” ၃၇၅ ” ဘတ္စ္ကား ( ေဘဂ်င္းျမို႕က ျဖစ္ရပ္မွန္ )

၁၉၉၅- ခုႏွစ္ ၊ နိုဝင္ဘာ (၁၄) ရက္ည..။

တ႐ုတ္နိုင္ငံ၊ ေဘဂ်င္း..။

ညဥ့္အရမ္းနက္ၿပီး ေဆာင္းရာသီက ေအးခဲလွတဲ့အျပင္ ေလက အရမ္းျပင္းထန္ေနတယ္။ ဘတ္စ္ကား တစ္စင္း ဟာ ယြမ္မင္ယြမ္ (Yuanmingyuan ) ဘတ္စ္ကားဂိတ္က တျဖည္းျဖည္း​ထြက္ခြာ လာတယ္ ။ အဲဒီကားက Xiangshan ဘတ္စ္ကားဂိတ္အထိ သြားမယ့္ ၃၇၅ ဘတ္စ္ကားျဖစ္ တယ္ ။

ဘတ္စ္ကားေပၚ မွာ ယာဥ္ေမာင္း နဲ႕ လက္မွတ္ေရာင္းသူ အမ်ိဳးသမီးငယ္ တစ္ဦး။

ဒါ ဒီည ရဲ႕ေနာက္ဆုံးဘတ္စ္ကားပဲ ။ ပထမဆုံး မွတ္တိုင္ (South Gate Bus Station of Yuanmingyuan) မွာရပ္လိုက္ေတာ့ ခရီးသည္ ၄ ​​ေယာက္တက္လာတယ္။

လူငယ္စုံတြဲ တစ္တြဲ၊ အဘြားအို တစ္ဦး ၊ လူငယ္ တစ္ဦး ၊ သူတို႔ဘတ္စ္ကားေပၚတက္ၿပီးတဲ့ အခါ၊ လူငယ္စုံတြဲဟာ ကားေမာင္းသူ အေနာက္ဘက္ ႏွစ္တန္းေျမာက္က ႏွစ္ေယာက္ထိုင္ခုံ ( double-row seat ) မွာတြဲ ထိုင္တယ္။ လူငယ္နဲ႕ အဘြားအိုက ဘတ္စ္ကားရဲ႕ ေရွ႕တံခါးအနီးက ညာဘက္ျခမ္း (the single-row seat ) မွာေရွ႕ေနာက္ဆင့္ၿပီးထိုင္ၾက တယ္။

” ၃၇၅ ” ဘတ္စ္ကား

ညဟာ ေအးေဆးတည္ၿငိမ္ေနၿပီး ဘတ္စ္ကားအင္ဂ်င္ ရဲ႕ေဟာက္သံေလာက္ ပဲ ၾကားေန ရတယ္။ ေဘးကျဖတ္သန္းသြားတဲ့ယာဥ္ေတြနဲ႕ လမ္းသြားလမ္းလာေတြကိုေတာ့ မျမင္ရ ေလာက္ေအာင္ပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဘဂ်င္းၿမိဳ႕ရဲ႕ နို၀င္ဘာလ ညဥ့္နက္ပိုင္းေတြဟာ အရမ္းေအးၿပီး ျမဴေတြက်ကာ ေမွာင္မိုက္ေလ့ရွိတယ္။

ဘတ္စ္ကား ဟာ ေဝးလံေခါင္ဖ်ားတဲ့ဆင္ေျခဖုံးေနရာေတြ ကို ျဖတ္သြားတဲ့ ကားမို႔..။

( အဲ့ဒီတုန္း က ၃၇၅ ဘတ္စ္ကားသြားရာ လမ္းေၾကာင္း ဟာ အလြန္ေဝးလံေသာေဒသမ်ား ကို ျဖတ္သန္းေမာင္းႏွင္ ရတယ္။ )

ဘတ္စ္ကားဟာ ေရွ႕ဆက္ေမာင္းခဲ့..။

ဘတ္စ္ကားက ေနာက္မွတ္တိုင္ျဖစ္ တဲ့ (Beigongmen) ကားမွတ္တိုင္ကိုျဖတ္ သြားတယ္ ။ ကားမွတ္တိုင္မွာ လူတစ္ေယာက္မွမရွိ။ ဒါေၾကာင့္ မရပ္ေတာ့ဘဲ ဆက္ေမာင္း လိုက္တယ္။ ယာဥ္ေမာင္းဟာ ႐ုတ္တရက္က်ယ္ေလာင္စြာ ေအာ္ဟစ္ ညည္းတြားလိုက္တယ္။

“ အိုး ေရွ႕မွာ လူေတြပါလား ။ ဘာေတြလဲ..။ ေမွာင္လိုက္တာ။ ဒီတစ္ခါ အေမွာင္ကေတာ့ ကြၽန္ေတာ္ သရဲတစ္ေကာင္ ကို ေတာင္ျမင္နိုင္မွာမ ဟုတ္ဘူး ။ ဒီေန႕ေတာ့ ငရဲပဲ ။ ဒီလူေတြ ဘာလုပ္ေနလဲ မသိ ”

” ၃၇၅ ” ဘတ္စ္ကား

ဘတ္စ္ကားက သူတို႔ နဲ႕ နီးလာေတာ့ .. မီတာ ၁၀၀ ေလာက္ အကြာအေဝးက အရိပ္ ၂ ခုဟာ ဘတ္စ္ကား ကို အသည္းအသန္တားေနတာ ကို ကားေပၚကလူေတြ အကုန္ျမင္ လိုက္ရတယ္။ လက္မွတ္ေရာင္းသူ ေကာင္မေလးက..

“ရပ္ေပးလိုက္ပါ။ အျပင္မွာရာသီဥတု အရမ္းေအးေနတာ.. ၿပီးေတာ့ ကြၽန္မတို ႔ကားက ေနာက္ဆုံးဘတ္စ္ကား မဟုတ္လား…?”

( အဲဒီအခ်ိန္ တုန္း က Yuanmingyuan-Xiangshan Road section မွာ အဲဒီ ၃၇၅ ဘတ္စ္ကားပဲ ရွိတယ္ ။ တကၠစီေတြလည္း အဲဒီလိုေဝးလံေခါင္ဖ်ားတဲ့ လမ္းကိုမေျပးနိုင္ဘူး..။)

မွတ္တိုင္မဟုတ္ဘဲ ရပ္တာ တရားမဝင္ေပမဲ့ ၾကင္နာတတ္ တဲ့ ဘတ္စ္ကားေမာင္းသမားက ကားရပ္ေပး လိုက္တယ္။

ဘတ္စ္ကားေပၚ တက္လာတာ သူတို႔ထင္တဲ့ အတိုင္း လူႏွစ္ေယာက္ မဟုတ္ပါ။ လူသုံးေယာက္ျဖစ္ေနတယ္ ။ဘာျဖစ္လို႔လဲဆိုေတာ့ လူႏွစ္ဦးရဲ႕ၾကားမွာ ေနာက္လူတစ္ေယာက္ ရွိေနေသးလို႔ပဲ ။

အလယ္ကလူဟာ သူရဲ ႕ဦးေခါင္းကို ငိုက္စိုက္ ခ်ထားတယ္။

က်န္တဲ့ ၂ ေယာက္ကေတာ့ ဟိုးေရွးေရွးတုန္း က အကၤ်ီအရွည္ (Qing Dynasty 1644-1911 ေခတ္က) ကို ေျခေထာက္ဖုံးတဲ့ အထိ ဝတ္ထားတယ္။ မ်က္ႏွာေတြမွာ မိတ္ကပ္ျဖဴျဖဴေတြ လိမ္းထား သလို..။ လူေတြက အေျခအေန ကို ေၾကာက္လန႔္သြားၾကတယ္။

ကားေမာင္းသူ ကလည္း ကြက္ၾကည့္၊ ကြက္ၾကည့္နဲ႕ ဘတ္စ္ကား ကို ေရွ႕ဆက္ေမာင္းခဲ့..။ အမ်ိဳးသမီး လက္မွတ္ေရာင္းသူက အားလုံးစိတ္သက္သာရာရေအာင္ ဒီလိုစကား စတယ္။

“ ဒီနား အနီးတစ္ဝိုက္ မွာ အဲဒီလိုဝတ္စုံေတြ ဝတ္ၿပီး ႐ုပ္ရွင္ရိုက္ၾကသလား ပဲေနာ္..။အဝတ္အစားလဲဖို႔ အခ်ိန္မရၾကဘူးလား ရွင့္ ? အလယ္က တစ္ေယာက္ အရမ္းေသာက္လာတယ္ ထင္ပါ့။ “

“…….”

သူမေျပာတာ ကို လူတိုင္းနားေထာင္ေနတယ္ ။ အားလုံးၿငိမ္သက္ၿပီး အသံတစ္သံ မွ တုန့္ျပန္ထြက္မလာ။ လက္မွတ္ေရာင္း မိန္းမပ်ိဳေလးက ေခါင္းကိုလွည့္ၾကည့္ၿပီး ေနာက္ဆုံးတန္းမွာ ထိုင္ေနတဲ့ လူသုံးေယာက္ ကို ေလးေလးနက္နက္ၾကည့္ လိုက္တယ္။

ဘာ လို႔ စကားမျပန္တာလဲ ဆိုတဲ့ အၾကည့္နဲ႕ေပါ့..။

” ၃၇၅ ” ဘတ္စ္ကား

ကားကေရွ႕ဆက္လက္ေမာင္း .. ဘတ္စ္ကားက ျပတင္းေပါက္က ေလတိုက္သံေတြ တဝူးဝူး နဲ႕…။

မွတ္တိုင္သုံးခု…ေလးခု….ေက်ာ္ျဖတ္။

ဘတ္စ္ကားတစ္ခုလုံး တိတ္ဆိတ္ေနဆဲ…။ ေရွ႕မွတ္တိုင္က်ေတာ့ လူငယ္စုံတြဲဟာ ဘတ္စ္ကားေပၚက ဆင္းသြားတယ္..။ ယာဥ္ေမာင္းနဲ႕ စပယ္ယာအမ်ိဳးသမီးေလးဟာ တိတ္ဆိတ္မႈကို ၿဖိဳခြင္းတဲ့အေနနဲ႕ စကားစျမည္ေျပာၿပီး ရယ္ေမာၾက တယ္။

အဲဒီအခ်ိန္ေပါ့..။

အဘြားအိုက ႐ုတ္တရက္ မတ္တပ္ထရပ္ လိုက္တယ္။

အေရွ႕မွာထိုင္ေနတဲ့ လူငယ္ကို လက္ညွိုးေငါက္ေငါက္ထိုးၿပီး

“ သူခိုးဗ်ိဳ႕… သူခိုး!!!”

လို႔ အဘြားႀကီး က ႐ူးသြပ္စြာေအာ္ ဟစ္လိုက္တယ္။

လူငယ္က ေၾကာင္ေတာင္ေတာင္ နဲ႕ အဘြားႀကီးကိုၾကည့္တယ္ ။ အဘြားႀကီးက အသက္ႀကီးေနၿပီ..စိတ္မမွန္ဘူးထင္ ပါရဲ႕ လို႔ ေတြးမိတယ္။ အဘြားႀကီးက မရပ္.. ဆက္တိုက္ေအာ္ေနတယ္။

ကားေပၚမွာ အေျပးတစ္ပိုင္း ထရပ္ၿပီး စြပ္စြဲေန တဲ့ အမ်ိဳးသမီးအိုႀကီး ကို ၾကည့္ေနရင္း အဲဒီလူငယ္ဟာ ေဒါသထြက္ လာတယ္။ အဘြားအိုက ပိုဆိုးတယ္။ လူငယ္ကိုေအာ္ေငါက္႐ုံမက လက္ဝဲလက္နဲ႕ လူငယ္ရဲ႕ ရွပ္အကၤ်ီလည္ပင္းေကာ္လာကို ဆုပ္ကိုင္ လိုက္တယ္။ လူငယ္ဟာ ေျပာမျပနိုင္ေလာက္ေအာင္ေဒါသထြက္သြားတာေပါ့ ။

အဘြားအိုက..

“ေရွ႕မွတ္တိုင္မွာရပ္၊ အဲဒီနားမွာ ရဲစခန္းရွိတယ္”

“ ဒါဆို ရဲစခန္းသြားမယ္ဗ်ာ ။ ကြၽန္ေတာ္တို႔ အမွန္တရားကို ေဖာ္ထုတ္ရမွာေပါ့”

ဘတ္စ္ကားက မွတ္တိုင္ မွာ ရပ္တန႔္သြားတယ္။

အဘြားအို က လူငယ္ေလး ရဲ႕ ရွပ္အကၤ်ီကို မလႊတ္ဘဲ ဘတ္စ္ကားေပၚက ဆင္းလိုက္တယ္။

” ၃၇၅ ” ဘတ္စ္ကား

သူတို႔ကိုထားၿပီး ေမာင္းထြက္သြားတဲ့ ဘတ္စ္ကား ကိုၾကည့္ၿပီး အဘြားအိုက အသက္ျပင္းျပင္း ရႉလိုက္တယ္ ။

လူငယ္က..

“ ရဲစခန္းဘယ္မွာလဲ ” လို႔ စိတ္ဆိုးဆိုး နဲ႕ ေအာ္လိုက္တယ္။

အဘြားအို က..

” ေကာင္ေလး …မ င္းရဲ႕ အသက္ ကို ငါ ကယ္လိုက္တာ”

လူငယ္ဟာ နားမလည္နိုင္ေလာက္ေအာင္ျဖစ္ သြားတယ္။

အဘြားအိုက..

“ ကားေပၚ ေနာက္တက္လာ တဲ့ လူ ၃ ေယာက္ ကလူေတြ မဟုတ္ဘူး။ တေစၦေတြဟဲ့ ”

“ဗ်ာ..?”

လူငယ္က..

“အဘြားႀကီး .. တကယ့္ ကို စိတ္မမွန္ ပါလား” လို႔ စိတ္ဆိုးဆိုး နဲ႕လွည့္ထြက္သြားေတာ့တယ္။

“ ေဟ့၊ ခဏေနဦး.. မင္းမယုံဘူး မဟုတ္လား..သူတို႔ဘတ္စ္ကားေပၚတက္လာကတည္းက ငါသံသယ ရွိတယ္။ ဒါေၾကာင့္သူ တို႔ကို ငါ မသိမသာၾကည့္ေနတာ။ ျပတင္းေပါက္ကေန ေလတိုက္ေတာ့ သူတို႔ အကၤ်ီအရွည္ႀကီး လန္သြား တယ္။ သူတို႔မွာေျခေထာက္ေတြ မရွိဘူးဆိုတာ ငါသိလိုက္ ရတယ္။”

လူငယ္ဟာ မ်က္လုံးျပဴးၿပီး ပါးစပ္အေဟာင္းသားျဖစ္သြားတယ္ ။ စကားလုံးတစ္လုံး မွ မေျပာနိုင္..။

အဘြားအိုက..

“ မင္းဘာလုပ္ေနတာလဲ ။ ရဲစခန္းသြားၿပီး အေၾကာင္းၾကားရေအာင္ ”

သူတို႔ ရဲတိုင္ေပမဲ့ ဘယ္သူက ယုံမွာလဲ…။ လူငယ္လည္း သိပ္မယုံဘူး ။

ေနာက္တစ္ေန႕ ..

ဘတ္စ္ကား ၃၇၅ ယာဥ္ေမာင္း နဲ႕ အမ်ိဳးသမီးလက္မွတ္ေရာင္း ေပ်ာက္ဆုံးေနေၾကာင္း သတင္းထဲ ပါလာတာပဲ။ ေဘဂ်င္းၿမိဳ႕ ညေနသတင္းက လူငယ္နဲ႕ အဘြားအိုကို တိုက္ရိုက္ေတြ႕ဆုံေမးျမန္းၿပီး ႐ုပ္ျမင္သံၾကားမွာ လႊင့္လိုက္တယ္။ အဲဒီ ထိတ္လန႔္ဖြယ္ေကာင္း တဲ့ သတင္းဟာ လ်င္လ်င္ျမန္ျမန္ပဲ ပ်ံ့ႏွံ႕သြားတယ္ ။

အဲဒီတုန္းက ေဘဂ်င္းၿမိဳ ရဲ႕ အမွတ္ ၃၇၅ ဘတ္စ္ကားေပ်ာက္ဆုံးတဲ့ အေၾကာင္း ဟာ ေဘဂ်င္းၿမိဳ႕ကလူေတြ မသိတဲ့သူ မရွိသေလာက္ပဲ ။

တတိယေျမာက္ေန႕ မွာ Xiangshan က ကီလိုမီတာ ၁၀၀ ေက်ာ္ေ ဝးတဲ့ ( ကားေမာင္းရင္ ၂ နာရီ) Miyun ေရေလွာင္ကန္နားမွာ ေပ်ာက္ဆုံးေနတဲ့ ဘတ္စ္ကားကို ရဲေတြက ရွာေတြ႕ ခဲ့..။

ပထမအခ်က္က ဘတ္စ္ကားဟာ တစ္ေန႕လုံးခရီးသြားၿပီးတာေၾကာင့္ ေနာက္ထပ္ ကီလိုမီတာ ၁၀၀ ေက်ာ္ ဆက္သြား ဖို႔ ဓာတ္ဆီ အလုံအေလာက္မရွိပါ။

ဘတ္စ္ကားထဲက ေလာင္စာဆီဟာ ဓာတ္ဆီ မဟုတ္ဘဲ အမည္းေရာင္ ပ်စ္ပ်စ္အရည္ ( တိရစာၦန္ေသြး နဲ႕ လူေသြး ေရာထားတယ္လို႔ ထင္ရတဲ့ အရည္) ေတြနဲ႕ျပည့္ေန။

ဘတ္စ္ကား ေမာင္သမား လက္မွတ္ေရာင္းတဲ့ေကာင္မေလး ေယာက္်ားတစ္ေယာက္ အေလာင္း ၃ ေလာင္းေတြ႕ရၿပီး အေလာင္းေတြဟာ ႏွစ္ရက္ေတာင္မျပည့္ေသးဘူး … အလြန္ပဲ ပုပ္သိုးပ်က္စီးေနတယ္ ။(ေႏြရာသီလည္း မဟုတ္) လူ႐ုပ္မေပၚ၊ ဘယ္သူမွန္း ေသခ်ာမသိ။

ရဲေတြက ဘတ္စ္ကားျပန္ေတြ႕တဲ့ Miyun အထိ ကင္မရာ (traffic monitors) ေတြ ကို စစ္ၾကည့္ေတာ့ ထူးထူးဆန္းဆန္း အဲဒီ ဘတ္စ္ကားျဖတ္သြားတာ မေတြ႕ရ ။

ဒီအေၾကာင္း ကို ေျဖရွင္းခ်က္မေပးနိုင္ခဲ့ ။ ေဘဂ်င္းၿမိဳ ႕မွာ ဒ႑ာရီတစ္ခု လို က်န္ရစ္တယ္။ ေနာက္ပိုင္း ဘတ္စ္ကားကိုတားတာ အနီေရာင္၀တ္စုံ အမ်ိဳးသားေတြ အစား….အျဖဴေရာင္ဝတ္စုံမိန္းကေလး… ဆိုၿပီး ဒ႑ာရီပုံျပင္ ျဖစ္သြား တယ္ ။

ဒီအျဖစ္အပ်က္ ကို ရဲေတြဘက္ကေတာ့ လွ်ို႔ဝွက္ဆန္းၾကယ္ တဲ့ လူသတ္မႈတစ္ခု နဲ႕ ဆက္စပ္ေနတယ္ လို႔ ေကာက္ခ်က္ခ်တယ္။ သတိလစ္ေမ့ေျမာေနတဲ့သူဟာ ေသေနၿပီး ေဘးကလူႏွစ္ေယာက္ဟာ အမွန္တက ယ္လူသတ္သမားေတြ လို႔ ခန့္မွန္းၾကတယ္ ။

ယာဥ္ေမာင္း နဲ႕ လက္မွတ္ေရာင္း အမ်ိဳးသမီး ထပ္ၿပီးေသဆုံးခဲ့ရတာ စိတ္မေကာင္းစရာေပါ့။ လူသတ္သမားေတြကို ရဲေတြဘက္က အခ်ိန္အေတာ္ၾကာၾကာရွာေဖြခဲ့ၾကေပမဲ့ ခိုင္မာတဲ့သက္ေသမရွိလို႔ ဆိုတယ္။

ကမာၻေပၚမွာ ေလလုံတဲ့နံရံမ ရွိဘူးတဲ့။ တစ္စုံတစ္ဦး ကေတာ့ အမွန္တရားကို သိေနမွာပါ။

ဘတ္စ္ ၃၇၅ လမ္းေၾကာင္း လည္း ေျပာင္းလိုက္တယ္ ။ ဘတ္စ္ကားနံပါတ္ကိုလည္းေျပာင္း လိုက္တယ္။ ေနာက္ဆုံးဘတ္စ္ကားကို ည ၉ နာရီလို႔ သတ္မွတ္ခဲ့ၾကတယ္။

ေဘဂ်င္း ရဲ႕ တကယ့္ျဖစ္ရပ္မွန္ နာမည္ႀကီး သရဲတေစၦဇာတ္လမ္း တစ္ပုဒ္ျဖစ္တယ္ ။ ဒါရိုက္တာ Wang Huanwu က ၂၀၁၅ မွာ အဲဒီအေၾကာင္းကို ႐ုပ္ရွင္ရိုက္ၿပီး ၂၀၁၆ မွာ ႐ုံတင္ခဲ့တယ္။ ႐ုပ္ရွင္ရိုက္ေနတုန္း ႐ုပ္ရွင္ထဲမွာ မပါတဲ့သူေတြရဲ႕ ပုံေတြပါေနတာကို အံ့ဩစြာေတြ႕ခဲ့ရတယ္…။

မဂၤလာေဆာင္ဝတ္စုံ အနက္ ဝတ္ထားတဲ့ ေယာက္်ား နဲ႕ မိန္းမတစ္ေယာက္..။

(Beijing 375 Last Bus Movie – 北京375末班车电影 )

၂၀၀၇ ခုႏွစ္ေလာက္ကစၿပီး ဘတ္စ္ ၃၇၅ ေကာလာဟလေတြ ထပ္ၿပီး အင္တာနက္ေပၚပ်ံ့ႏွံ႕လာတယ္။ ႐ုပ္ရွင္ရိုက္ လိုက္ေတာ့ ေဘဂ်င္းၿမိဳ႕သားေတြကို ထပ္ၿပီးသတိေပး သလိုျဖစ္သြားတယ္။

တခ်ိဳ႕ကိစၥေတြဟာ ဘယ္ေတာ့မွ ေျဖရွင္းလို႔မရတဲ့အခါ ဒ႑ာရီတစ္ခုလို ျဖစ္သြားတတ္တယ္တဲ့..။ ၁၉၉၅၊ နိုဝင္ဘာ ၁၄ ရက္ ညသန္းေခါင္မွာ ၃၇၅ ဘတ္စ္ကား ႐ုတ္တရက္ေပ်ာက္သြားတာေတာ့ အမွန္ပဲ။

ေဘဂ်င္းၿမိဳ႕သားေတြ ဆို ဒီအေၾကာင္း သိၾကတယ္ ။

မေ႐ႊမိုး ( ကိုရီးယား )
July 5th,2020.

Unicode

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ည..။

တရုတ်နိုင်ငံ၊ ဘေဂျင်း..။

ညဥ့်အရမ်းနက်ပြီး ဆောင်းရာသီက အေးခဲလှတဲ့အပြင် လေက အရမ်းပြင်းထန်နေတယ်။ ဘတ်စ်ကား တစ်စင်း ဟာ ယွမ်မင်ယွမ် (Yuanmingyuan ) ဘတ်စ်ကားဂိတ်က တဖြည်းဖြည်းထွက်ခွာ လာတယ် ။ အဲဒီကားက Xiangshan ဘတ်စ်ကားဂိတ်အထိ သွားမယ့် ၃၇၅ ဘတ်စ်ကားဖြစ် တယ် ။

ဘတ်စ်ကားပေါ် မှာ ယာဉ်မောင်း နဲ့ လက်မှတ်ရောင်းသူ အမျိုးသမီးငယ် တစ်ဦး။

ဒါ ဒီည ရဲ့နောက်ဆုံးဘတ်စ်ကားပဲ ။ ပထမဆုံး မှတ်တိုင် (South Gate Bus Station of Yuanmingyuan) မှာရပ်လိုက်တော့ ခရီးသည် ၄ ယောက်တက်လာတယ်။

လူငယ်စုံတွဲ တစ်တွဲ၊ အဘွားအို တစ်ဦး ၊ လူငယ် တစ်ဦး ၊ သူတို့ဘတ်စ်ကားပေါ်တက်ပြီးတဲ့ အခါ၊ လူငယ်စုံတွဲဟာ ကားမောင်းသူ အနောက်ဘက် နှစ်တန်းမြောက်က နှစ်ယောက်ထိုင်ခုံ ( double-row seat ) မှာတွဲ ထိုင်တယ်။ လူငယ်နဲ့ အဘွားအိုက ဘတ်စ်ကားရဲ့ ရှေ့တံခါးအနီးက ညာဘက်ခြမ်း (the single-row seat ) မှာရှေ့နောက်ဆင့်ပြီးထိုင်ကြ တယ်။

” ၃၇၅ ” ဘတ်စ်ကား

ညဟာ အေးဆေးတည်ငြိမ်နေပြီး ဘတ်စ်ကားအင်ဂျင် ရဲ့ဟောက်သံလောက် ပဲ ကြားနေ ရတယ်။ ဘေးကဖြတ်သန်းသွားတဲ့ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေကိုတော့ မမြင်ရ လောက်အောင်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘေဂျင်းမြို့ရဲ့ နိုဝင်ဘာလ ညဥ့်နက်ပိုင်းတွေဟာ အရမ်းအေးပြီး မြူတွေကျကာ မှောင်မိုက်လေ့ရှိတယ်။

ဘတ်စ်ကား ဟာ ဝေးလံခေါင်ဖျားတဲ့ဆင်ခြေဖုံးနေရာတွေ ကို ဖြတ်သွားတဲ့ ကားမို့..။

( အဲ့ဒီတုန်း က ၃၇၅ ဘတ်စ်ကားသွားရာ လမ်းကြောင်း ဟာ အလွန်ဝေးလံသောဒေသများ ကို ဖြတ်သန်းမောင်းနှင် ရတယ်။ )

ဘတ်စ်ကားဟာ ရှေ့ဆက်မောင်းခဲ့..။

ဘတ်စ်ကားက နောက်မှတ်တိုင်ဖြစ် တဲ့ (Beigongmen) ကားမှတ်တိုင်ကိုဖြတ် သွားတယ် ။ ကားမှတ်တိုင်မှာ လူတစ်ယောက်မှမရှိ။ ဒါကြောင့် မရပ်တော့ဘဲ ဆက်မောင်း လိုက်တယ်။ ယာဉ်မောင်းဟာ ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ် ညည်းတွားလိုက်တယ်။

“ အိုး ရှေ့မှာ လူတွေပါလား ။ ဘာတွေလဲ..။ မှောင်လိုက်တာ။ ဒီတစ်ခါ အမှောင်ကတော့ ကျွန်တော် သရဲတစ်ကောင် ကို တောင်မြင်နိုင်မှာမ ဟုတ်ဘူး ။ ဒီနေ့တော့ ငရဲပဲ ။ ဒီလူတွေ ဘာလုပ်နေလဲ မသိ ”

” ၃၇၅ ” ဘတ်စ်ကား

ဘတ်စ်ကားက သူတို့ နဲ့ နီးလာတော့ .. မီတာ ၁၀၀ လောက် အကွာအဝေးက အရိပ် ၂ ခုဟာ ဘတ်စ်ကား ကို အသည်းအသန်တားနေတာ ကို ကားပေါ်ကလူတွေ အကုန်မြင် လိုက်ရတယ်။ လက်မှတ်ရောင်းသူ ကောင်မလေးက..

“ရပ်ပေးလိုက်ပါ။ အပြင်မှာရာသီဥတု အရမ်းအေးနေတာ.. ပြီးတော့ ကျွန်မတို့ကားက နောက်ဆုံးဘတ်စ်ကား မဟုတ်လား…?”

( အဲဒီအချိန် တုန်း က Yuanmingyuan-Xiangshan Road section မှာ အဲဒီ ၃၇၅ ဘတ်စ်ကားပဲ ရှိတယ် ။ တက္ကစီတွေလည်း အဲဒီလိုဝေးလံခေါင်ဖျားတဲ့ လမ်းကိုမပြေးနိုင်ဘူး..။)

မှတ်တိုင်မဟုတ်ဘဲ ရပ်တာ တရားမဝင်ပေမဲ့ ကြင်နာတတ် တဲ့ ဘတ်စ်ကားမောင်းသမားက ကားရပ်ပေး လိုက်တယ်။

ဘတ်စ်ကားပေါ် တက်လာတာ သူတို့ထင်တဲ့ အတိုင်း လူနှစ်ယောက် မဟုတ်ပါ။ လူသုံးယောက်ဖြစ်နေတယ် ။ဘာဖြစ်လို့လဲဆိုတော့ လူနှစ်ဦးရဲ့ကြားမှာ နောက်လူတစ်ယောက် ရှိနေသေးလို့ပဲ ။

အလယ်ကလူဟာ သူရဲ့ဦးခေါင်းကို ငိုက်စိုက် ချထားတယ်။

ကျန်တဲ့ ၂ ယောက်ကတော့ ဟိုးရှေးရှေးတုန်း က အင်္ကျီအရှည် (Qing Dynasty 1644-1911 ခေတ်က) ကို ခြေထောက်ဖုံးတဲ့ အထိ ဝတ်ထားတယ်။ မျက်နှာတွေမှာ မိတ်ကပ်ဖြူဖြူတွေ လိမ်းထား သလို..။ လူတွေက အခြေအနေ ကို ကြောက်လန့်သွားကြတယ်။

ကားမောင်းသူ ကလည်း ကွက်ကြည့်၊ ကွက်ကြည့်နဲ့ ဘတ်စ်ကား ကို ရှေ့ဆက်မောင်းခဲ့..။ အမျိုးသမီး လက်မှတ်ရောင်းသူက အားလုံးစိတ်သက်သာရာရအောင် ဒီလိုစကား စတယ်။

“ ဒီနား အနီးတစ်ဝိုက် မှာ အဲဒီလိုဝတ်စုံတွေ ဝတ်ပြီး ရုပ်ရှင်ရိုက်ကြသလား ပဲနော်..။အဝတ်အစားလဲဖို့ အချိန်မရကြဘူးလား ရှင့် ? အလယ်က တစ်ယောက် အရမ်းသောက်လာတယ် ထင်ပါ့။ “

“…….”

သူမပြောတာ ကို လူတိုင်းနားထောင်နေတယ် ။ အားလုံးငြိမ်သက်ပြီး အသံတစ်သံ မှ တုန့်ပြန်ထွက်မလာ။ လက်မှတ်ရောင်း မိန်းမပျိုလေးက ခေါင်းကိုလှည့်ကြည့်ပြီး နောက်ဆုံးတန်းမှာ ထိုင်နေတဲ့ လူသုံးယောက် ကို လေးလေးနက်နက်ကြည့် လိုက်တယ်။

ဘာ လို့ စကားမပြန်တာလဲ ဆိုတဲ့ အကြည့်နဲ့ပေါ့..။

” ၃၇၅ ” ဘတ်စ်ကား

ကားကရှေ့ဆက်လက်မောင်း .. ဘတ်စ်ကားက ပြတင်းပေါက်က လေတိုက်သံတွေ တဝူးဝူး နဲ့…။

မှတ်တိုင်သုံးခု…လေးခု….ကျော်ဖြတ်။

ဘတ်စ်ကားတစ်ခုလုံး တိတ်ဆိတ်နေဆဲ…။ ရှေ့မှတ်တိုင်ကျတော့ လူငယ်စုံတွဲဟာ ဘတ်စ်ကားပေါ်က ဆင်းသွားတယ်..။ ယာဉ်မောင်းနဲ့ စပယ်ယာအမျိုးသမီးလေးဟာ တိတ်ဆိတ်မှုကို ဖြိုခွင်းတဲ့အနေနဲ့ စကားစမြည်ပြောပြီး ရယ်မောကြ တယ်။

အဲဒီအချိန်ပေါ့..။

အဘွားအိုက ရုတ်တရက် မတ်တပ်ထရပ် လိုက်တယ်။

အရှေ့မှာထိုင်နေတဲ့ လူငယ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး

“ သူခိုးဗျို့… သူခိုး!!!”

လို့ အဘွားကြီး က ရူးသွပ်စွာအော် ဟစ်လိုက်တယ်။

လူငယ်က ကြောင်တောင်တောင် နဲ့ အဘွားကြီးကိုကြည့်တယ် ။ အဘွားကြီးက အသက်ကြီးနေပြီ..စိတ်မမှန်ဘူးထင် ပါရဲ့ လို့ တွေးမိတယ်။ အဘွားကြီးက မရပ်.. ဆက်တိုက်အော်နေတယ်။

ကားပေါ်မှာ အပြေးတစ်ပိုင်း ထရပ်ပြီး စွပ်စွဲနေ တဲ့ အမျိုးသမီးအိုကြီး ကို ကြည့်နေရင်း အဲဒီလူငယ်ဟာ ဒေါသထွက် လာတယ်။ အဘွားအိုက ပိုဆိုးတယ်။ လူငယ်ကိုအော်ငေါက်ရုံမက လက်ဝဲလက်နဲ့ လူငယ်ရဲ့ ရှပ်အင်္ကျီလည်ပင်းကော်လာကို ဆုပ်ကိုင် လိုက်တယ်။ လူငယ်ဟာ ပြောမပြနိုင်လောက်အောင်ဒေါသထွက်သွားတာပေါ့ ။

အဘွားအိုက..

“ရှေ့မှတ်တိုင်မှာရပ်၊ အဲဒီနားမှာ ရဲစခန်းရှိတယ်”

“ ဒါဆို ရဲစခန်းသွားမယ်ဗျာ ။ ကျွန်တော်တို့ အမှန်တရားကို ဖော်ထုတ်ရမှာပေါ့”

ဘတ်စ်ကားက မှတ်တိုင် မှာ ရပ်တန့်သွားတယ်။

အဘွားအို က လူငယ်လေး ရဲ့ ရှပ်အင်္ကျီကို မလွှတ်ဘဲ ဘတ်စ်ကားပေါ်က ဆင်းလိုက်တယ်။

” ၃၇၅ ” ဘတ်စ်ကား

သူတို့ကိုထားပြီး မောင်းထွက်သွားတဲ့ ဘတ်စ်ကား ကိုကြည့်ပြီး အဘွားအိုက အသက်ပြင်းပြင်း ရှူလိုက်တယ် ။

လူငယ်က..

“ ရဲစခန်းဘယ်မှာလဲ ” လို့ စိတ်ဆိုးဆိုး နဲ့ အော်လိုက်တယ်။

အဘွားအို က..

” ကောင်လေး …မ င်းရဲ့ အသက် ကို ငါ ကယ်လိုက်တာ”

လူငယ်ဟာ နားမလည်နိုင်လောက်အောင်ဖြစ် သွားတယ်။

အဘွားအိုက..

“ ကားပေါ် နောက်တက်လာ တဲ့ လူ ၃ ယောက် ကလူတွေ မဟုတ်ဘူး။ တစ္ဆေတွေဟဲ့ ”

“ဗျာ..?”

လူငယ်က..

“အဘွားကြီး .. တကယ့် ကို စိတ်မမှန် ပါလား” လို့ စိတ်ဆိုးဆိုး နဲ့လှည့်ထွက်သွားတော့တယ်။

“ ဟေ့၊ ခဏနေဦး.. မင်းမယုံဘူး မဟုတ်လား..သူတို့ဘတ်စ်ကားပေါ်တက်လာကတည်းက ငါသံသယ ရှိတယ်။ ဒါကြောင့်သူ တို့ကို ငါ မသိမသာကြည့်နေတာ။ ပြတင်းပေါက်ကနေ လေတိုက်တော့ သူတို့ အင်္ကျီအရှည်ကြီး လန်သွား တယ်။ သူတို့မှာခြေထောက်တွေ မရှိဘူးဆိုတာ ငါသိလိုက် ရတယ်။”

လူငယ်ဟာ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ် ။ စကားလုံးတစ်လုံး မှ မပြောနိုင်..။

အဘွားအိုက..

“ မင်းဘာလုပ်နေတာလဲ ။ ရဲစခန်းသွားပြီး အကြောင်းကြားရအောင် ”

သူတို့ ရဲတိုင်ပေမဲ့ ဘယ်သူက ယုံမှာလဲ…။ လူငယ်လည်း သိပ်မယုံဘူး ။

နောက်တစ်နေ့ ..

ဘတ်စ်ကား ၃၇၅ ယာဉ်မောင်း နဲ့ အမျိုးသမီးလက်မှတ်ရောင်း ပျောက်ဆုံးနေကြောင်း သတင်းထဲ ပါလာတာပဲ။ ဘေဂျင်းမြို့ ညနေသတင်းက လူငယ်နဲ့ အဘွားအိုကို တိုက်ရိုက်တွေ့ဆုံမေးမြန်းပြီး ရုပ်မြင်သံကြားမှာ လွှင့်လိုက်တယ်။ အဲဒီ ထိတ်လန့်ဖွယ်ကောင်း တဲ့ သတင်းဟာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားတယ် ။

အဲဒီတုန်းက ဘေဂျင်းမြို ရဲ့ အမှတ် ၃၇၅ ဘတ်စ်ကားပျောက်ဆုံးတဲ့ အကြောင်း ဟာ ဘေဂျင်းမြို့ကလူတွေ မသိတဲ့သူ မရှိသလောက်ပဲ ။

တတိယမြောက်နေ့ မှာ Xiangshan က ကီလိုမီတာ ၁၀၀ ကျော်ေ ဝးတဲ့ ( ကားမောင်းရင် ၂ နာရီ) Miyun ရေလှောင်ကန်နားမှာ ပျောက်ဆုံးနေတဲ့ ဘတ်စ်ကားကို ရဲတွေက ရှာတွေ့ ခဲ့..။

ပထမအချက်က ဘတ်စ်ကားဟာ တစ်နေ့လုံးခရီးသွားပြီးတာကြောင့် နောက်ထပ် ကီလိုမီတာ ၁၀၀ ကျော် ဆက်သွား ဖို့ ဓာတ်ဆီ အလုံအလောက်မရှိပါ။

ဘတ်စ်ကားထဲက လောင်စာဆီဟာ ဓာတ်ဆီ မဟုတ်ဘဲ အမည်းရောင် ပျစ်ပျစ်အရည် ( တိရစ္ဆာန်သွေး နဲ့ လူသွေး ရောထားတယ်လို့ ထင်ရတဲ့ အရည်) တွေနဲ့ပြည့်နေ။

ဘတ်စ်ကား မောင်သမား လက်မှတ်ရောင်းတဲ့ကောင်မလေး ယောက်ျားတစ်ယောက် အလောင်း ၃ လောင်းတွေ့ရပြီး အလောင်းတွေဟာ နှစ်ရက်တောင်မပြည့်သေးဘူး … အလွန်ပဲ ပုပ်သိုးပျက်စီးနေတယ် ။(နွေရာသီလည်း မဟုတ်) လူရုပ်မပေါ်၊ ဘယ်သူမှန်း သေချာမသိ။

ရဲတွေက ဘတ်စ်ကားပြန်တွေ့တဲ့ Miyun အထိ ကင်မရာ (traffic monitors) တွေ ကို စစ်ကြည့်တော့ ထူးထူးဆန်းဆန်း အဲဒီ ဘတ်စ်ကားဖြတ်သွားတာ မတွေ့ရ ။

ဒီအကြောင်း ကို ဖြေရှင်းချက်မပေးနိုင်ခဲ့ ။ ဘေဂျင်းမြို့မှာ ဒဏ္ဍာရီတစ်ခု လို ကျန်ရစ်တယ်။ နောက်ပိုင်း ဘတ်စ်ကားကိုတားတာ အနီရောင်ဝတ်စုံ အမျိုးသားတွေ အစား….အဖြူရောင်ဝတ်စုံမိန်းကလေး… ဆိုပြီး ဒဏ္ဍာရီပုံပြင် ဖြစ်သွား တယ် ။

ဒီအဖြစ်အပျက် ကို ရဲတွေဘက်ကတော့ လျှို့ဝှက်ဆန်းကြယ် တဲ့ လူသတ်မှုတစ်ခု နဲ့ ဆက်စပ်နေတယ် လို့ ကောက်ချက်ချတယ်။ သတိလစ်မေ့မြောနေတဲ့သူဟာ သေနေပြီး ဘေးကလူနှစ်ယောက်ဟာ အမှန်တက ယ်လူသတ်သမားတွေ လို့ ခန့်မှန်းကြတယ် ။

ယာဉ်မောင်း နဲ့ လက်မှတ်ရောင်း အမျိုးသမီး ထပ်ပြီးသေဆုံးခဲ့ရတာ စိတ်မကောင်းစရာပေါ့။ လူသတ်သမားတွေကို ရဲတွေဘက်က အချိန်အတော်ကြာကြာရှာဖွေခဲ့ကြပေမဲ့ ခိုင်မာတဲ့သက်သေမရှိလို့ ဆိုတယ်။

ကမ္ဘာပေါ်မှာ လေလုံတဲ့နံရံမ ရှိဘူးတဲ့။ တစ်စုံတစ်ဦး ကတော့ အမှန်တရားကို သိနေမှာပါ။

ဘတ်စ် ၃၇၅ လမ်းကြောင်း လည်း ပြောင်းလိုက်တယ် ။ ဘတ်စ်ကားနံပါတ်ကိုလည်းပြောင်း လိုက်တယ်။ နောက်ဆုံးဘတ်စ်ကားကို ည ၉ နာရီလို့ သတ်မှတ်ခဲ့ကြတယ်။

ဘေဂျင်း ရဲ့ တကယ့်ဖြစ်ရပ်မှန် နာမည်ကြီး သရဲတစ္ဆေဇာတ်လမ်း တစ်ပုဒ်ဖြစ်တယ် ။ ဒါရိုက်တာ Wang Huanwu က ၂၀၁၅ မှာ အဲဒီအကြောင်းကို ရုပ်ရှင်ရိုက်ပြီး ၂၀၁၆ မှာ ရုံတင်ခဲ့တယ်။ ရုပ်ရှင်ရိုက်နေတုန်း ရုပ်ရှင်ထဲမှာ မပါတဲ့သူတွေရဲ့ ပုံတွေပါနေတာကို အံ့ဩစွာတွေ့ခဲ့ရတယ်…။

မင်္ဂလာဆောင်ဝတ်စုံ အနက် ဝတ်ထားတဲ့ ယောက်ျား နဲ့ မိန်းမတစ်ယောက်..။

(Beijing 375 Last Bus Movie – 北京375末班车电影 )

၂၀၀၇ ခုနှစ်လောက်ကစပြီး ဘတ်စ် ၃၇၅ ကောလာဟလတွေ ထပ်ပြီး အင်တာနက်ပေါ်ပျံ့နှံ့လာတယ်။ ရုပ်ရှင်ရိုက် လိုက်တော့ ဘေဂျင်းမြို့သားတွေကို ထပ်ပြီးသတိပေး သလိုဖြစ်သွားတယ်။

တချို့ကိစ္စတွေဟာ ဘယ်တော့မှ ဖြေရှင်းလို့မရတဲ့အခါ ဒဏ္ဍာရီတစ်ခုလို ဖြစ်သွားတတ်တယ်တဲ့..။ ၁၉၉၅၊ နိုဝင်ဘာ ၁၄ ရက် ညသန်းခေါင်မှာ ၃၇၅ ဘတ်စ်ကား ရုတ်တရက်ပျောက်သွားတာတော့ အမှန်ပဲ။

ဘေဂျင်းမြို့သားတွေ ဆို ဒီအကြောင်း သိကြတယ် ။

မရွှေမိုး ( ကိုရီးယား )
July 5th,2020.

Add a Comment

Your email address will not be published. Required fields are marked *