ရွှေမြန်မာတွေ တကယ်လိမ်ရင် ..တရုတ်တွေ ရူးသွားမယ်…

ဖြစ်ပုံက ဒီလို .. တရုတ်ပြည် က… ကျုပ်တို့နိုင်ငံ မှာ ရှိတဲ့ မြွေပွေးတွေ ကို..ဈေးကောင်းပေးပြီးဝယ် တာ ကြားဖူးမှာပေါ့… ဈေးကောင်းရ သတဲ့ဟေးး …ဆိုတာနဲ့ တို့နိုင်ငံက သကောင့်သားတွေ က မြွေပွေး ဖြစ်ပြီးရော ဆိုပြီး သေးသေးကြီး ကြီး အကုန်ဖမ်းပြီး မြွေပွဲစား ကတဆင့်ဟ တရုတ်ပြည် ကိုရောင်းကြသတဲ့..! ဖြစ်ချင်တော့….. မြွေပွေးမှာ …မျက်ပြူး နဲ့ မျက်မှေး ဆိုပြီး နှစ်မျိုး ရှိတယ်..တရုတ်တွေ ဝယ်တာက မျက်မှေး အမျိုးအစား တဲ့ဗျ …

ရွှေမြန်မာတွေ တကယ်လိမ်ရင် ပေါက်ဖော်ကြီး …တရုတ်တွေ မခံနိုင်ပါဘူး…

အဲဒီ မြွေပွေးမျက်မှေး က ..အဆိပ်သိပ် မပြင်းတော့ ..သူတို့ ဟင်းချက်ရောင်းရ တာ အဆင်ပြေတာ ကိုး… မျက်ပြူး ကတော့ ..အဆိပ် အရမ်းပြင်းလို့ တရုတ်ပြည် မှာ..ဘယ်သူမှ မစားဘူးတဲ့.. အဲဒီမှာ ….ဘာတွေဆက်ဖြစ်ကြ သလဲ ဆိုတော့….. ရောင်းတဲ့ကောင်တွေက..ပြူးပြူးမှေးမှေး မြွေပွေးဖြစ်ပြီးရော..ဖမ်းရောင်းကြသလို မြွေပွဲစားကလဲ…ရသမျှ အကုန်သယ်ပြီး တရုတ်ပြည်သွားပို့တယ်..

အဲဒီမှာ..ဝယ်လက် တရုတ် က မျက်ပြူး တွေမဝယ်ဘူး လို့ပြောတော့ ..မြွေပွဲစား ဒုက္ခရောက်ပြီလေ….မွဲတော့မှာ ကိုး.. အဲဒီမှာ..မြွေပွဲစားက အကြံပေါ်လာတာနဲ့ ကားထဲကမြွေပွေးမျက်ပြူးတွေ ကို..တစ် ကောင်ခြင်းယူပြီး..မျက်လုံး မှာ ပရုပ်ဆီ လိမ်းပေးလိုက် သတဲ့… 🙂 🙂 ဘယ်လောက်ပြူးတဲ့ မျက်လုံးဖြစ်နေနေ ပရုပ်ဆီနဲ့တွေ့တော့ မှေးသွား ရတာပဲ ..

ရွှေမြန်မာတွေ တကယ်လိမ်ရင် ပေါက်ဖော်ကြီး …တရုတ်တွေ မခံနိုင်ပါဘူး…

တရုတ် ဝယ်လက်ဆီပြန်သွားပြီး .. ” ဟောဒီမှာ..တာကောလိုချင်တဲ့မျက်မှေး တွေဆိုပြီး ရောင်းတော့..စောင်တရုတ်က လဲ ဘုမသိဘမသိ နဲ့မြွေပွေးမျက်မှေးတွေ ဆိုပြီးငွေချေပေး လိုက်တာပေါ့… ရက်နည်းနည်းကြာ လို့ ..ပရုတ်ဆီဓာတ် ပျယ်သွား တဲ့မြွေပွေးတွေ ရဲ့ မျက်လုံးတွေ က…ပြူးပြူးလာတိုင်း တရုတ် ရဲ့ မျက်လုံးပါ ပြူးပြူးလိုက်လာ သတဲ့…

ရွှေမြန်မာတွေ တကယ်လိမ်ရင် ပေါက်ဖော်ကြီး …တရုတ်တွေ မခံနိုင်ပါဘူး…

ငါဝယ်တဲ့ မျက်မှေးတွေက..အခုဘာ လို့ ပြူးလာသလဲဆိုပြီးစဉ်းစားရင်း နဲ့ တရုတ် ကြီး ရေရွတ်လိုက် တာကတော… ” စောင် ပ ယိုးးးး ဘီမာသွေ ” တဲ့ … မလုပ်သေးလို့ပါနော်…မြန်မာတွေ … တီကယ် လိမ်ရင်..တီရုတ် လည်း မခံနိုင် ပါဘူး နော့ …..

Sky Love

Add a Comment

Your email address will not be published. Required fields are marked *