မူးယစ်ဆေးလာဝယ်တဲ့ ရဲ ( ၂) ယောက် ကို တောင်ကြီးမြို့ ပြည်သူတွေဝိုင်းဖမ်း

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ရွှေတောင်ရပ်ကွက်မှာ မူးယစ်ဆေးသုံးစွဲ ဖို့ဆိုပြီး လာရောက်ဝယ်ယူ ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်( ၂ )ယောက်ကို ရပ်ကွ က်အုပ်ချုပ်ရေး အဖွဲ့နဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီး လိုက်တယ်လို့ အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြော ပါတယ် ။

မူးယစ်ဆေးရောင်းချတဲ့နေအိမ်မှာ ဇူလိုင်( ၇ ) ရက် က ညပိုင်းလာရောက် ဝယ်ယူချိန် ဖမ်းဆီး ရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးခဲ့ချိန် မှာ တပ်ဖွဲ့ဝင်(၅)ယောက်ရှိခဲ့ပေမဲ့(၂)ယောက် မှာပဲ မူးယစ်ဆေးဝါးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“သူတို့က သုံးစွဲဖို့လာရောက်ဝယ် ယူတာပေါ့ ။ အုပ်ချုပ်ရေးမှူး နဲ့ ရပ်မိရပ်ဖတွေက လုံခြုံရေးဆောင်ရွက်နေချိန်မှာ သူတို့လက်ထဲမှာ ဆေးပြား(၉)ပြားနဲ့ ဖမ်းမိခဲ့တာပါ။”လို့ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက O Media ကို ပြော ပါတယ် ။

မူးယစ်ဆေးလာဝယ်တဲ့ ရဲ ( ၂) ယောက် ကို တောင်ကြီးမြို့ ပြည်သူတွေဝိုင်းဖမ်း

အဲဒီရဲတပ်ဖွဲ့ဝင်( ၂ )ယောက် ကို ထပ်မံစစ်ဆေးတာကနေ ရောင်းချပေးလိုက် သူ ကိုလည်း အဲဒီရပ်ကွက်မှာ ပဲ ဆေးပြား( ၃၈ )ပြား နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရ ပါတယ်။

“ရောင်းပေးတဲ့သူ ကိုလည်း တရားစွဲထား ပါတယ် ။ ရဲတွေက သုံးစွဲ ဖို့ လာဝယ်တဲ့သဘောပေါ့ ။ ကျန်တဲ့( ၃ )ယောက် ဆီမှာ ပစ္စည်းမမိတော့ ခံဝန်နဲ့နောက်မလာဖို့ ပြောလိုက်တာပေါ့ ။ ရပ်ကွက်ထဲကို မလာဖို့ ခံဝန်ထိုးခိုင်းတာပေါ့ ။ အမှန်က ရဲဆိုရင်သူတို့ကတောင် ဖော်ထုတ်ရမှာလေ ။ မိတာကတော့ ဆိုင်ကယ်စီး တဲ့ တစ်ယောက်နဲ့ နောက်က တစ်ယောက်ဆီ မှာ မိတာပါ။”လို့ ဦးသန်းရွှေက ပြောပါတယ်။

ရွှေတောင်ရပ်ကွက်ထဲက မူးယစ်ဆေးဝါး ရောင်းချနေတယ် လို့ ကျော်ဇောသူတွေရဲ့နေအိမ်တွေ ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတွေကစစ်ဆေးတဲ့အချိန် အဲဒီလိုဖမ်းဆီး ရမိခဲ့တာပါ။

အဲဒီကိစ္စကို တောင်ကြီးမြို့မရဲစခန်း မှာ အမှုဖွင့်ပြီးစစ်ဆေးဆောင်ရွက်နေတယ် လို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က O Media ကိုပြော ပါတယ် ။

O Media

Add a Comment

Your email address will not be published. Required fields are marked *