ရှီတရုတ် ရဲ့ ကမ္ဘာပါတ် အနိုင်ကျင့်မူ ကို ပေါ်တင်ကြီး သွားဖြဲ ၊ မာန်ဖီပြ လိုက်တဲ့ အမေရိကန်

ခုဆိုရင် ရေတပ်အုပ်စု လေယဉ်တင်သင်္ဘော နှစ်စီး မိုင် ( ၉၀၀ ) ကျော် ဖြတ်မောင်းပြနေတယ်.. အမေရိကား ရေတပ်အုပ်စု ( ၂ ) အုပ်စု ထွက်တာ လို့ ဆိုရပေမယ်.. ရေတပ်အုပ်စု တစု လေယဉ်တင်သင်္ဘော တစီးထွက်ပြီ ဆိုရင်..

ရှီတရုတ် ရဲ့ ကမ္ဘာပါတ် အနိုင်ကျင့်မူ ကို ပေါ်တင်ကြီး သွားဖြဲ ၊ မာန်ဖီပြ လိုက်တဲ့ အမေရိကန်

(၁) နယူး ကလီးယား ရေငုပ်သင်္ဘော (၄) စီး..

(၂) ဘေးရံ (destroyer) သင်္ဘော (၂) စီး

(၃) free gate စစ်သင်္ဘော (၂) စီး

(၄) ဆီတင်သင်္ဘော နောက်ရံ

လေယဉ်တင်သင်္ဘောက ဆီမလို.. နယူးကလီးယားနဲ့သွားတယ်.. လေယဉ်ဆီကိုတော့ နောက်ရံ ဆီတင်သင်္ဘောတွေက သယ်လာတယ်.. လေယဉ်တင်သင်္ဘောတစီးမှာ တိုက်လေယဉ် အနည်းဆုံး (၈၀) ကျော်ပါတယ်.. ကျန်တဲ့ electronic warfare လေယဉ်.. ကင်းထောက်လေယဉ်.. ရေဒါဂန်ကာ.. ဗလာဗလာဗလာ တွေ အများကြီးပေါ့ဗျာ.. အဲ့တော့ အဲ့ဒီရေတပ်အုပ်စု သင်္ဘောတစီးကို ကြက်မကြီးလို ဝန်းရံပြီး ထွက်လာတာကို “one fleet” လို့ခေါ်တယ်..

အုပ်စု တစု one fleet ဟာ နိုင်ငံတခု ကို ဖျက်ဆီးလိုက် လို့ရတယ်..

အီရတ်ကို တိုက်တုန်းက အမှတ် (၆) ရေ တပ်မတော် အုပ်စုတစု “one fleet” နဲ့ပဲ တိုက်သွားတာဖြစ်တယ်..

ရှီတရုတ် ရဲ့ ကမ္ဘာပါတ် အနိုင်ကျင့်မူ ကို ပေါ်တင်ကြီး သွားဖြဲ ၊ မာန်ဖီပြ လိုက်တဲ့ အမေရိကန်

ဒီတော့ အခု တရုတ်ပြဿနာ မှာ..

နိုင်ငံတကာပိုင် တောင်တရုတ်ပင်လယ် ကို တရုတ်က ဘာ အကြောင်းပြချက်မှ မရှိပဲ သူပိုင်တယ် လို့ ဆိုပါတယ်.. အဲ့လောက် ဧရိယာ ကြီးမားကျယ်ပြန့်တဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာပိုင် ပင်လယ်ပြင်ကြီး ကို..

သူ (တရုတ်) ပိုင်တယ် လို့ ဆိုခြင်းဟာ..

freedom of navigation လို့ခေါ် တဲ့ နိုင်ငံတကာ သဘောတူညီချက်ဖြင့် စာချုပ် ချုပ်ဆိုခဲ့ခြင်း ကို ချိုးဖောက်တာ ပဲဖြစ်တယ်..

ဥပမာ အားဖြင့်..

(၁) ပင်လက်နက် black sea နဲ့ မြေထဲပင်လယ်ကြား (တူရကီပိုင်မြေကြီးကို ဖြတ်ထားတဲ့.. ရေလက်ကြား

(၂) မက်လကာရေလက်ကြား (စင်္ကာပူနဲ့ မလေးရှား ရေလက်ကြား)

(၃) Gibralter ဂျီဘရက်တာ ရေလက်ကြား (ဥရောပအစွန်းဖျား စပိန်နိုင်ငံနဲ့ အာဖရိကား မော်ရကိုနိုင်ငံကြား ရေလက်ကြား)

စသဖြင့်ပေါ့နော်..

အဲ့ လို သဘာဝဖြစ်စဉ် အတိုင်း နဂိုလ်မူလ တည်ရှိနေတဲ့ ရေလက်ကြားမှန် သမျှ ကို.. မည်သည့်နိုင်ငံက မဆို ဘယ်သင်္ဘောမဆို ဘာအခကြေးငွေ ပေးစရာမလို ဖြတ်သန်း ဖြတ်မောင်းပိုင်ခွင့် ရှိပါ တယ်လို့.. freedom of navigation စာချုပ်မှာ နိုင်ငံတကာက သဘောတူညီစွာ ချုပ်ဆိုခဲ့ကြတာဖြစ်တယ်..

ရှီတရုတ် ရဲ့ ကမ္ဘာပါတ် အနိုင်ကျင့်မူ ကို ပေါ်တင်ကြီး သွားဖြဲ ၊ မာန်ဖီပြ လိုက်တဲ့ အမေရိကန်

ဒါကို တရုတ်က ဗြောင်ကြီးချိုးပြီး တောင်တရုတ်ပင်လယ် ကို မည်သည့်နိုင်ငံကမ ဆို လေယဉ်များ သင်္ဘောများ ဖြတ်မောင်းခဲ့ရင် တရုတ်ကို ကြိုတင်အကြောင်းကြားရမယ် ဆိုပြီး စ, လုပ်လာတယ်.. ဒီလို လုပ်ဆောင်တဲ့ တရုတ်ရဲ့အမူအကျင့်ဟာ ဘေးပတ်ဝန်းကျင် အိမ်နီးနားချင်း နိုင်ငံတွေကို ငါအကောင်ကြီးတယ်ဆိုပြီး မတရားအနိုင်ကျင့်တာလို့ ဆိုရပါမယ်..

တောင်တရုတ်ပင်လယ် South China Sea ကို Yello Sea လို့လဲ ခေါ်ကြပါသေးတယ်.. ဒီတော့ အမေရိကားက.. ယ္ခင်က ကင်းထောက်လေယဉ် ဗုံးကျဲလေယဉ် တွေ ဖြတ်မောင်းပြခဲ့တယ်..

သဘောကတော့ ဂရုမစိုက်ဘူးပေါ့ဗျာ..

ခုဆိုရင် ရေတပ်အုပ်စု နှစ်အုပ်စု “ two fleets ” ကြက်မအုပ်ကြီး ( ၂ ) အုပ် မိုင် ( ၉၀ ) ကျော် ဖြတ်မောင်းပြနေပြီဖြစ်တယ်.. ဒါဟာ ဒီဖက် စစ်အေးအလွန်ကာလမှာ အကြီးမားဆုံး စစ်ရေးပြမူပဲ..

သဘောကတော့ “ ဒါဟာ မင်းပိုင်တာမဟုတ်ဘူး ”

freedom of navigation စာချုပ်အရ နိုင်ငံတကာပိုင် ဖြစ်တယ်ဆိုတာ ကို အမေရိကားက ပေါ်တင်ပြသတာ ပဲဖြစ်တယ်..

“ ပစ်ရဲရင် ပစ်ကြည့်လေ ” ဆိုတဲ့ သဘောပေါ့ဗျာ..

ဒါကို gun-boat diplomacy လို့ ခေါ် ပါတယ်..

Minthura Wynn

Add a Comment

Your email address will not be published. Required fields are marked *