Save ဖြစ်အောင် တပ်ပေးလိုက်တဲ့ Truck Rear Impact Guard တွေ ဘုမသိဘမသိ ဖြုတ်ထားကြတော့ လူတွေ အလကား အသက်တွေ ဆုံးရှုံးကြရတယ် .

ဒီ နေ့ပဲ အရမ်း နဲ့ဝမ်းနည်းဖွယ်ကောင်းတဲ့ သတင်းတစ်ခုဖတ်လိုက်ရပါတယ် . . . ကွန်တိန်နာ ကားနောက် ကို လူစီးကားဝင်တိုက်ပြီး လူ ၆ ယောက် အသက်မလိုအပ်ပဲ ဆုံးရှုံးလိုက်ရတာပါ . . အရင်နှစ်ထဲ မှာလဲ ဒါမျိုး ပုံစံတူ ဆရာဝန် တစ်စု ကားတိုက်ပြီး အသက်တွေ ဆုံးရှုံးတာ ဖြစ်ခဲ့ဖူး ပါသေးတယ် . . . ဒီနေ့ သတင်း ဟာ ပထမဆုံး စိတ်မကောင်းစရာ သတင်း မဟုတ်သလို နောက်ဆုံး လဲဖြစ် မှာ မဟုတ်ပါဘူး . . တာဝန်ရှိ တဲ့ အစိုးရအနေ နဲ့ တစ်ခုခု အပြောင်း အလဲ မလုပ်ဘူးဆို ဒါမျိုးတွေ ထပ်ခါထပ်ခါ ကြားမြင်နေရ ပါအုံး မယ် . .

Truck Rear Impact Guard

ဘာကြောင့်ဖြစ်တာ လဲ . . .

ပုံမှန်ကား ၂ စီးတိုက်မယ် ဆိုပါက Impact က ကားရဲ့ရှေ့ခြမ်း နောက်ခြမ်း မှာ ကားတောင့်အောင်ခံထား တဲ့ reinforced လုပ်ထားတဲ့ crample zone တွေရှိတဲ့ အတွက် စီးနင်းလိုက်ပါသူထံ ကို ထိခိုက် ဖို့ အဆင့်ဆင့်ဖြတ်ရပါတယ် . ဒါပေမယ့် ကွန်တိန်နာကားလိုမျိုး အောက်ပိုင်းမှာ ဝင်တိုက်စရာနေရာမရှိတဲ့အခါ ကားသေးရဲ့ reinforce မလုပ်ထားတဲ့ လေကာမှန် အထက်ပိုင်း နဲ့ဝင်တိုက်မိရင် အသက်ဆုံးရှုံးဖို့ က ရာခိုင်နှုန်း တော်တော်များသွား ပါပြီ . . .

Truck Rear Impact Guard
Truck Rear Impact Guard

ဘယ်လို ကာကွယ်မလဲ . . .

နိုင်ငံတကာ မှာ ကားထုတ်လုပ် သူတွေက ထရပ်ကား အမြင့်တွေအတွက် Rear Impact Guard (ပုံပါ) ဆိုတာတွေ ဉပဒေ အရ မတပ်မနေ တပ်ပေးလိုက်ပါတယ် . ကားအသေးတစ်စီးက နောက်ကဝင်တိုက်တဲ့အချိန် တိုက်တဲ့ကားကအောက်ထဲ ဝင်မသွားပဲ အပြင်မှာတင် တိုက်ပြီးကား ရပ်သွားအောင် လုပ်ထားတဲ့ သဘောပါ . . .

Truck Rear Impact Guard

မြန်မာပြည်က ထရပ်ကား နဲ့ ကွန်တိန်နာတွဲတွေ တော်တော်များများက ပြည်ပက သွင်းလာတာဖြစ်တဲ့အတွက် ဒါတွေကပါ ပြီးသားဖြစ်ပေမယ့် ကားတော်တော်များများမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြုတ်ထားလိုက်ကြ ပါတယ် . . . ဒါကြောင့် Rear Impact Guard တွေမတပ်မနေရ ပြန်လည် တပ်ဆင်ခိုင်းခြင်းအားဖြင့် အသက်ပေါင်းများစွာ မလိုအပ်ပဲ ဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင် ပါတယ် . . . ပြန်တပ်ဆင်တဲ့အချိန်မှာ နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း သံအထူအပါး ခံနိုင်ဝန် နဲ့ အနိမ့်အမြင့်များကို အတိအကျ လိုက်နာတပ်ဆင်ခြင်းဖြင့် တန်ဖိုးရှိတဲ့ အသက်များစွာ ကို ကယ်တင်နိုင်ပါတယ် . . .

တာဝန် ရှိပြီး တာဝန်သိတဲ့လူတွေ ကို မြင်စေချင် အက်ရှင်ယူစေချင် ပါတယ် –

Austin MoeZac

Add a Comment

Your email address will not be published. Required fields are marked *