အမေရိကန် – ထိုင်း စစ်ဘက်နှစ်ရပ်ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ်ရေးထိုး

အမေရိကန်ကြည်း တပ် ဦး စီးချုပ် ဗိုလ်ချုပ်ကြီး James McConville ဟာ ထိုင်းဝန်ကြီးချုပ် ၊ ကာကွယ်ရေး ဦးစီးချုပ် တို့ နဲ့ ဒီကနေ့တွေ့ဆုံပါ တယ် ။ ဒါဟာ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာ ခရီးသွားလာမှုတွေ ရပ်ဆိုင်းခဲ့ပြီးတဲ့ နောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံးလာ ရောက်တွေ့ဆုံတဲ့ ပြည်ပက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဖြစ် ပါတယ်။

U.S. Embassy Bangkok

ဗိုလ်ချုပ်ကြီး McConville ဟာ ၀န်ကြီးချုပ် Prayuth Chan-ocha၊ ထိုင်းကာကွယ်ရေးဦးစီးချုပ် Apirat Kongsompong တို့နဲ့တွေ့ဆုံပြီး မဟာဗျူဟာမြောက် လက်တွဲ လုပ်ဆောင်ရေး ဆိုင်ရာ သဘောတူညီချက် တရ ပ်ကို လက်မှတ်ရေး ထိုးခဲ့တယ် လို့ ထိုင်းနိုင်ငံမှာ ရှိတဲ့ အမေရိကန်သံရုံးက ကြေငြာချက်ထုတ်ပြန် ပါတယ် ။ သဘောတူညီချက် အသေးစိတ် ကိုတော့ မထုတ်ပြန် ပါဘူး။

James McConville

ဒါဟာ အမေရိကန်အစိုးရက ဒေသတွင်း မှာ ရှိတဲ့ မဟာမိတ်တွေနဲ့ ဆက်ပြီးတော့ လက်တွဲဆောင်ရွက်သွားမယ်ဆိုတာကို ထပ်လောင်း အာမခံလိုက်တာလည်းဖြစ်ပါတယ်။

တောင် တရုတ်ပင်လယ် တွင်း တရုတ်နိုင်ငံက လွှမ်းမိုးဖို့ ကြိုးပမ်းနေတာတွေ ကို တန်ပြန်ဖို့ အတွက် အမေရိကန်က အခုလိုလုပ်ဆောင်လာနေတာပါ ။

U.S. Embassy Bangkok

ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး တော့ အမေရိကန် က ထိုင်းနိုင်ငံ ကို ဒေါ်လာ ၂,၀၀၀,၀၀၀ အကူအညီပေးခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ကလည်း ဒီအကူအညီ ကို အသိအမှတ် ပြုတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး က ဒီနေ့ သတင်းထုတ်ပြန် ပါ တ ယ်။

ဒီတွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်ဘက် တာဝန်ရှိသူတွေ ဟာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မဖြစ်အောင် တင်းတင်းကြပ်ကြပ် ချမှတ်ထား တဲ့ စည်ကမ်းချက်တွေ အတိုင်း လိုက်နာတဲ့အနေ နဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေ တပ်ဆင်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ် ပါ တယ် ။

VOA

Add a Comment

Your email address will not be published. Required fields are marked *