ဟောင်ကောင်တွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်သောကြောင့် ကျောင်းများအားလုံး ရက်ရှည် ပြန်ပိတ်ပြီ

ဟောင်ကောင်ရှိ ကျောင်းများအားလုံး ကို လာမယ့် တနင်္လာနေ့ (ဇူလိုင် ၁၃ ရက်) မှစပြီး နွေရာသီကျောင်းပိတ်ရက် အစပိုင်း အထိ ပိတ်ထားမယ် လို့ ပညာရေးဝန်ကြီး Kevin Yeung က ဆိုပါတယ်။ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ နယ်မြေတွင်း COVID-19 ကူးစက်မှုတွေ ပိုမိုများပြားလာနိုင်တဲ့ အလားအလာရှိခဲ့ပြီးနောက် စာသင်ကျောင်းအားလုံး ပိတ်ထားရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟောင်ကောင် နယ်မြေတွင်း ကိုဗစ် ကူးစက်မှုတွေ မြင့်တက်လာမှုကြောင့် ကျောင်းများအားလုံးကို ပိတ်ထားမယ်လို့ ပညာရေးဝန်ကြီးက ယနေ့ (ဇူလိုင် ၁၀ ရက်) ပြော ပါတ ယ်။

Hong Kong To Shut Schools After Coronavirus Cases

ဟောင်ကောင် မှာ ဇူလိုင် ၁၀ ရက်နေ့ က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၃၈ ဦး တိုးလာခဲ့ရာ ၃၂ ဦး မှာ နယ်မြေတွင်း ကူးစက်မှုဖြစ်ကြောင်း သိရပါ တယ်။ အစောပိုင်း က ဟောင်ကောင် မှာ လူမှုနေထိုင် မှုများ ပုံမှန်အတိုင်း ပြန်ဖြစ်နေခဲ့ပြီး စားသောက်ဆိုင် နဲ့ ဘားဆိုင်များ၊ ယဉ်ကျေးမှုဆိုင်ရာ လည်ပတ်စရာနေရာများ ကိုလည်း ပြန်ဖွင့်ထားခဲ့ ပါတယ်။

Hong Kong To Shut Schools After Coronavirus Cases

ဟောင်ကောင် ဟာ ယမန်နှစ် ဒီဇင်ဘာလ ကုန် က COVID-19 စတင်တွေ့ရှိခဲ့ရာ တရုတ်ပြည်မကြီးနဲ့ ကပ်လျက်တည်ရှိနေပေမဲ့ လတ်တလော လပိုင်းအတွင်း နယ်မြေတွင်း ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ ပါတယ်။ သို့သော် အင်္ဂါနေ့ (ဇူလိုင် ၇ ရက်) မှာတော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ အပါအဝင် COVID-19 ကူးစက်မှုအစုအဝေး အသစ်များ တွေ့ရှိလာရ ပါတယ် ။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ ကူးစက်ခံရသူ ၃၂ ဦး စစ်ဆေးတွေ့ ရှိခဲ့တာ ဖြစ် ပါတယ် ။

Hong Kong To Shut Schools After Coronavirus Cases

ထို့အတူ အိမ်ရာတစ်ခု မှာလည်း COVID-19 ကူးစက်ခံရသူ ၁၁ ဦး တွေ့ခဲ့ရ ပါတယ် ။ နောက်ထပ် အသစ်တွေ့ရှိရတဲ့ ကူးစက်မှုများအနက် ၂၁ ခုထက်မနည်းဟာ ကူးစက်မှုရင်းမြစ်ကို မသိနိုင်ခဲ့ရာ မည်သို့ ကူးစက်ခံခဲ့ရကြောင်းကို သိရှိနိုင်ရန် တာဝန်ရှိ သူတွေက ကြိုးပမ်းနေရ ပါတယ် ။ အသစ်တွေ့ ရတဲ့ ကူးစက်ခံရသူတွေဟာ မည်သည့်နေရာမှ ကူးစက်ခံရကြောင်း နဲ့ ထိတွေ့မှုရှိခဲ့သူတွေကို ခြေရာခံ ရှာဖွေရာမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ် လို့ ဆို ပါတယ်။

Hong Kong To Shut Schools After Coronavirus Cases

COVID-19 ကူးစက်မှု အစုအဝေးတွေ ပြန်တွေ့လာရပြီးနောက် ဇူလိုင် ၁၃ ရက်နေ့မှစပြီး အလယ်တန်း၊ မူလတန်းနဲ့ မူကြို ကျောင်းများအားလုံးကို ပိတ်ထားမှာဖြစ်ပြီး အရေးကြီးတဲ့ စာမေးပွဲများ ကိုတော့ ကျင်းပခွင့်ပြုသွားမယ်လို့ ဟောင်ကောင် ပညာရေးဝန်ကြီး Kevin Yeung က ပြောပါတယ်။ ဟောင်ကောင် အစိုးရကျောင်းတွေကို အစောပိုင်းအဆင့် COVID-19 ကူးစက်မှုများ ဖြစ်ပွား ခဲ့တဲ့ ဇန်နဝါရီလ အတွင်း မှာ စတင်ပိတ်ထား ခဲ့ပြီး ကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်လာနိုင်ပြီးနောက် မေလမှာတော့ တဖြည်းဖြည်း ပြန်ဖွင့်ပေးခဲ့ ပါတယ် ။

ဟောင်ကောင် အာဏာပိုင်တွေက ပြန်လည် သတ်မှတ်လိုက် တဲ့ ကန့်သတ်ချက်အရ စားသောက်ဆိုင်တွေမှာ လူဦးရေ ရှစ်ဦးအထိ အများဆုံး အတူတကွ ထိုင်နိုင်ကြောင်း၊ ဘားဆိုင်၊ အရက်ဆိုင်နဲ့ နိုက်ကလပ်တွေ မှာတော့ စားပွဲတစ်ဝိုင်းလျှင် လူလေးဦးသာထိုင်ရန် ခွင့်ပြုထားကြောင်း သိ ရပါတယ် ။ ဟောင်ကောင် မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁,၄၀၄ ဦး နဲ့ သေဆုံးသူ ခုနစ်ဦး ရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြ ပါတယ်။ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *