ဝှေခါ ကိစ္စမှာ ကျနော်တို့ သိသလို သူတို့(လူကြီးတွေ)မသိနိုင်တဲ့ အရာတွေ များစွာရှိနေပါတယ် ..ဝှေခါ ဖြစ်စဉ် သိချင်ရင် ဆုံးအောင် ဖတ်ပေးပါ

ဝှေခါ ဖြစ် စဉ် သိချင် ရင် ဆုံးအောင် ဖတ်ပေး ပါ …

ဝှေခါ ကိစ္စ သမ္မတ ရဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရောက်လာပြီး ….ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူး လည်း အပြောင်းအရွှေ့ စာရင်းထဲ ပါ လာတယ် လို့ ကြားရပါတယ် ။

မိုးရာသီ ရောက်တိုင်း ဆိုင်းတောင်-ဖားကန့် ၊ လုံးခင်း -ဖားကန့် လမ်းတွေကို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ဆရာတော် ဦးဘီတူးဂျာတို့နဲ့ ဦးဆောင်ပြီး ပြင်ပေးခဲ့ တာကို သတိထားမိလာ ပါတယ် ။ ဒီနှစ်မိုးရာသီ မှာလည်း လမ်းပြင် ဘို့ လုပ်နေတာတွေ့ ရပါတယ် ။ ဒီနှစ် မိုးရာ သီတော့ ခင်းမဲ့ကျောက်ဖာတွေ ပုံထားပြီး ဖြန့်ခင်းချိန်တောင် ရမသွားရှာပါဘူး ။( အမှန်တော့ လမ်းပြင်တဲ့ ကိစ္စက ရဲနဲ့တော့မဆိုင်ပဲ မေနနိုင်လို့ ဆောင်ရွက်ကြဟန် တူ ပါတယ် )

ဝှေခါ ဖြစ် စဉ် သိချင် ရင် ဆုံးအောင် ဖတ်ပေး ပါ …

ကော်မရှင် ရဲ့ဆုံးဖြတ် ချက် မှားသလား မှန်သလား ဆိုတာ ….

ဝှေခါ ကိစ္စမှာ ကျနော် တို့ သိသလို သူတို့ (လူကြီးတွေ) မသိနိုင်တဲ့ အရာတွေ များစွာရှိနေနိုင် ပါတယ် ။ ဦးအုန်းဝင်း ရဲ့ “ လောဘကြောင့် သေရတာ “ ဆိုတဲ့ စကားလုံး ကို သူဘာကြောင့် ပြောရ သလဲ ဆိုတာ ကို ဥာဏ်မှီသလောက် လေ့လာကြည့်မိ ပါတယ် ။

ဝှေခါ ရဲ့ မြေပြိုမှု မဖြစ်ခင် က မြေပြင် အခြေအနေ ကို ဦးအုန်းဝင်း ဘယ်လိုမှ မသိနိုင်ဘူးလို့ ထင်ပါတယ် ။ ဘာကြောင့်ဆို သူက သူ့ဌာနက လူတွေ တင်ပြတာကိုပဲ သိခွင့်ရ တာကိုး ။ သူ့ဌာနက လူတွေကလည်း “ ဝန်ကြီးခင်ဗျ ဝေခါ မှာတော့ ဒီလိုတွေတူးနေ ပါတယ် “ လို့ ဘယ်သူကမှ ပြောပြမှာ မဟုတ်လောက်ပါဘူး ။ပြောရင်လည်း သူတို့ကွဲမှာကိုး ၊ မကွဲရင်လည်း တခုခုပေါ့ ။ အချက်အလက်တွေ ခိုင်ခိုင်မာမာ ပေးနိုင်ပြောနိုင်တဲ့ လူကျပြန်တော့ လည်း သူ့အနား ကို ကပ်ခွင့်ရမှာ မဟုတ်ပါဘူး ။ကျ နော်တို့ မြင်ထားသိထားတာတွေကို သူသိခွင့်မရှိလောက် ပါဘူး ။

စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဌ နေပြည်တော်ကနေ မြစ်ကြီးနား ကို ရောက်လာတာ နဲ့ ပြည်နယ်အစိုးရက စီစဉ်ထားတဲ့ ကားပေါ် ဒါမှမဟုတ် ကျောက်စိမ်းတူးဖော်ရေး ဌာန သို့မဟုတ်
လုပ်ငန်းရှင် တယောက်ယောက် က စီစဉ်ထားတဲ့ ကားပေါ် တက်မယ် ။ဝန်ကြီးမေးရင် ဝန်ကြီးနားနေရသူက ဘာတွေဖြေမယ်ထင်ပါသလဲ ။နောက်ပြီး ဝန်ကြီးနဲ့ သက်ဆိုင်တဲ့ ဌာနက လူတွေကရော ဝန်ကြီး ကို ဘယ်လိုပြောမယ်ထ င်ပါသလဲ ။

နောက်ဆုံးမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဌကြီး က အောက်မှာ ဖော်ပြထားတဲ့ တွေ့ရှချက်တွေကို အေခြခံပြီး ဘာကောက်ချက်ချသွားသလဲဆိုတော့ …

ဒီနေရာဟာ ဇွန်လ ၂၀ ရက်နေ့ကပဲ တူးဖော်ရေး ကုမ္မတွေ ကို အန္တရာယ် ရှိလို့ ၊ မြေပြိုနိုင်လို့ လုပ်ငန်းတွေ နားခိုင်းထားတယ် ။ အန္တရာယ်ရှိနိုင်လို့ သတိပေးဆိုင်းဘုတ်တွေလည်း စိုက်ထားတယ် ။ဒီနေရာမှာ ရေမဆေးကျောက် ရှာတာ ၊ တနိုင်တပိုင်ကျောက်တူးတာတွေ မလုပ်ဘို့လည်း သတိပေးတားမြစ်ထားပါတယ် ။ ဒါတွေက သက်ဆိုင်ရာ ကျောက်စိမ်းတူးဖော်ရေး ဌာနက. စုံစမ်းစစ် ဆေးရေး ကော်မရှင် ဥက္ကဌကို တင်ပြတဲ့ တင်ပြချက်ပေါ့ ဗျာ ။

အသက်မသေပဲ ကျန်ခဲ့တဲ့ ဆေးရုံတက်နေရတဲ့ လူနာတွေ ကို ဝန်ကြီး နဲ့အဖွဲ့တွေက လေ့လာ မေးမြန်းမိတာက …

Q- ဒီနေရာကို ဘယ်သူဝင်တူးခိုင်းတာလဲ

A-လောပန်းက တူးခိုင်းလို့ ဝင်တူးတာပါဗျ

Q – ကိုယ့်စရိတ်နဲ့ကိုယ်တူးကြတာလား

A. – နောက်မှာလောပန်းက ရိက္ခထုတ်ပေးတာဗျ

Q -ဒီလိုအန္တရယ်ရှိတာကို လောပန်းက မပြောဘူးလား မတားဘူးလား

A -မတားဘူးဗျ

Q -ကျောက်ရတော့ ဘယ်ကိုရောင်းလဲ

A-လောပန်းပဲ ဈေးဖြတ်ဝယ်တာဗျ ၊ လောပန်းနဲ့ ကျေန်ာတို့ တူးတဲ့လူတွေနဲ့ တဝက်စီ ခွဲယူတာဗျ

Q-အခွန်တွေ ဘယ်လိုဆောင်လဲ

A-မသိဘူးဗျ အဲဒါလောပန်းပဲ သိမယ် ကျနော်တို့ရေမဆေးတွေကတော့ နားမလည်ဘူး

ဒီအချက်အလက်တွေလောက် ပဲ ဝန်ကြီးက သိသွား ရတာပါ ။ သူသိ ရတဲ့ သတင်းအချက် အလက် ကို အခြေခံပြီး ကောက်ချက်ဆွဲသွားတာက “ လောဘကြောင့် သေရတာ “ ဆိုပြီး ဖြစ်သွားရော ။

ဝှေခါ ဖြစ် စဉ် သိချင် ရင် ဆုံးအောင် ဖတ်ပေး ပါ …

အခြေအနေ အားလုံး ကို ဝန်ကြီးက ကျနော်တို့ သိသလို သိမယ်လို့ပဲ ထင်ခဲ့ကြတာပါ ။ အမှန်တော့ လူကြီးဖြစ်သွားပြီ ဆိုကတည်းက သူဟာ အားလုံးကို မသိနိုင်တော့သလို အားလုံးကို မကြားနိုင်တော့ပါဘူး ။သူ့အနားကို လူတိုင်းကပ်ခွင့် မရှိတော့ဘူး ။ ကပ်ခွင့် ရှိတဲ့ လူတွေ ရဲ့အသံပဲ ကြားနို င်ပါတယ် ။ ကပ်ခွင့် ရှိတဲ့ လူတွေပြာသမျှကိုပဲ ဝန်ကြီးက ကြားခွင့် သိခွင့် ရပါတော့ တယ် ။ မဟုတ်တာရော ဟုတ်တာရော အားလုံးနဲ့ ဆိုင်တဲ့ ကြားခွင့်သိခွင့် သူ့မှာ မရှိတော့ပါဘူး။အဲတော့ ကြားထဲမှာပဲ အခြေအနေမှန် သိရှိခြင်းသဘောတရားက ပျောက်ဆုံး သွားရ သလို ဖြစ်သွားရော ။

ဝှေခါဖြစ်စဉ်အပေါ်မှာ ကျနော်ကြား ခဲ့ ရတဲ့ သူတို့ဆီ က အသံတွေကတော့ …

တချို့က ဘာပြောသလဲ ဆိုတော့ …

ဒီနေရာ ကို အစိုးရက တူးခိုင်းတာလဲ မဟုတ်ဘူး ။ ကိုယ်သဘောနဲ့ကိုယ်ဝင်တူးကြတယ် ။အန္တရာယ်ရှိတယ်ဆိုတာလဲ သိကြတယ် ။ ပြိုမဲ့နေ့ညကလည်း အုပ်ချုပ်ရေးက အန္တရာရယ် ရှိတဲ့ အကြောင်း လော်စပီကာနဲ့ လိုက်အော်လည်း နေတာကြားရတယ် ။ကျောက်ရတော့ ရေမဆေး လောပန်းတွေရကြ အောင်ကြ ။ကျောက်အောင်တော့လည်း ဘယ်ရေ မဆေးလောပန်း မှ အခွန်ဆောင်တာ မရှိသလောက်ပဲ ။ ခုလိုဖြစ်တော့ အစိုးရကို အားလုံး က အပြစ်ပုံချ ၊ လက်ညှိုးထိုးကြတယ် ။ပိုက်ဆံရတော့ ဘယ်သူတွေ ရသွားလဲ ဖားကန့်ကလူတွေ အားလုံးသိကြ တာပဲ ။

ကျောက်စိမ်းကို ပြည်သူတွေ တရားဝင်ကိုင်ဆောင် လို့ရအောင် လုပ်မပေးဘူးဆိုပြီး ပြောဆိုနေကြတာတွေရှိတယ် ။ ဥပဒေသာ မရှိတာ ကျောက်စိမ်းကိုင်လို့ ဘယ်နားဖမ်းတာရှိလို့လဲ ။ ကျောက်စိမ်းတူးလို့ ဘယ်လောက် ဖမ်းတာရှိလဲ ။ ဖားကန့် မှာ ကျောက်စိမ်းတွေ ကိုင်နေရောင်းနေကြတာပဲ။မန်းလေးမှာလည်း ဒီတိုင်းပဲရောင်းနေကြတာပါ။ တခုခုဖြစ်ရင် အစိုးရ ၊ NLD ၊စစ်တပ် ၊ရဲတပ်ဖွဲ့ ဒါတွေကိုပဲ လက်ညှိုးထိုး အပြစ်ဝိုင်းပြောနေကြတာ ပဲ ။ တကယ့်တ ကယ်မြေပြင်က အရှိတရားကြတော့ မပြောကြ ဘူး ။

ဝှေခါ ဖြစ် စဉ် သိချင် ရင် ဆုံးအောင် ဖတ်ပေး ပါ …

ဝှေခါ ကိစ္စ နဲ့ပတ်သက်ရင် ပြောလို့ မရတဲ့လူတွေ ၊ အဖွဲ့အစည်းတွေကြတော့ ဟတောင်မဟရဲကြဘူး ။ အကုန်လုံး ပါးစပ်ပိတ်နေကြတယ် ။အဲဒီထဲမှာ မီဒီယာတွေလည်းပါတယ် ။ဒီနေရာကို အန္တရာယ်ရှိမှန်း သိသိကြီး နဲ့ ကျင်းတွေကို တပေဘယ်လောက်ဆိုပြီး ဘယ်သူရောင်းစားနေလဲ ။ ဘယ်လောပန်းတွေ ဝယ်ပြီးတူးနေတာလဲ သိနေကြတာပဲလေ ။ခုရေမဆေးတွေ အဖြစ်ဆိုးနဲ့ကြုံတော့ ဘယ်ရေမဆေးလောပန်းကများ လာပြီးတာဝန်ယူလဲ ။ဂရုဏာကြေး အလှူငွေ လာထည့်လို့လဲ ။ကိုယ့်အိမ်က ရေမဆေးသေလို့ဆိုပြီး ဘယ်နှခါ နစ်နာကြေး ၊ ဂရုဏာကြေး ၊ထောက်ပံ့ကြေး ပေးတာ ကြားဘူးလဲ ။ဥပဒေ ကြောင်းအရရော အရေးယူခံရဘူးတာ ကြားဘူးလို့လား ။ ရေမဆေးလောပန်းတွေ ချမ်းသာလာတာ ရေမဆေးကြောင့် ဆိုတာ လူတိုင်းသိနေတာပဲ ။ရေမေဆးတွေက သေစရာရှိတော့ သေပးနေရတယ် ။ အဖမ်းခံစရာရှိတော့လည်း အဖမ်းခံရတယ် ။ အသက်စွန့်ပြီး တူးလို့ရလာတဲ့ရေမေဆး သမား ဆီက ကျောက်ကိုကျောက်ကောင်းလို့ အနိုင်ကျင့် သိမ်းသွားတော့လည်းခံရတာပဲ ။ဈေးကွက် ခေါင်းပုံဖြတ်တော့လည်း ခံရတာပါပဲ ။ ဒီကိစ္စ မှာ ရေမဆေးလောပန်းတွေ ဘက် က တာဝန်ယူမှု တာဝန်ခံမှုအပိုင်းကိုကျတော့ လူတွေ ကမပြောကြပါဘူး ။ဘယ်မီဒီယာကမှ မဖော်ပြကြပါဘူး ။ အစိုးရကပဲ တူးခိုင်း လို့ သေရတာလိုလို ပြောဆိုနေကြ တယ် ။

နောက်တချို့က ဘာပြောသလဲ ဆိုတော့ ….

ဝှေခါ မှာ ကုမ္မဏီတွေ တရားမဝင်တွေရော တရားဝင်တွေရော အားလုံး သိမ်းကျုံးပြီး တတောင်လုံး ဖြိုနေတာ အားလုံးသိနေကြတာပဲ။ ကုမ္မဏီသုံးခုထဲပဲ တူးတဲ့ ဝှေခါက စက်ယန္တယား အင်အားက ဖားကန့်ရှိမှာ သမျှ စက်ယန္တယား အားလုံး ရဲ့ တဝက်လောက်က ဒီဝှေခါမှာ စုပြုံပြီး လာတူးနေကြတာ မပြိုလို့ ခံနိုင်ရိုးလား ။ဒီလိုတူးတာကိုကျတော့ ဝန်ကြီးလုပ်တဲ့သူက လောဘနဲ့တူးတယ်လို့ တခွန်းမှ ပြောမ သွားဘူး ။

ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုပြီး ကျောက်ကြောရှိတဲ့နေရာ ကိုပဲ ဒေါက်တွေဖြုတ်ပြီးနှိုက်တူးသွားကြတာ မပြိုပဲ ရှိမလား ။NLD အစိုးရ တက်လာတဲ့အချိန်ကတည်းက လုပ်ကွက်တွေ သက်တမ်း တိုးမပေး တော့ဘူး ။ အသစ်လည်းချမပေးတော့ဘူး ။ ခုဆို သက်တမ်းကုန်တာတွေ များလာပြီ ။ လုပ်ကွက်အားလုံး ရဲ့ ၈၀ရာခိုင်နှုန်းလောက်က သက်တမ်း မရှိတော့ဘူး ။ ကျောက်တူးတာတွေ လျော့သွားရ မှာ မဟုတ်လား ။ ခုဝှေခါက ကျောက်တူးတာတွေ က လျော့မသွားတဲ့ အပြင် ပိုပိုများလာတယ် ။ဘာသဘောလဲ ဆိုတာ နားကိုမလည်နိုင်တော့ဘူး ။ တူးနေတာ ကလည်း ၂၄နာရီလုံး ကမ္ဘပျက်မတတ် တောင်ကြီး တခုလုံးကို ဝိုင်းတူးနေကြ တာပဲ ။

ဒီလို တူးနေတာကိုကျ တရားမဝင်ဘူးလို့ ဖားကန့်သား စစ် စစ် ကချင်ပြည်နယ်သယံဇာတဝန်ကြီးကလည်း တခွန်းမှ မဟ ၊ ဖားကန့်ဒေသခံ ပြည်သူ့လွှတ်တော် နဲ့အမျိုးသားလွှတ်တော်အမတ်တွေကလည်း တရားမဝင်တူးနေ ပါတယ်လို့ တလုံးတပါဒ မဟ ။ရေမဆေးသမားတွေ မိုးတွင်းမှာ တပိုင်တနိုင် သံတိုင် (သံတူရွင်း)နဲ့ ဂန်းစက် ( တရုတ်နိုင်ငံလုပ် မြေတူးဖောက်စက် အသေးစား) လေးနဲ့ တူးတာ ကျတော့ အားလုံးက တရားမဝင်ဘူးဆိုတော့ မျက်နှာလိုက်တာပေါ့ဗျာ ။ ရေမဆေးကြီးပဲ တရားမဝင်တူးတယ်လို့ ပြောနေလို့ မရဘူးလေဗျာ။ ကုမ္မဏီတွေ တရားမဝင် တူးတာ ကိုလည်း ပြောရမှာပေါ့ ။ သေတဲ့လူတွေ ကို မြေတာင် မမြှုပ်ရေသးခင် မျက်ရည်မေခြာက် သွေးမတိတ်သေးချိန်မှာတောင် ဒီလို ရက်ရက် စက်စက် တဖက် စောင်းနင်းပြောတာကြတော့ မှန်ပေမဲ့ မကောင်းဘူးလေဗျာ ။

ဒီလိုပြိုရတာလည်း ကုမ္မဏီတွေက တောင်ရဲ့ အောက်ခြေဒေါက်ကို တူးပစ်တာလေ ။ ဒေါက်ဖြုတ်ခံရလို့ ပြိုသွားတယ်ဆိုတာ ဝှေခါတရွာလုံးသိတယ် ။ ကုမ္မဏီက သူတို့ ကျောက်ရဘို့တခုထဲ ကြည့်ပြီး အောက်ခြေဒေါက်တွေကို တူးစားပစ်ကြတာလေ ။ ဒါကိုကျ လောဘ လို့ ဘယ်သူမှ မေပြာကြပါဘူး ။ အမှန်တကယ်ဆို ကုမ္မေတွရဲ့ လောဘေကြာင့် သေရတာလို့ ပြောလို့ရပါတယ် ။ရေမေဆးက သူ့ပါသူ ပြိုတဲ့နေရာနဲ့မဆိုင်တဲ့ ဟိုးအေဝးကြီးက ကမ်းပါးမှာ တူးနေကြတာပါ ။

သူတို့ဆီက ကြားခဲ့မြင်ခဲ့ ရသမျှ ကျ. နော့် တဦးထဲ အမြင် နဲ့ သုံးသပ်ရရင် ….

ကုမ္မဏီ ရဲ့ ဒေါက်ဖြုတ်မှုကြောင့် ကျောက် စိမ်းတူးဖော်ရေး ဌာန (လုံးခင်း) က ညွှန်ကြားရေးမှူး ၊ ဖားကန့် မြို့နယ် ရဲတပ်ဖွဲ့မှူး ၊ ဖားကန့် တပ်မမှူး ၊ ဒုတပ်မမှူး ၊ ကချင်ပြည်နယ် နယ်လုံဝန်ကြီး စတဲ့ ပုဂ္ဂိုလ်တွေ ကို စစ်ဆေးမေးမြန်းတာတွေ ၊ ရာထူးနေရာပြောင်းရွှေ့တာတွေ ဖြစ်ခဲ့ရ ပါပြီ ။

အမှန်တော့ ဒီဝေခါဖြစ်စဉ်ဟာ ရဲတပ်ဖွဲ့ ၊ အထွေထွေအုပ်ချုပ်ရေး နဲ့တော့ တိုက်ရိုက် မသက်ဆိုင်ပါဘူး ။ ဝေခါမှာ ဘယ်လို ပုဂ္ဂိုလ်တွေ ၊ ဘယ်လို အဖွဲ့အစည်းတွေက စိုးမိုး ချယ်လှယ်ထားသလဲ ဆိုတာ မြေပြင်က လူတွေကသာ အသိဆုံး မို့ တိုက်ရိုက်ကြီး မသက်ဆိုင်သူတွေဟာ ဂုသိက္ခာအရဖြစ်စေ တစုံတရာ နစ်နာရသူတွေအတွက် စိတ်မကောင်းတော့ ဖြစ်ရပါတယ် ။အခြေခံလူတန်းစားပြည်သူတွေ ကို ဥပဒေ ဘောင်အတွင်းကနေ ဂုသိက္ခရှိစွာ လုပ်ကိုင်စားသောက်နိုင် တဲ့ ကျောက်မျက် ဥပဒေမျိုး ဖြစ်ထွန်းမလာသေးတာက အဓိက ကျမယ် လို့ ထင်ပါတယ် ။

အားလုံးမှာ တာဝန်မကင်းဘူးလို့ပဲ သုံးသပ်မိ ပါတယ် ။အဲဒီလို တာဝန်မကင်းသူတွေထဲမှာ ကျ နော်တို့လို့ မီဒီယာသမားတွေလည်း ထိပ်ဆုံးက ပါဝင်ပါတယ် ။အထူးသဖြင့် ဖားကန့်အေခြစိုက် သတင်းထောက်တေယာက်ဖြစ်တဲ့ ကျ နော့်မှာ ပိုပြီးတာဝန်ရှိပါတယ် ။အြဖစ်မှန် အရှိတရားတွေကို ချပြဘို့ တာဝန်ပျက်ကွက်ခဲ့တာကို ဝန်ခံပါတယ် ။ ကျ နော်တာဝန်ကြေချင်ပါတယ် ။တာဝန်ကျေနိုင် ဘို့ အတွက် သတင်း အချက်အလက် မှတ်တမ်း ၊ ဓါတ်ပုံ၊ဗွီဒီယို အားလုံး စုဆောင်းထားရှိခဲ့ပါတယ် ။သို့ပေမဲ့ အခုမြေပြိုခဲ့တဲ့ ဝှေခါ ဆိုတာ” သေမှာ ကြောက်ရင် ပါးစပ်ကို လုံအောင် ပိတ်ထား “ ဆိုတဲ့ ကချင်ပြည်နယ် ရဲ့ တခုတည်းသော နေရာပါ ။ ဖားကန့်မြို့နယ် ရဲ့ တခုတည်းသော ကျေးရွာပါ ။ကျ နော်တို့ လို ဌာနေ သတင်းသမားတွေဟာ ဝှေခါရွာ ရဲ့ ဘယ်နေရာ မှာ မဆိုသဂြိုင်းဖြစ်သွားနိုင် ပါ တယ် ။

အားလုံးပဲ အန္တရာယ်ကင်း ဘေးရှင်းကြ ပါစေ ။

ဇော်မိုးထက် (ဖားကန့် )

Add a Comment

Your email address will not be published. Required fields are marked *