နာဇီတို့ ရဲ့ အရက်စက်ဆုံးနည်းလမ်းများနဲ့ စမ်းသပ်မူတွေထဲက ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

ဒုတိယကမ္ဘာစစ် ရဲ့ မှတ်တမ်းတွေ ထဲ မှာ ဟစ်တလာ အုပ်ချုပ် တဲ့ နာဇီ အစိုးရအဖွဲ့က ဂျူး ( ၆ ) သန်းလောက် ကို လူမျိုးသုဉ်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးဟာ လူအများသိတဲ့ ကြောက်စရာ အကောင်းဆုံြး ဖစ်ရပ် တစ်ခု ပဲ…။

အဲဒီတုန်းက လူတွေ အများကြီးမသိတဲ့ နာဇီဆရာဝန်တွေ ရဲ့ လူမဆန်တဲ့ လျှို့ဝှက် စမ်းသပ်မှုတွေလည်း ရှိနေသေး…။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

အဆိပ် စမ်းသပ်မှုတဲ့ ..။

ဆရာဝန်တွေဟာ အကျဉ်းသားတွေ ရဲ့ အစားအစာတွေထဲ သူတို့ မသိအောင် အဆိပ်ခတ်ပြီး အဆိပ်သင့်စေတာပေါ့..။ အကျဉ်းသားတွေ ဘယ်လို အဆိပ်သင့် ခံစားရတယ်ဆိုတာ စောင့်ကြည့်ကြတယ်..။ နောက်ဆုံး သေတဲ့အထိပဲ…။ သေတာနဲ့ တစ်ပြိုင်နက် အဲဒီအလောင်းကို ခွဲစိတ်ကြည့်ကြေ တာ့ တယ်…။

တချို့ အကျဉ်းသားတွေကိုတော့ အဆိပ်ပြင်းတဲ့ ကျည်ဆန် အမျိုးမျိုးနဲ့ ပစ်သတ်ပြီး ဘယ်လိုအဆိပ်သင့်သလဲ .. ဘယ်နှစ်နာရီ အသက်ရှင်နိုင်သလဲ စမ်းသပ်ခဲ့တယ်…။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

အမြွှာ စမ်းသပ်မှုတဲ့ ။ ၁၉၄၃- ၁၉၄၄

နာဇီ ဒေါက်တာ ဂျိုးဇက် မင်ဂလင် ( Josef Mengele ) ဦးဆောင်တဲ့ ဆိုက်ကို ဒေါက်တာ အုပ်စုဟာ Auschwitz ထောင်ထဲ မှာ တစ်နှစ် အတွင်း အမြွှာကလေးတွေ ၁၅၀၀ ကိုစမ်းသပ် ခဲ့တယ်…။ အဲဒီ အထဲက ၂၀၀ လောက်ပဲ အသက်ရှင်သန်ခဲ့ပြီး ကျန်တဲ့ ကလေးတွေ အကုန်သေ တာပဲ…။

အဆိုးဝါးဆုံး စမ်းသပ်မှု ၂ ခု ကတော့အမြွှာတွေ ရဲ့မျက်လုံးတွေထဲ ဆိုးဆေးတွေ ထိုးသွင်းပြီး တစ်ယောက် အရောင်ပြောင်းရင် အခြားတစ်ယောက်ရော အရောင်ပြောင်းသွားတာလား ဆိုတဲ့ စမ်းသပ်မှု..။ ကလေးတွေ မျက်လုံးကန်းတာပဲ။ နောက်တစ်ခုက ကလေး ၂ ယောက်ကို သူတို့လိုချင်တဲ့ ကိုယ်လုံးဆက် အမြွှာဖြစ်အောင် ဖြတ်တောက် ပေါင်းချုပ်ပစ်တာပဲ…။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

ပင်လယ်ရေတွေနဲ့လည်း စမ်းသပ်တယ် …။

နာဇီ ဆရာဝန်တွေဟာ နာဇီချွေး တပ်စခန်း က အကျဉ်းသားတွေ ရဲ့ ခန္ဓာကိုယ်ထဲကို ပင်လယ်ရေတွေ ထိုးသွင်းတယ်..။ ပင်လယ်ရေဟာ လူ့ခန္ဓာကိုယ်အပေါ် ဘယ်လို သက်ရောက်မှု ရှိတယ်…၊ ပြီးတော့ ပင်လယ်ရေကို သန့်စင်ပြီး သောက်သုံးလို့ ရ ..မရ..သိချင်လို့ပေါ့..။ နာဇီ ဆရာဝန်တွေဟာ ရိုမေးနီးယားလူမျိုး ၉၀ လောက်ရှိတဲ့ အုပ်စုတစ်စုကို ၂လ၊၃ လလောက် ပင်လယ်ရေတွေ ကို ပဲတိုက်ပြီး အခြား အစားအစာတွေ ဘာဆိုဘာမှ မပေးဘဲ စမ်းသပ်ပြန် တယ်…။

ပင်လယ်ရေဟာ အဲဒီအကျဉ်းသားတွေအတွက် တစ်ခုတည်းသော အစားအစာပေါ့။ အကျဉ်းသားတွေဟာ အလွန်ဆိုးရွား တဲ့ ရေငတ်ဒဏ် ကို အလူးအလှိမ့် ခံစားခဲ့ရတယ်…။ သူတို့ဟာ ရေတစ်စက်များထွက်လာမလား လို့ သစ်သားကြမ်းပြင်တွေ ကို လျှာနဲ့ လျက်ကြရှာတယ်..။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

နောက်ဆုံးတော့ ရေငတ်ရင်း ပူလောင်စွာသေ ဆုံးသွားကြရှာ တယ်…။ Mustard Gas (အရေပြားကိုလောင်စေတဲ့ အဆိပ်ဓာတ်ငွေ့)စမ်းသပ်ချက်တဲ့။ နာဇီတွေဟာ cytotoxic နဲ့ vesicant တို့လို အဆိပ်ငွေ့ အသုံးပြုတဲ့ ဓာတုစစ်ဆင်ရေး နဲ့ ကမ္ဘာ ကို ကြီးစိုး အုပ်ချုပ်ချင်လို့ အဆိပ်စမ်းသပ်မှုတွေ ပြုလုပ်ကြတာဖြစ် တယ် ။ Mustard ဓာတ်ငွေ့ကို ရှူမိရင် လူတွေရဲ့ အရေပြားနဲ့ အဆုတ်တွေ မှာ အရည်ကြည်ဖုကြီးတွေဖြစ်လာတယ်…။ သူတို့ဟာ အကျဉ်းသားတွေကို Mustard Gas တွေနဲ့ ဦးဆုံးမီးရှို့ပြီး အဲဒီမီးလောင်ကျွမ်းမှုကို ဘယ်လိုကုသရမယ် ဆိုတာ စမ်းသပ်ရှာဖွေခဲ့ကြ တယ်..။

အရိုး၊ ကြွက်သား၊ အာရုံကြောအစား ထိုးခြင်း..။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

နာဇီ တို့ဟာ အကျဉ်းသားတွေ ကို မေ့ဆေးမပေး ဘဲ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက် ထုတ်ယူ ခဲ့တယ်…။ ပြီးတော့ အခြား ခန္ဓာကိုယ်တွေထဲ အစားထိုးကြည့်…။ အဲဒီလိုခွဲစိတ်မှုတွေကို ဘာလို့ မေ့ဆေး မပေးတာလဲ ဆိုတော့ အရိုး၊ ကြွက်သား တွေနဲ့ အာရုံကြောတွေ ဘယ်လောက် အထိ ဆက်စပ်နေပြီး ဘယ်လို နာကျင်မှုတွေခံစားရမယ် ဆိုတာ စမ်းသပ်ချင်လို့ပေါ့..။

အကျဉ်းသားတွေ ရဲ့ အရိုးတွေ နဲ့ အခြား အစိတ်အပိုင်းတွေကိုမေ့ဆေး မပေးဘဲထုတ်ယူခဲ့တဲ့ရလဒ်ကတော့ အကျဉ်းသားတွေ သေရင်သေ ၊ မသေရင် ဘဝမှာ မေ့ပျောက်လို့ မရတဲ့ နာကျင်မှု၊ စိတ်ဒဏ်ရာနဲ့ ရူးသွပ် ၊ ဒုက္ခိတတွေဖြစ်ကုန်ကြ တာပဲ..။

နောက်တစ်ခု က ဦးခေါင်း စမ်းသပ်ချက်တဲ့..။

နာဇီတွေဟာ ရက်ရက်စက်စက် ကလေးငယ်တွေ နဲ့ လူငယ်တွေရဲ့ ဦးခေါင်းတွေကို တူနဲ့ ထုပြီး ဘယ်လောက် ခံနိုင်ရည်ရှိသလဲ.. ဘယ်နေရာက သေစေနိုင်သလဲ.. စမ်းသပ်ကြပြန်တယ်…။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

သိပ်ရက်စက် တဲ့ လုပ်ရပ်တွေပေါ့…

အဲဒီ စမ်းသပ်မှုကို နာဇီဆရာဝန်တစ်ယောက်ရဲ့ အိမ်နောက်ဘက်က အဆောက်အဦး သေးသေးလေး တစ်ခုထဲမှာ လျှို့ဝှက်လုပ်ခဲ့ကြ တယ်..။ လူငယ်တွေကို ကုလားထိုင်ပေါ်မှာ ချုပ်ထားပြီး ဦးခေါင်းထိပ် မှာ စက်ကိရိယာတူတစ်ချောင်း ကို ချိန်ထားတယ်…။

အဲဒီတူ ကို စက္ကန့်အနည်းငယ်စီခြားပြီး ဦးခေါင်း ကို အကြိမ်ကြိမ် ထိမှန်စေတယ်..။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

အဲဒီ ကောင်လေးတွေ ရူးသွပ်သွား ခဲ့တယ်..။

လေဖိအား စမ်းသပ်မှုများ –

နာဇီတွေဟာ အကျဉ်းသားတွေ ကို လေဖိအားနိမ့် တဲ့ အခန်းတွေမှာထားပြီး အသက်ရှူကျပ်သေေ စတယ်..။ ရည်ရွယ်ချက်ကတော့ အလွန်မြင့်မားတဲ့ အမြင့်မှာ လေယာဉ်မောင်းနေရ တဲ့ ဂျာမန်စစ်လေယာဉ်မှူးတွေ ကို ကူညီဖို့ဖြစ်တယ်..။

လေယာဉ်မှူးတွေ အရေးပေါ်အခြေအနေမှာ ဘယ်လောက်အထိတင်းခံ အသက်ရှင်နိုင်မလဲ ဆိုတာ သိချင်လို့ပေါ့..။ အကျဉ်းသားတွေကို အခန်းကျဉ်းထဲ မှာ ၆၆၀၀၀ ပေအမြင့်မှာရှိတဲ့ အလွန်နိမ့် တဲ့ လေဖိအားပေး ထားတယ်..။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

သူတို့ လူအယောက် ၂၀၀ ကိုစမ်းသပ် ခဲ့တယ်..။ လူ ၈၀ က ချက်ချင်းသေဆုံး ခဲ့တယ်..။ မသေဘဲ ကျန်တဲ့ လူတွေ ကိုတော့ ကွပ်မျက်ခဲ့တယ်..။

ငှက်ဖျားရောဂါ စမ်းသပ်ချက်..။

နာဇီတွေ ဟာ ငှက်ဖျားရောဂါ ပျောက်ဆေးကိုရှာဖို့ အတွက် ခြင်မတွေ ရဲ့ ချွဲဂလင်းတွေထုတ်ယူပြီး ကျန်းမာတဲ့ အကျဉ်းသားတွေ ရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းခဲ့တယ်..။ အကျဉ်းသားတွေဟာ ငှက်ဖျားရောဂါကူးစက်သွားတာပေါ့..။ အဲဒီ အကျဉ်းသားတွေ ကို ဆေးအမျိုးမျိုးပေးပြီး စမ်းသပ် ခဲ့တယ်..။ သူတို့ဟာ အကျဉ်းသား ၁၀၀၀ လောက်ကို အဲဒီလို သေစေနိုင်တဲ့ရောဂါတွေကို အတင်းအဓမ္မ ဆေးထိုးသွင်း ခဲ့တယ်..။ ထက်ဝက်ကျော် သေဆုံး ခဲ့တယ်..။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

Sulfonamide စမ်းသပ်ချက်

Sphphonamide ရဲ့ထိရောက်မှုကိုစမ်းသပ်ဖို့ အတွက် ပထမ ဦးဆုံး အကျဉ်းသားတွေကို သစ်သားအချွန်တွေ.. ဖန်စတွေနဲ့ လှီးဖြတ်ပြီး ဒဏ်ရာတွေပေးတယ်..။

ပြီးတော့ သူတို့ရဲ့ အနာတွေကိုတေ့ပြီး ဗက်တီးရီးယားတွေ အချင်းချင်းကူးစက်စေ ခဲ့တယ်..။

အကျဉ်းသားတွေ ကို စစ်မြေပြင်ကဒဏ်ရာပုံစံမျိုးရစေပြီး အနာ ရဲ့ အစွန်းနှစ်ဖက်တွေ ကို သွေးမဝင်အောင် တင်းတင်းကျပ်ကျပ် ချည်နှောင်၊ သွေးမလျှောက်အောင်လုပ်ရင် ဘာဖြစ်မလဲသိချင်လို့ စမ်းသပ်ပြန် တယ်..။ ပြီးတော့ သူတို့ ဆီမှာရှိတဲ့ Sulfonamide ( ဗက်တီးရီးယား ပိုးမွှားတိုက်ဖျက်ဆေး) တွေ့ထည့်ပြီး စမ်းသပ်တယ်..။

သားကြောဖြတ်တဲ့ စမ်းသပ်မှုတွေ…။

နာဇီတွေဟာ ၄ နှစ်ဆိုတဲ့ ကာလအတွင်းမှာ အကျဉ်းသား ၃၀၀,၀၀၀ ခန့်ကို သားကြောဖြတ်ပစ်ခဲ့တယ်..။ ဟစ်တလာလိုလားတာက ဂျာမန်လူမျိုး (Germanic race) သန်သန်စွမ်းစွမ်း လှလှပပလေ…။ ဟစ်တလာက သူတို့ ဂျာမန်တွေဟာ စင်ကြယ်တဲ့ စံပြအာရိယန်လူမျိုးနွယ်တွေလို့ သူယူဆတယ်လေ..။

ဟစ်တလာ က ဂျာမနီလူမျိုးဖြစ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းတဲ့သူတွေ၊ စိတ်ကစဥ့်ကလျား(schizophrenia) ဖြစ်နေတဲ့သူတွေ၊ မျက်စိကွယ်၊ နားပင်း စတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာ ပုံပျက်နေတဲ့သူတွေ ကို နောက်ထပ် သားဆက်မပွားအောင် သားကြောဖြတ်ပစ်ရမယ်လို့ဆိုတယ်..။ သားကြောဖြတ်တဲ့ ပညာကို သေသေချာချာသိဖို့ ပထမဆုံး အကျဉ်းသားတွေ ကို စမ်းသပ်ခဲ့တာပေါ့ ..။

ကမ္ဘာ့ ထိတ်လန့်စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ရပ်များ

အကျဉ်းသားတွေဟာ သူတို့ သားကြောအဖြတ်ခံရတာ ကို မသိခဲ့ကြဘူး..။ နာဇီတို့ ကျဆုံးပြီး အကျဉ်းထောင်ကလွတ်လာမှ သိခဲ့ကြရတာ..။

နာဇီဆရာဝန်တွေ ရဲ့အတွေး က ဒီလို…။

“ အကျဉ်းသားတွေ ဟာ ဘာပဲဖြစ်ဖြစ် တချိန်ချိန် မှာ အသတ်ခံရမှာပဲလေ..။ ဒီအတိုင်းသေမယ့် အစား ငါတို့အတွက် အကျိုးရှိစေမယ့်နည်း နဲ့ သူတို့ ကိုသတ်မှ…”

သူတို့ရဲ့လုပ်ရပ်တွေဟာ လူ့အခွင့်အရေး ကို ချိုးဖောက်ပြီး လူသားအချင်းချင်း နှိပ်စက်ညှဉ်းပန်းနေတယ် ဆိုတာ တွေးမိကြပုံမရ..။ နေ့စဉ် လုပ်ရိုးလုပ်စဉ် တစ်ခုလို…။

နာဇီဆိုတာ …။

မရွှေမိုး ( ကိုရီးယား)
July 10th,2020.

Add a Comment

Your email address will not be published. Required fields are marked *