အမေရိကန် လေတပ် သဘောင်္ နှစ်စီး တောင်တရုတ်ပင်လယ်ဆီ စေလွတ်ပြီး ဒေသတွင်း အာရှနိင်ငံများနှင့် မိမိတို့အား သွေးခွဲဖို့ ကြိုးစားနေဟု တရုတ် စွတ်စွဲလိုက်

အမေရိကန်ဟာ အင်အားပြဖို့ သူ့သင်္ဘောတွေ ကို တောင်တရုတ် ပင်လယ်ဆီ တမင် သက်သက် စေလွှတ်နေတယ် လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇူလိုင် ၆ ရက်မှာ ပြောပါ တယ် ။

china foreign minister zhao lijian

ဒေသတွင်း နိုင်ငံတွေကြား သပ်လျှို သွေးခွဲဖို့လည်း ကြိုးစားနေတယ် လို့ အမေရိကန် ကို တရုတ်က စွပ်စွဲ ပါတယ် ။

တောင်တရုတ် ပင်လယ်ထဲ မှာ အမေရိကန် လေယာဉ်တင်သင်္ဘော ၂ စီး စစ်ဆင်ရေး နဲ့ လေ့ကျင့်ရေးလုပ်နေတာနဲ့ ပတ်သက်ပြီး တရုတ် မြို့တော်ပေကျင်းက သတင်းစာ ရှင်းလင်းပွဲ မေးမြန်းချိန်မှာ ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ခုလို ပြောလိုက် တာပါ.

US navy plans

အမေရိကန်လေယာဉ်တင် သင်္ဘော ၂ စီး ဟာ ဇူလိုင် ၄ ရက်က တောင်တရုတ် ပင်လယ် အတွင်း အငြင်းပွားနေရာမှာ စစ်ရေးလေ့ကျင့်ခဲ့ တယ် လို့ အမေရိကန် ရေတပ်ကလည်း ပြော ပါတယ်။

US navy plans

ပင်တဂွန် စစ်ဌာနချုပ် နဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝေဖန်ပြစ်တင် တဲ့ စစ်ရေး လေ့ကျင့်မှု ကို တရုတ် ကလည်း လေ့ကျင့်ခဲ့ ပါတယ်။

တရုတ် နဲ့ အမေရိကန် တို့ဟာ ဗျူဟာမြောက် ရေပြင် မှာ တင်းမာမှု ပေါ်ပေါက်အောင် မီးမွှေးမှုကနေ ဟောင်ကောင်အရေး နဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် အရေးထိ နယ်ပယ်အားလုံး မှာ ဆက်ဆံရေး မချောမွေ့ဘဲ ရှိနေ ပါတယ်..

Add a Comment

Your email address will not be published. Required fields are marked *