြီူသန်းရွှေ(ငြိမ်း) +ဒေါ်ကြိုင်ကြိုင်အား အမှူးထား ၍ ဟုဆိုကာ ဗိုလ်ချုပ်များ လှူဒါန်းထားသော လက်တဖက် နောက်ပစ်ဟန် ပျဉ်းမနားမြို့မင်းဝံတောင် တွင် တွေ့ရှိရသော ဘုရားဆင်းတုများ အား အချို့က ” ဘုရား မဟုတ် ညာတင်ကုဋ် ” ဟူ၍ပြောဆိုကြ ၏ ။ ညာတင်ကုဋ် ဟု ပြောဆိုသူတို့သည် ညာတင်ကုဋ် အကြောင်း ကိုတော့ သေချာသိထားဖို့လို အပ်လှပါသည်။

ညာတင်ကုဋ်ဆိုတာဘာလဲ…. ?

ညာတင်ကုဋ် ဆင်းတုဆိုသည်မှာ

(၁) လက်တဆုပ်သာသာ ဝန်းကျင် အရွယ်ရှိသည်။

(၂) ညာတင်ကုဋ် ဆင်းတု အတွင်းတွင် (ရှေးဆရာ )လောကီ ဆရာ အဂ္ဂိရပ်သမား တို့ စီရင်ထားသည့် အထိုက်အသင့် လမ်းရောက်ပြီးသော ဓါတ်လုံးပါ ရှိ၏။…

(၃) ညာတင်ကုဋ် ဆင်းတုအားလက်နှင့် ဆုပ်ကိုင် လှုပ်ကြည့်က” ဂ လုပ် ဂလုပ် ” အသံမြည်သည် ။ အသံမြည်ရခြင်းမှာ ဆင်းတုတွင်းဓါတ်လုံးပါဝင်သောကြောင့်မည်ရခြင်းပင် …

(၄) ညာတင်ကုပ်ဆင်းတုမှန်သမျှသည်ပြဒါးသေဖြင့်သာပြုလုပ်ထားသောကြောင့်ပြဒါးခဲ ဆင်းတုသာရှိ၏။

(၅) ညာတင်ကုဋ် ဆင်းတုသည် လက်ယာဘက် သို့ သင်္ကန်းတင်ထားသည့် အသွင်သဏ္ဍာန် ဆင်းတုဖြစ်ပါသည်။

(၆) ညာတင်ကုဋ် ဆင်းတုသည်လက်အနောက်ပြန်ထားခြင်း မရှိပါ ။ လက်တော် အထားအသိုမှာ ဘုရားဆင်းတုတော်တို့၏ လက်ဟန် အနေအထားနှင့် ဆင်တူ၏ ။

(၇) ကျွန်တော့်မိတ်ဆွေ ရရှိသော ညာတင်ကုဋ်တွင် မည်သည့် အင်းကွက်မျှ မပါဝင်ပါ ။ အင်း ကွက်ပါသော ညာတင်ကုဋ်များ သည် အစစ်ထက် အတုဖြစ်ဖို့ များ၏။ အင်းက အဓိကမကျဆင်းတု အတွင်း ဓါတ်လုံး က အဓိကျ ပေ သည်။

ညာတင်ကုဋ်ဆိုတာ

ညာတင်ကုဋ် ဆင်းတု ရဖူးသူ ရှိ သလော… ???

ညာတင်ကုဋ် ဆင်းတု အပါအဝင်ကြေးမည်း(ခြစ်ပိတ်) နှစ်မျိုးလုံး ကို ရဖူးသူရှိပါသည် ။ရှေးဟောင်းပစ္စည်း အရောင်းအဝယ်ပြုလုပ်သူပဲခူးမြို့နေ ကိုမြင့်သိန်းဆိုသူ သည် အဆိုပါနှစ်ရုပ်လုံး ကိုရဖူးပြီး စာရေးသူ နှင့် အလွန်ခင်မင်သောကြောင့်သူမကွယ်လွန်မီ သူ့ထံ မှ တဆင့်ကြားသိရခြင်းဖြစ်သည် ။ထိုရှားပါးလှပြီး မြင်တွေ့ရခဲသော အထက်ပါ ပစ္စည်းနှစ်ခုလုံး သည် ပဲခူးရပ်မှ အထင်ကရစေတီတော် တဆူ အတွင်းတွင် ဋ္ဌာပနာအနေဖြင့် တည်ရှိပြီးဖြစ်၏ ။

သူရရှိသော ကြေးမည်း(ခြစ်ပိတ်) ဆိုသည် မှာရှေးဟောင်းပစ္စည်း လောကသားများ အသည်းအသန် လွှဖြင့်တိုက်ရှာဖွေနေသောရှေးဟောင်း မြန်မာ့အလေးတလုံး မဟုတ်ပါ။

အရောင်အဆင်း မည်းအိစိုပြေလှသော ဉာဏ်တော်သေးသေး ဆင်းတုတော်ငယ်တခုသာဖြစ် ပါသည်။ ဆင်းတု အောက်ခြေကို ခပ်နာနာ အစင်းရာ ထင်အောင်တိုက်ကြည့်လေက မိနစ်နှစ်ဆယ်အတွင်းပြန်ပြည့်လေ ၏။

နာမည် အတန်အသင့်ရနေသောပေ့ခ်ျနှင့် ဂရုဖောင်ဒါတဦးလည်းဖြစ် ကျွန်တော့် မိတ်ဆွေတယောက်လည်းဖြစ်သော ဖရန့်လစ် မှ သူငယ်ချင်းတယောက်သည် ငယ်စဉ်အခါက ကြေးမည်း(ခြစ်ပိတ်)ကို ဆော့ကစားဖူးကြောင်း သိရ၏ ။

သူပြောသော ကြေးမည်း အရုပ်မှာ ဘုရားဆင်းတု မဟုတ်ဘဲ အမည်းရောင် ဖားရုပ်ဖြစ်ကြောင်း သိရပြီး ခြစ်လိုက် ၍ပြန်ပိတ်သွားပုံ တို့မှာ ကိုမြင့်သိန်းရရှိသောကြေးမည်းနှင့် တထပ်တည်း တူညီလေ သည်။

ပြန်ပိတ်တာလည်း အထူးအဆန်းတော့ မဟုတ်ပါ။ အရုပ်များ အတွင်း မှ ပြဒါးသည် အရှိန်အဟုန် အင်အားကြီးလှသော မီးနှင့် အကြိမ်ကြိမ် ကစားခြင်းခံရသောကြောင့်ဓါတ်ပြောင်းကာ ဆန့်ကျင်တွန်းကန်သဖြင့်ပြန်ပြန်ပိတ်ခြင်းဖြစ်ကြောင်း သိရ၏။အဆိုပါ ကြေးမည်း (ခြစ်ပိတ်) သည်လည်း အဂ္ဂိရပ် လမ်းစဉ် ၏ လမ်းခုလပ်သာ ရှိသေးပြီး ထပ်မံမီးနေရန် လိုအပ်သေးကြောင်း ဆိုလေသည် ။

ညာတင်ကုဋ်ဆိုတာဘာလဲ…. ?

” ညာတင်ကုဋ် ”

ကိုမြင့်သိန်း ရရှိသော ညာတင်ကုဋ်အကြောင်းကို စာရေးသူ သိသလောက်ဖော်ပြရသော် အရောင် အဆင်း သည်ဖြူဖြူ နှစ်နှစ်အရောင် ရှိ၏ ။ လက်တဆုပ် သာသာ အရွယ်အစား ရှိပြီး ဉာဏ်တော် မမြင့်မားပါ။လက်နှင့် ကိုင်လှုပ်ကြည့်က ” ဂလုတ် ဂလုတ် “ အသံမြည်ပြီး ဆင်းတုတွင်း ပြဒါးလုံးပါဟန် ရှိကြောင်း သိရသည်။

ဆင်းတုတော်အား အလယ်ဗဟိုတွင် ထား၍ ပတ်ပတ်လည်လည်တွင် မြက်ခြောက်တို့ကိုထားပြီး မီးနှင့်ရှို့က မီးသည် ဆင်းတုအနားရောက်သည်နှင့် တန့်လေ သေလေသည်။

အခြားသော လိုင်းပေါ်တွင် တင်ထားသူများပြောကြသလို မျက်နှာ လှည့်ခြင်း အပ်လွဲခြင်း မရှိပါ။

ဓါတ်လုံး၏ အောင်မြင် ခရီးရောက်ပြီးသောအဆင့်အလိုက် ညာတင်ကုဋ်ဆင်းတု တို့သည်အစွမ်းမတူကြောင်း သိရ၏။ရှေးလောကီ ဆရာတို့ရည်ရွယ်ရင်းမှာ နောက်ဆုံးအဆင့်မရောက်သေးသော အဆိုပါ ဓါတ်လုံးကို အဂ္ဂိရပ် လမ်းစဉ်တူသူတို့တွေ့ရှိလေက ဆက်လက်ပြုလုပ်နိုင်ရန် ထား ရှိခဲ့ကြောင်း ဆို၏။

ညာတင်ကုဋ်အကြောင်း ပြန်လည်အစပြုရသော် ယခုအွန်လိုင်းပေါ်ပျံ့နှံ့နေ သည့် လက်တဖက်နောက်ပစ်ထားဟန် ပျဉ်းမနားမြို့ မင်းဝံတောင် တွင် တွေ့ရှိရသော ဘုရားဆင်းတုများအား ညာတင်ကုဋ် ဟုတ် မဟုတ် စိစစိကြည့်ရချေက..

(၁) ညာတင်ကုဋ်သည်လက်တဆုပ်သာသာ ဝန်းကျင်အရွယ်ရှိသည်။

ပျဉ်းမနားမြို့ မင်းဝံတောင်မှလက်နောက်ပစ်ဆင်းတုများသည်တပေကျော်ကျော် အမြင့်ရှိပြီးလူကြီးတယောက် တပွေ့စာခန့်ကြီးမားလေ၏။

(၂) ညာတင်ကုဋ်ဆင်းတု အတွင်းတွင် (ရှေးဆရာ)

လောကီဆရာ အဂ္ဂိရပ်သမားတို့ စီရင်ထားသည့် အထိုက်အသင့် လမ်းရောက်ပြီးသော ဓါတ်လုံးပါရှိ၏။ထို့ကြောင့် ညာတင်ကုဋ်ဆင်းတုတခုတလေ တွေ့ရှိရန်မှာ အတော်လေး ကို ခက်ခဲသောကိစ္စပင် ဖြစ်သည်။

ပျဉ်းမနားမြို့ မင်းဝံတောင်မှ လက်နောက်ပစ်ဆင်းတုများ အတွင်းတွင်အဂ္ဂိရပ် အတတ်ဖြင့် မီးကစားပြီးသောဓါတ်လုံးပါဝင်ခြင်း မရှိဟု မှတ်ထင်ပါသည် ။ ဆင်းတုများ အလွန်များပြားလှေ သာကြောင့် ထိုလောက် များပြားလှသော အသင့်အတင့်လမ်းရောက်ပြီး သည့် ဓါတ်လုံးများကို မည်သည့်လောကီဆရာ မှ မဖန်တီးနိုင်ပေ။

အကြောင်း မှာ အဂ္ဂိရပ်သမားတယောက် အတွက်အတော်အသင့် ခရီးရောက်နိုင်သော ဓါတ်လုံး တလုံး ရရှိရန်ပင် လူ့သက်တမ်းကုန်သည် အထိမလွယ်ကူသောကြောင့်ပင်။ အများစု၏ ဓါတ်လုံးတို့သည် ဘာတခုမှ မဖြစ်မြောက်ဘဲပြဒါးခဲ သံခဲ အစရှိသောအနေဖြင့်သာ ခရီးလည်းဆုံး လူလည်းဆုံးကြတာများသောကြောင့်ပင် ။ထို့ကြောင့်လည်းထိုထိုသော အဂ္ဂိရပ်သမားတို့ သည်မိမိတို့ဓါတ်လုံး ကို ကြွားလုံးထုတ် လိမ်လည်မှု တို့သာ များပြားတော့၏။

ကုန်းဘောင်ခေတ် စာဆိုတော်စလေဦးပုညကပင် “မဖြစ်ရင်နေ ဖြစ်ရင်ကြေလူလိမ် အတတ် အဂ္ဂိရပ် ” ဟူ၍အဂ္ဂိရပ်လောက တွင် လူလိမ်တို့ကျင်လည်ကြောင်း သတိပေး စပ်ဆိုခဲ့လေ၏။

ညာတင်ကုဋ်ဆိုတာဘာလဲ…. ?

(၃) ညာတင်ကုဋ် ဆင်းတုမှန်သမျှသည်ပြဒါးသေဖြင့်သာပြုလုပ်ထားသောကြောင့်ပြဒါးခဲ ဆင်းတု သာရှိ၏ ။

ပျဉ်းမနားမြို့ မင်းဝံတောင် မှလက်နောက်ပစ်ဆင်းတုများသည် ကျောက်ဆင်းတု အကြီးကြီးများဖြစ်သည့် အတွက် ညာတင်ကုဋ်ဟုမ ည်သည့်နည်းနှင့်မျှ မဆိုနိုင်ပေ ။

(၄) ညာတင်ကုဋ် မှန်သမျှသည် လက်ယာဘက် သို့ သင်္ကန်းတင်ထားသည့် အသွင်သဏ္ဍာန် ဆင်းတုဖြစ်ပါသည်။

ပျဉ်းမနားမြို့ မင်းဝံတောင်မှလက်နောက်ပစ်ဆင်းတုများသည် ဘုရားရှင် တို့ အသွင်သဏ္ဍာန်အတိုင်းသင်္ကန်းကို လက်ဝဲဘက်တွင်တင်ထားသည်ကို တွေ့ရသည်။ညာတင်ကုဋ် အမည် အတိုင်းဒုကုဋ် ကိုလက်ယာ တင်ထားခြင်းမရှိသောကြောင့် အဆိုပါဆင်းတုများအားညာတင်ကုဋ်ဟုဆိုရန်အကြောင်း ရှာမတွေ့ပေ။

(တစ်ဆူ တလေသာ သင်္ကန်းယာတင်ထားသောဆင်းတုများတွေ့သော်လည်း ညာတင်ကုဋ်ပါအခြား အချက်အလက်တို့နှင့် မတူညီကြောင်းနှိုင်းယှဉ်ကြည့် က သိနိုင်ပေမည် ။)

(၅) ညာတင်ကုဋ်ဆင်းတုသည်လက်အနောက်ပြန်ထားခြင်းမရှိပါ။လက်တော် အထားအသိုမှာ ဘုရား ဆင်းတုတော်တို့ ၏လက်ဟန်အနေအထားနှင့် ဆင်တူ၏။

ပျဉ်းမနားမြို့ မင်းဝံတောင်မှ လက်နောက် ပစ်ဆင်းတုများသည်။ ဘုရားရှင်အား လက်ကိုလိမ်ချိုးထားသည့်နှယ် တင်ပါးကျောဘက်တွင် လက်ကျနေပေသည် ။

[၇] ဤရွေ့ ဤမျှ နှိုင်းယှဉ်ခြင်းဖြင့်ပင် ပျဉ်းမနားမြို့မင်းဝံတောင်မှလက်နောက်ပစ်ဆင်းတုများသည်ညာတင်ကုဋ် မဟုတ်ကြောင်း သိသာချေပြီ။

ညာတင်ကုဋ်နှင့် ပက်သက်ပြီး ရှေးဆရာများ သိုက်စာလိုလို ဝှက်စာ လိုလို ထားရစ်ခဲ့သော အဆိုလေး မှာ…၊ ” ဘုရားမဟုတ်ညာတင်ကုဋ် လှုပ်ကြည့်တော့ ဂလုပ် ဂလုပ် “ဤရွေ့ ဤမျှဖြင့် ညာတင်ကုဋ်ကိုထိထိမိမိ သိနိုင်ပေရာ ။ လက်ယာဘက် သင်္ကန်းတင်ထားသလား…???လှုပ်ကြည့်လို့ ဂလုပ် ဂလုပ် မြည်သလား…???ကြည့်ရုံဖြင့် ညာတင်ကုဋ် ဟုတ်မဟုတ် သိနိုင်လေ၏။

ယခု အတော်များများ စာရေးသူမြင်တွေ့ရသော ညာတင်ကုဋ်များမှာတော့ ညာတင်ကုဋ်အတုများသာ ဖြစ်ပါကြောင်း ရေးသားရင်း ..

” ညာတင်ကုဋ်ဆိုသည်မှာ ” စာစု ကို နိဂုံးချုပ်လိုက် ပါတော့ တယ် ။

မောင်သုခ

24 -NOV -2017

စုဆောင်းထားတာလေးကိုပြန်မျှဝေပါတယ်..၊

အပေါ်(၂)ပုံမှာအာဏာရှင် အနွယ်များထု လုပ်ကိုးကွယ်သော ပျဉ်းမနားမြို့မှ ရုပ်တုပုံစံဖြစ်ပြီး အောက်ပုံမျာ မှာ လေ့လာသူတွေစုဆောင်းထား တဲ့ ညာတင်ကုတ်ဟု ယူဆရတဲ့ပုံဖြစ် ပါတယ်၊

(Pa Yit)

Add a Comment

Your email address will not be published. Required fields are marked *