တရုတ်နော် အချဉ်တော့မဟုတ် စစ်လက်နက် ဝါသနာရှင်တွေကို ဗားရှင်းပြောင်း ခေါင်းမူးစေနိင်တဲ့ နိင်ငံ ( သို့ ) အသစ်တွေပြ အဟောင်း ကို ဗားရှင်းပြောင်းပြပြီး လုပ်စားနေတဲ့ တရုတ်ကြီး ရဲ့ ငွေရှာတဲ့ဗျူဟာ

စိန တွေက စလနပြပွဲ တစ်ခု လုပ်တိုင်း လက်နက် အမျိုးအစားသ စ်တွေပြတယ် အဟောင်း ကိုလည်း ဗားရှင်းတစ်မျိုးလုပ်ပြီး ထပ်ပြတယ် ။ နိင်ငံပိုင် လက်နက် ကုမ္ပဏီတွေ က လည်း prototype အ ဆင့် လက်နက်တွေ စွတ် ထုတ်တယ် ။

PLA က အဲ့ထဲက မှ အကောင်းဆုံး ကို ရွေးဝယ် တယ် သူ့ပေါ်လစီ က Let a hundred flowers bloom တဲ့ ။ လုပ်နိင်သလောက်စမ်းပြီး လုပ်ထားစမ်း အကောင်းဆုံး အညွှ့န်ဆုံးပဲရွေးခူးမှာ ။ PLA ကမဝယ်တဲ့ ဟာတွေကျတော့ Zhuhai Defense Exhibition လိုပွဲကြီးတွေမှာ ပြပြီး ပြည်ပကိုရောင်း တာပေါ့ ။ PLA ကမဝယ်တဲ့ prototype ကိုဝယ်သူကိုခပ်တည်တည်နဲ့ပြရောင်း တယ်

တရုတ်ကြီး ရဲ့ ငွေရှာတဲ့ဗျူဟာ

အတဲ့ ကောင်ခံပဲ

တရုတ်လက်နက်တွေ ချည်းဝယ်သုံး မိတဲ့ကောင်တွေ လည်း Logistics နဲ့ maintenance စရိတ်နဲ့ တင်သေမှာပဲ ကုမ္ပဏီ တစ်ခု တစ်မျိုး စနစ်တစ်ခု တစ်မျိုး ဆိုတော့ training တို့ အပိုပစ္စည်း တို့ ဘာတို့ကျတော့ သေပြီပေါ့

တမျိုးကို တစ်ခါဝယ်နေ train နေရတာInteroperability ပြောမလား ဘုံစနစ် မရှိတော့ အဆင်မပြေ ။ စစ်မြေပြင်ကျရင် လည်းပြသာနာ ဥပမာ-တရုတ်စစ်တပ်မှာ ကို APC ယာဉ်တွေ IFV တိုက် ယာဉ်မျိုး ကွဲတွေ အနည်းဆုံး ၅-၆ခုလောက် ရှိတယ် ။ စနစ် A အတွက် ကျည်က B မှာသုံးမရSpare part လည်းထို့နည်းတူ တခုနဲ့တခုက operation manual လည်းမတူ Specification လည်းမတူတော့ တကယ်တိုက်ကျခိုက်ကျရင် စကားပြောလာမှာ

တရုတ်ကြီး ရဲ့ ငွေရှာတဲ့ဗျူဟာ

ပစ္စည်းစုံစီနဖာ နဲ့ ရှေ့တန်းမှာကွဲဖို့များပြီ ။ ကုမ္ပဏီတစ်ခုတည်းလည်း product တစ်ခုတည်းကိုပဲ အမည်အမျိုးမျိုး နဲ့ ထုတ်သေးတာ …

ဥပမာ- B-611 အမည်နဲ့တာတိုပစ် Tactical Ballistic Missile တစ်မျိုးမှာတောင် မျိုးကွဲတွေရော အမည်ကွဲတွေရော အများကြီး ရှိတယ် ..

B-611 – ကီလိုမီတာ ၂၈၀ ရောက်နိင်သောတာတိုမြေပြင်မှမြေပြင်ပစ် TBM

J-600T – တူရကီက နည်းပညာလွဲယူပြီး J-600T အမည်နဲ့ ကိုယ်ပိုင်ထုတ်နေသော စနစ်

B-611M – guidance စနစ် ကို upgrade လုပ်ထားသော ဒုံးစနစ်ဒုံးတွေ ကို sealed canister တွေနဲ့ ထဲ့ထား

တရုတ်ကြီး ရဲ့ ငွေရှာတဲ့ဗျူဟာ

B-611MR – Passive Radar seeker ပါသော anti-radiation ballistic missile

P-12 – Iskander ပုံစံ ဒုံး၂လုံးတွဲ ပါ ဒုံးလောင်ချာ တင်ယာဉ် TEL နှင့်မျိုးကွဲ ( ကီလိုမီတာ ၁၅၀ )

BP-12A – Satellite guidance သုံး တာတိုမြေပြင်ပစ်ဒုံး

BP-12B – ရေဒါ(သို့) IR seeker သုံးသင်္ဘောဖျက်ဒုံးပျံ Anti-ship Ballistic Missile (ASBM)

တရုတ်ကြီး ရဲ့ ငွေရှာတဲ့ဗျူဟာ

CM-401- သင်္ဘောဖျက်ဒုံးပျံ Anti-ship Ballistic Missile (ASBM) – TEL ယာဉ်နှင့်ရော ရေယာဉ်တင် စနစ်ပါ ၂ခုလုံးရှိ

သူ့ဟာက စံတစ်ခုမ ရှိတော့ ပွထနေတာပဲ အမျိုးအမည် နည်းတာ မဟုတ်ဘူး

Quality ကဘယ်လောက် မှတ်ကျောက်တင်ပြီးပြီ လည်းလဲ ဘယ်သူမှမသိ

ဝယ်တဲ့ သူရှိလားဆိုတော့ ရှိတော့ရှိတယ်

တချို့စနစ်တွေ က Zhuhai ပြပွဲ မှာပဲ နိဂုံး ချုပ်သွားတယ်

စော မောင် ကျော်

Add a Comment

Your email address will not be published. Required fields are marked *