အီရတ်ရှိ အမေရိကန် ထောက်ပို့ယာဉ်တန်း ကို စစ်သွေးကြွများ မီးရှို့တိုက်ခိုက်

အီရတ်နိုင်ငံ ရှိ အမေရိကန် စစ်အခြေစိုက် စခန်း ကို ဦးတည်သွားနေ တဲ့ ထောက်ပို့ ယာဉ်တန်းတစ်ခု ကို ပစ်ကပ်ကားတွေ နဲ့ ရောက်ရှိ လာတဲ့ စစ်သွေးကြွတွေက တိုက် ခိုက်ခဲ့ပြီး ယာဉ်တန်း ကို ရပ်တန့်ခိုင်းကာ ဒေသခံ ကုန်ပို့ သူတွေ ကို ကားတွေထဲက ဆွဲထုတ်ခဲ့ကြောင်း နဲ့ ထောက်ပို့ ကားတွေကို မီးရှို့ပစ်ခဲ့ကြကြောင်း ဒေသဆိုင်ရာ မီဒီယာတွေ က ဖော်ပြ ပါ တယ် ။

အီရတ်နိုင်ငံ အမေရိကန် စစ်အခြေစိုက်စခန်း သို့ ဦးတည်သွားနေသော ထာက်ပို့ ယာဉ်တန်း မီးရှို့တိုက်ခိုက်ခံရ

အီရတ်နိုင်ငံသား ကန်ထ ရိုက်တာတွေ ဟာ ဘာဆရာဒေသကနေ အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုကို ကုန်ပစ္စည်းပို့ ဆောင်ဖို့  ဆာမာဝါ- ဒီဝါနီယာ အဝေးပြေးလမ်းမမှာ ယာဉ်တန်း နဲ့ ထွက်ခွာလာ စဉ် စနေနေ့ ညပိုင်းမှာ အမည်မသိ စစ်သွေးကြွတွေ ရဲ့ တိုက်ခိုက်မှုခံခဲ့ရတာဖြစ် ပါတယ်။

အီရတ်နိုင်ငံ အမေရိကန် စစ်အခြေစိုက်စခန်း သို့ ဦးတည်သွားနေသော ထာက်ပို့ ယာဉ်တန်း မီးရှို့တိုက်ခိုက်ခံရ

၁၀ မိနစ်နီးပါးသာကြာခဲ့တဲ့ ယင်း ပေါ်ပေါ်ထင်ထင် တိုက်ခိုက်မှု အတွင်း သေဆုံးထိခိုက်မှုသတင်းတော့ မထွက်ခဲ့ပေမယ့် ထောက်ပို့ ယာဉ် သုံးစီးထက်မနည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရ ပါ တယ် ။ ကုန်တင် ကားတွေ မီးတောက်လောင်နေ ခဲ့ တာ ကို ဆိုရှယ် မီဒီယာပေါ် တက်လာ တဲ့ အခင်းဖြစ်စဉ် ဗီဒီယိုဖိုင်တွေ မှာ တွေ့မြင်ရ ပါတ ယ် ။

အီရတ်နိုင်ငံ အမေရိကန် စစ်အခြေစိုက်စခန်း သို့ ဦးတည်သွားနေသော ထာက်ပို့ ယာဉ်တန်း မီးရှို့တိုက်ခိုက်ခံရ

“ဆာမာဝါနဲ့ ဒီဝါနီယာ အကြား နာဂျေမီအရပ်မှာ ကုန်တင်ကားလေးစီး တိုက်ခိုက်ခံ ခဲ့ရ ပါတယ် ” လို့  အီရတ်လုံခြုံရေး သတင်းရင်းမြစ် တစ်ခု က Sputnik သတင်းဌာနကို ပြောဆိုခဲ့ပြီး တိုက်ခိုက်သူတွေဟာ ဒရိုင်ဘာတွေ ကို ယာဉ်ပေါ်က ဆင်းခိုင်းပြီးနောက် ယာဉ်တွေကို မီးရှို့ကာ ထွက်ပြေးသွားကြတယ်လို့  ဆက်လက် ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ၄င်းတို့  အခြေစိုက်စခန်းတွေ အကြား ထောက်ပံ့ပစ္စည်းတွေ ပို့ ဆောင်ဖို့ အတွက် ဒေသခံ ကန်ထရိုက်တာတွေအပေါ် မကြာခဏ အားထားရလေ့ ရှိပါတယ်။

AKonThi

Add a Comment

Your email address will not be published. Required fields are marked *