တရုတ်အရာရှိတွေ ကို အမေရိကန်အရေးယူမှု လက်တုံ့ပြန်မည် ဟု တရုတ်ခြိမ်းခြောက်ပြောဆို

တရုတ်နိုင်ငံက လူနည်းစု ဝိဂါမွတ်ဆလင်တွေအပေါ် အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရှင်ကျန်းဒေသ ရဲ့ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ပေါလစ်ဗြူရိုအဖွဲ့ဝင် တယောက် နဲ့ အရာရှိ သုံး ယောက်ကို အမေရိကန် က ကြာသပတေးနေ့က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ ပါတယ် ။

တရုတ်အရာရှိတွေ ကို အမေရိကန်အရေးယူမှု လက်တုံ့ပြန်မည် ဟု တရုတ်ခြိမ်းခြောက်ပြောဆို

တရုတ်ပြည်တွင်းမှာ ရှိနေကြ တဲ့ လူနည်းစု ဝိဂါမွတ်ဆလင် လူမျိုးစုတို့ အပေါ် ၌ တရုတ်အစိုးရက ဖိနှိပ်မှု့တွေလုပ်နေပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှု့ လုပ်ရပ်မျိုးတွေလည်းရှိ နေသည် ဟူသော စွပ်စွဲချက်ဖြင့် တရုတ် ထိပ်တန်း အရာ ရှိ ၃ဦးတို့ အား မနေ့တုန်းက အမေရိကန်က ဗီဇာတားမြစ် ပိတ်ပင်ခြင်း အပါအဝင် ဒဏ်ခတ်အရေးယူမှု့ လုပ်ခဲ့ခြင်းအပေါ် လက်တုန့်ပြန်သည့် အနေဖြင့် တရုတ် အစိုး ရကလည်း ရှင်ကျန်းအရေးနှင့် စပ်လျဉ်းပြီး၊ အမေရိကန် အစိုးရအရာရှိများနှင့် အင်စတီကျူးရှင်း တို့အား ဒဏ်ခတ် ပိတ်ဆို့မှု့တွေ လုပ်မည် ဟု ဒီကနေ့ မှာ သတိပေး ခြိမ်းခြောက်လိုက်ပြီ လည်းဖြစ် ပါသည် ။ လာမည့် အပတ်ထဲ ၌ အမေရိကန်က တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် စပ်လျဉ်းပြီး သဘောထားကြေညာချက် ထုတ်ပြန်သွားဖို့ ရန် ရှိနေ ပါသည် ။

တရုတ်အရာရှိတွေ ကို အမေရိကန်အရေးယူမှု လက်တုံ့ပြန်မည် ဟု တရုတ်ခြိမ်းခြောက်ပြောဆို

ဒါဟာ တရုတ်ပြည်တွင်းရေး ကို အကြီးအကျယ် ဝင်စွက်တာဖြစ်လို့ နှစ် နိုင်ငံဆက်ဆံရေး ကို အကြီးအကျယ် ထိခိုက်စေတယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က သတင်းထောက်တွေကို ဒီကနေ့ ပြောကြား ပါတယ်။

“အမေရိကန် ရဲ့ မှားယွင်းတဲ့ အဆုံးအဖြတ် ကို ပြင်ဆင်ဖို့ တရုတ်က တိုက်တွန်း ပါတယ် ။ တရုတ်ပြည်တွင်းရေးကို ဝင်စွက်ဖက်နေတာနဲ့ တရုတ်အကျိုးစီးပွား ထိခိုက်အောင် လုပ်နေတာတွေ မရပ်ရင် တရုတ်ဘက်က တန်ပြန်ဆောင် ရွက် မှုတွေ လုပ်သွားရ လိမ့်မယ် ။” လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရကပြော ပါတယ် ။

တရုတ်အရာရှိတွေ ကို အမေရိကန်အရေးယူမှု လက်တုံ့ပြန်မည် ဟု တရုတ်ခြိမ်းခြောက်ပြောဆို

ရှင်ကျန်းဒေသထဲက ဝိဂါမွတ်ဆလင်ထောင်နဲ့ချီကို တရုတ်အစိုးရ က ပြုပြင်ရေးစခန်းတွေမှာ ထိန်းသိမ်းပြီး ဖိနှိပ်မှုတွေလုပ်နေသလို ဝိဂါတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ဘာသာရေးယုံကြည်မှုတွေ ပျောက်အောင် တရုတ်အစိုးရက လုပ်နေတယ်လို့ ကုလသမဂ္ဂ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောနေကြ ပါတယ်။

အမေရိကန်နှင့် တရုတ်တို့ဟာကိုရိုနာဗိုင်းရပ်စ် ရောဂါစတင်ဖြစ်ပွားမှု့ အငြင်းပွားဖွယ်ရာ ကိစ္စ ၊ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေပြဌာန်းမှု့ ပြဿနာ၊တောင်တရုတ် ပင်လယ်အရေးကိစ္စတို့ကြောင့်နှစ်ဖက် တင်းမာမှု့ အရှိန်ဆက် ၍ မြင့်တက်နိုင်ပါသည် ။နောက်တပတ်ထဲ မှာ အသံပိုထွက်လာနိုင် ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *