” လူမုန်းရင် ရှောင်လို့ရတယ် ကံမုန်းရင် ရှောင်လို့မရဘူး…” ၊ (ကံမုန်းအောင် မပြုလုပ်ကြပါ နဲ့ လို့ စာဖတ်သူ တို့ကို စေတနာရှေ့ထား ပြောလိုက် ပါရစေ….)

လူမုန်းတာ ရှောင်လို့ ရတယ် ဆိတ်တကောင် ကို လည်လှီးပြီး သတ်ခဲ့မိလို့ ဆိတ်အမွေး နဲ့ညီမျှအောင် လည်လှီးပြီး အသတ်ခံရမှာဖြစ် တဲ့ ဆိတ်တကောင် ဟာ သူ့ရဲ့ နောက်ဆုံး ပေးဆပ်ရမဲ့ ဘဝ မှာ သူ့ကို သတ်မဲ့သူ ကို အကျိုးအကြောင်းပြောပြတဲ့ အတွက် သတ်မဲ့သူက မသတ်ပဲ လွှတ်ပေး လိုက် တယ် အဲဒီလို လွှတ်လိုက် လို့ လွတ်သွား သလား ဆိုတော့ မလွတ် ပါဘူး

” လူမုန်းရင် ရှောင်လို့ရတယ် ကံမုန်းရင် ရှောင်လို့မရဘူး…”

တောင်ပို့တခု မှာ အစာစားနေတုန်း တောင်ပို့ကို မိုးကြိုးပစ် လိုက် လို့ တောင်ပို့က ကျောက်ချပ် ကွာပြီး ခေါင်းမော့စားနေတဲ့ ဆိတ် ရဲ့လည်ပင်း ကို ထိကာ လည်ပင်းပြတ်ထွက်ပြီး သေပွဲဝင် ခဲ့ရတယ်ဖြစ်ဖို့ အကြောင်း ပါလာတဲ့ သူတွေ ကို ကံကြမ္မာက ချမ်းသာမပေးဘူး ဒါကိုပြောချင် တာပါ

နာဂစ်ဖြစ်တုန်း က ဘိုကလေး ဘက် မှာ သင်္ဘောတစင်းက လူ နှစ်ရာကျော် ကယ်လာ ခဲ့တယ်

အဲဒီသင်္ဘောဟာ လမ်းမှာ မှောက်ပြီး ကယ်တင်လာတဲ့ သူတွေဟာ သေပွဲဝင် ခဲ့ကြပြန် တယ် ကံမုန်းရင် ရှောင်လို့ မလွတ်ပါဘူး အခု ကုန်းမြင့်တောင်တန်း ဒေသကလူတွေရေနစ်သေတာ ကလည်း အံ့သြစရာပါပဲ တခါဖြစ်ပြီးလို့ အခု နောင်တကြိမ် ထပ်ဖြစ်ပြန်ပြီတဲ့ အဲဒီလိုဖြစ်ဖို့ ကံတွေပါလာ လို့ ခုလိုဘေးတွေတွေ့မယ် အဲဒီကံဖြစ်ဖို့ တွန်းအားဖြစ်အောင် မိမိ ရဲ့ ကံကြမ္မာက ဖန်တီးပေးလိုက် တာပါပဲ ဘယ်သူမပြု မိမိမှု တဲ့ ကျီးကန်းဟာ ကောင်းကင် မှာ ပျံနေရင်းနဲ့ မီးလောင်သေခဲ့ ရတယ် ဒါတွေဟာ ကံအကျိုပေးးတွေပါ ပဲ

” လူမုန်းရင် ရှောင်လို့ရတယ် ကံမုန်းရင် ရှောင်လို့မရဘူး…”

ဓမ္မမိတ်ဆွေများ အင်မတန်ကြောက်စရာကောင်း တဲ့ အချိန်အခါ ကို ရောက်ရှိနေပါ တယ် အပြောအဆို အသွား အလာအနေအထိုင် ဂရုစိုက်ကြပါ

တသံသရာလုံး က မကောင်းမှု့တွေ အကျိုးပေးတဲ့ အချိန်အခါ ဖြစ်နေ ပါတယ် ။ဘုရားတရား ကို စွမ်းနိုင်သမျှ လုပ်ကြပါ လူမုန်းရင်ရှောင် လို့ရတယ် ကံမုန်းရင်ရှောင် လို့မရဘူး….

ကံမုန်းအောင် မပြုလုပ်ကြပါနဲ့ လို့ စေတနာရှေ့ထား ပြောလိုက် ပါရစေ….။

ဦးမြင့်ခိုင်

Add a Comment

Your email address will not be published. Required fields are marked *