အမေရိကန် စစ်သဘောင်္တစ်စင်း ထူးဆန်းစွာ မီးလောင်ပေါက်ကွဲ ၊ အကြောင်းရင်းမသိရသေး…( ရုပ်သံပါ )

အေ မရိကန်နိုင်ငံ ဆန်ဒီယေဂိုမြို့ ရှိ ရေတပ် အခြေစိုက် စခန်း တစ်ခုက သင်္ဘော တစ်စီးပေါ် မှာ အခုလ( ၁၂ ) ရက် မနက်ပိုင်း က မီးလောင်ပေါက်ကွဲမှုဖြစ်ပွား ခဲ့တာကြောင့် လူ(၂၁) ဦး ဒဏ်ရာရရှိသွားတယ် လို့ အမေရိကန်ရေ တပ်အာဏာ ပိုင်တွေက ထုတ်ပြန်ပြောဆို ပါတယ်။

အမေရိကန် စစ်သဘောင်္တစ်စင်း ထူးဆန်းစွာ မီးလောင်ပေါက်ကွဲ

ဒဏ်ရာရခဲ့သူတွေ ဟာ သင်္ဘော အမှုထမ်း( ၁၇ )ဦး နဲ့ အရပ်သား(၄)ဦးဖြစ်ကြပြီး အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဒေသဆေးရုံ ကို ပို့ဆောင်ပေးထားတယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ပေး ပါတယ်။

အမေရိကန် စစ်သဘောင်္တစ်စင်း ထူးဆန်းစွာ မီးလောင်ပေါက်ကွဲ

မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်သမားတွေက မီးကိုထိန်းချုပ်နိုင်ဖို့ကြိုးစားခဲ့ကြပြီး၊ ဖက်ဒရယ်မီးသတ်တပ်ဖွဲ့ကလည်း ရေတပ်မီးသတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ မီးကို ငြှိမ်းသတ်ခဲ့ကြပါတယ်။ သင်္ဘောရဲ့ဘေးပတ်ပတ် လည် ကိုတော့ လုံခြုံမှုရှိအောင် ထိန်းချုပ်နိုင်ပြီလို့ တာဝန်ရှိသူတွေက ပြော ပါတယ်။

အမေရိကန် စစ်သဘောင်္တစ်စင်း ထူးဆန်းစွာ မီးလောင်ပေါက်ကွဲ

ပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မသိရသေးဘဲ၊ အစောပိုင်း သတင်းထုတ်ပြန်ချက်တွေ အရကတော့ သီးသန့်ခွဲထားတဲ့အခန်းက အပူရှိန်တက်ပြီး စတင်ပေါက်ကွဲကာ၊ သင်္ဘောအောက်ပိုင်း ပစ္စည်းသိုလောင်ခန်းကနေ မီးစတင်လောင်ကျွမ်းတာ ဖြစ်နိုင်တယ် လို့ ဆိုထားပါတယ်။

မီးလောင်မှုစတင်ဖြစ်ပွားတဲ့ အချိန်မှာ သင်္ဘောပေါ် မှာ လူအယောက် (၁၆၀) ရှိနေကြပြီး၊ သင်္ဘောပေါ်ကနေ အကုန်လုံးလွတ်မြောက်နိုင်ခဲ့တယ် လို့လည်း အမေရိကန်ရေတပ်ဖွဲ့က ပြော ပါတယ် ။

ရုပ်သံကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *