ဘက်စ်ကားတစ်စီးနဲ့ အရွယ်အစားတူတဲ့ လက်ရှိမှာ ကမ္ဘာ့အကြီးဆုံး မြွေ ( သို့ ) Green Ananconda မြွေကြီးများ အကြောင်း

ကျွန်တော် တို့ နေထိုင်တဲ့ ကမ္ဘာကြီး ထဲ မှာ သက်ရှိ တွေ သန်းပေါင်းများစွာ ရှင်သန်နေထိုင် ကျက်စားနေကြပါတယ်။ သက်ရှိပေါင်း များစွာ ရှိတာကြောင့် အမျိုးအစားတွေ လည်း ကွဲပြားကြသလို အမျိုးအစား တူခဲ့ရင်တော င်မှ အရွယ်အစား မတူတာတွေ လည်း ရှိပါတယ် ။ အခုတစ်ခါ ပြောပြပေးချင် တာကတော့ အကြီး ဆုံးမြွေမျိုးဖြစ် တဲ့ Anaconda တွေထဲမှာ မှ ကမ္ဘာ့အကြီး ဆုံးမြွေ အဖြစ် လက်ရှိ မှာ မှတ်တမ်းတင်ခြင်း ခံရတဲ့ Green Ananconda မြွေကြီးတွေ အကြောင်း ကို ပြောပြပေးချင် ပါတယ်ဗျ ။

Green Anancond

ဒီမြွေကြီးတွေဟာ boa family အမျိုး အနွယ်ထဲ ကဖြစ်ပြီး တောင်အမေရိကပိုင်း မှာ ရှင်သန်ကျက် စားနေကြတာပဲ ဖြစ်ပါတ ယ်။ သက်တမ်းကတော့ ၁၀နှစ်အထိ နေနိုင်ကြပြီး အရွယ်အစားကတော့ ပေ၂၀ ကနေ ပေ ၃၀ အထိ ရှိတတ်ကြ ပါတယ် ။ ဒါဟာ သာမန် ဘတ်စ်ကား တစ်စီး ရဲ့ အရွယ်
အစား နဲ့ အတူတူပဲ ဖြစ် ပါ တယ် ။ အလေးချိန် ကတော့ ပေါင် ၅၅၀ အထက် မှာ ရှိပြီး တွားသွားနိုင်တဲ့ သတ္တဝါ အမျိုးအစားတွေ ထဲမှာတော့ အကောင်အကြီးဆုံးနဲ့ အရွယ်အစားအကြီး ဆုံးပဲ ဖြစ်ပါတယ် ။

Green Anancond

သူတို့ ကိုတွေ့နိုင် တဲ့ နေရာတွေကတော့ မိုးသစ်တောတွေရှိတဲ့ အမေဇုန်နဲ့ Orinoco basins တို့မှာ နေထိုင်ကျက်စားကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အစာတွေကတော့ တောဝက် ၊ သမင် ၊ငှက် ၊ လိပ် ၊ မိကျောင်း နဲ့ ဂျာဂွာ ကျားသစ်တွေ အထိတောင် ပါဝင် ပါတယ် ။ အမဲလိုက် တဲ့ အခါမှာလည်း သားကောင်မ လှုပ်ရှားနိုင် တဲ့ အထိ သူတို့ရဲ့ ခန္ဒာကိုယ်နဲ့ ဖျစ်ညှစ်ပြီး စားသုံးပစ် လိုက်တာပဲ ဖြစ်ပါတယ်။ သားကောင်ရဲ့ အရွယ် အစားပေါ် မူတည်ပြီး သူတို့ ရဲ့ မေးရိုး အဆစ်တွေ ကို ဖြုတ်ကာ မျိုချနိုင်ပါ တယ်။ ဒါ့အပြင် Green Anaconda တွေဟာ အစာကောင်းကောင်း စားပြီပြီ ဆိုရင်တော့ ရက်သတ္တပတ် ဒါ မှ မဟုတ် လပိုင်းလောက် အထိ အစာ မစား ပဲ နေနိုင်ပါသေး တယ် ။

Green Anancond
Green Anancond

ဒါ့ပြင် အမတွေဟာ သူတို့ ရဲ့ ဥတွေ ကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ပြီး တစ်ခါ မွေးရင် နှစ်ဒါဇင်ကနေ ၃ဒါဇင်အထိ ပေါက်ဖွားနိုင်ကြပါတယ်။ မွေးပြီးပြီးချင်း အကောင်ပေါက်လေးတွေရဲ့ အရွယ်အစား ဟာ ၂ပေအထိ ရှိပြီး အရွယ်မရောက်သေးခင် မှာတောင် ရေကူးနိုင်တဲ့အပြင် အမဲလည်း လိုက်နိုင် ပါသေး တယ်တဲ့။ Green Anacondaတွေ ရဲ့ အများဆုံး သက်တမ်းကေ တာ့ ၁၀နှစ် အထိပဲ ရှိတယ်လို့ သိရ ပါတယ် ။

Green Anancond

ဒါဆိုရင်တော့ Green Anacondaတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ရသွားလိမ့်မယ် လို့ မျှော်လင့်မိ ပါတယ်ဗျ ။

စိတ်ဝင်စားစရာ ရုပ်သံလေးကို ကြည့်ရှုသွားပါအုံးနော်

Add a Comment

Your email address will not be published. Required fields are marked *